Connect with us

Hi, what are you looking for?

သတင်း

PRF နဲ့ပတ်သက်ပြီး စစ်တပ်ထုတ်ပြန်တာတွေက အလိမ်အညာ​တွေဖြစ်တယ်လို့ ရှင်းလင်း

PRFအပေါ်ပြည်သူတွေရဲယုံကြည်မှုပျက်ပြားစေဖို့နဲ့တော်လှန်ရေးဝင်ငွေလမ်းကြောင်းတွေကိုစစ်တပ်ဖြတ်တောက်ဖို့ကြံစည်တာဖြစ်တယ်လို့ PRF ထုတ်ပြန်

စက်တင်ဘာ-၂၉၊၂၀၂၆။တေဇ/People’s Spring

အမျိုးသားညီညွှတ်ရေးအစိုးရ ကာ‌ကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်(PRF) အဖွဲ့ဝင်တွေရဲ့ အချက်အလက်တွေကို ဖော်ထုတ်နိုင်ခဲ့ပြီး ဖမ်းဆီးခံရသူတွေရှိတယ်ဆိုတဲ့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်က လိမ်လည်ထုတ်ပြန်တာသာဖြစ်တယ်လို့ PRF က ဒီနေ့(စက်တင်ဘာ၂၉)ည သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ကCRPH ၊NUG နဲ့ PDFတွေကိုငွေကြေးထောက်ပံ့‌နေတဲ့ PRF အဖွဲ့ဝင် ၂၇၀၀ ကျော်ရဲ့ အချက်အလက်တွေကို ဖော်ထုတ်နိုင်ခဲ့ပြီး ၂၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ စက်တင်ဘာ ၂၈ ရက်မှာ စစ်တပ်ဝါဒဖြန့်မီဒီယာ​တွေကဆင့်သတင်းထုတ်ပြန်ခဲ့တာပါ။

PRF စတင်ချိန်ကတည်းက ထောက်ပို့တော်လှန်‌ရဲဘော်တွေရဲ့နာမည် ၊လိပ်စာ ၊ဓာတ်ပုံစတဲ့ကိုယ်ရေးအချက်အလက်တွေကို ကောက်ခံခြင်း ၊သိမ်းဆည်းထားခြင်းမရှိဘဲ အဖွဲ့ဝင်မှတ်ပုံတင်ဖို့ အမည်လွဲ နဲ့ အီးမေးလ် အကောင့် တစ်ခုပဲလိုအပ်တာကြောင့် PRF စနစ်ကနေ ဘယ်သူဆိုတာဖော်ထုတ်ဖို့ မဖြစ်နိုင်ဘူးလို့ PRF က ရှင်းပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့်စစ်တပ်က ထောက်ပို့အဖွဲ့ဝင် ၂၇၀၀ ကျော်ရဲ့ အချက်အလက်တွေရရှိထားတယ်ဆိုတာ အခြေအမြစ်မရှိဘူးလို့ တုန့်ပြန်ထားပါတယ်။

“စစ်ကောင်စီက ဖော်ပြထားသော ဖမ်းဆီးမှုများသည် ယခင်လများအတွင်း Wave Money Agent တစ်ဦး၏ စာရင်းများနှင့် အခြားကိစ္စများကို အကြောင်းပြု၍ ဖမ်းဆီးခံရသူများ၏ ဖုန်းများမှ ရရှိသည့် အချက်အလက်များကို စုစည်းကာ PRF နှင့် ဆက်စပ်ပြီး ချဲ့ကားထုတ်ပြန်ခြင်းသာ ဖြစ်ပါသည်။ တော်လှန်ရေးကို ကူညီပံ့ပိုးခဲ့ကြသည့် ပြည်သူများ ဖမ်းဆီးခံရခြင်းအပေါ် PRF အနေဖြင့် လေးနက်စွာ ဝမ်းနည်းစာနာပြီး ၎င်းတို့အတွက်တရားမျှတမှုရရှိရေးဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ပါသည်။” လို့ PRF က ဆိုပါတယ်။

အာဏာသိမ်းစစ်က ဒီလိုစွပ်စွဲမှုတွေပြုလုပ်တဲ့ရည်ရွယ်ချက်က PRF အပေါ်ပြည်သူတွေရဲ့ ယုံကြည်မှုပျက်ပြားစေဖို့ နဲ့ တော်လှန်ရေးရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ဖြစ်တယ်လို့ PRF က သုံးသပ်ထားပါတယ်။

ဒါ့အပြင် လက်ရှိဖမ်းဆီးခံထားရသူတွေကို ထပ်တိုးအမှုဆင်ဖို့ ကြိုးစားတာဖြစ်နိုင်တယ်လို့လည်း​ဆိုပါတယ်။

ဒီဖြစ်စဉ်မှာ ပြည်သူတွေရဲ့ ငွေ‌ကြေးအချက်အလက်တွေကို စစ်ကောင်စီကို ပေးအပ်ခဲ့တဲ့ Wave Money နဲ့ သူတို့ရဲ့ပင်မကုမ္မဏီ ရိုးမဘဏ်ကိုအကြမ်းဖက်မှုမှာအားပေးကူညီတဲ့အဖွဲ့အစည်းတွေအနေနဲ့ ပြင်းထန်စွာ ရှုတ်ချတယ်လို့ PRF က ထုတ်ပြန်ထားပါတယ်။

PRFအနေနဲ့ လုံခြုံရေးအစီအစဉ်တွေကို ဆက်လက်တိုးမြှင့်ဆက်လက်တိုးမြှင့်ဆောင်ရွက်နေပြီး ပြည်တွင်းက တော်လှန်ပြည်သူတွေ အနေနဲ့လည်း ဖုန်းနဲ့ငွေလွှဲမှတ်တမ်းတွေကို အထူးသတိပြုကာလုံခြုံရေးဂရုစိုက်ဖို့တိုက်တွန်းထားပါတယ်။

“ပြည်ပရောက်ပြည်သူများအနေဖြင့် ပြည်တွင်းရှိ ညီအစ်ကိုမောင်နှမများ၏ နေရာကို ဖြည့်ဆည်းကာ ပိုမိုပါဝင်ပံ့ပိုးကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်”လို့ PRF ကဖိတ်ခေါ်ထားပါတယ်။

PRF အစီအစဉ်ကို ၂၀၂၁ ကတည်းက တော်လှန်ရေးရန်ပုံငွေအတွက်စတင်ခဲ့တာဖြစ်ပြီး PRF ရဲ့ တရားဝင် Website ကိုတော့ စက်တင်ဘာ ၇ ရက်နေ့မှာ စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

ဒီWebsite မှာ အဖွဲ့ဝင်တွေရဲ့ အချက်အလက်တွေကို ဖော်ပြထားတာမရှိဘဲ လစဉ်ပါဝင်​ထောက်ပို့နေတဲ့ အဖွဲ့ဝင်အရေအတွက် နဲ့ ရရှိတဲ့ငွေပမာဏတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

ဒါ့အပြင်စစ်တပ်ရဲ့ သတင်းတွေဖော်ပြပေးနေတဲ့ စစ်တပ်ထောက်တိုင်မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ Website အစစ်မဟုတ်ဘဲ စစ်တပ်က ဖန်တီးထားတဲ့ အတုအယောင် Website ဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူဦးနေဘုန်းလတ်က ဒီနေ့ မနက်မှာ သူ့ရဲ့ တွေ့ရှိချက်ကို လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။

စစ်တပ်က စက်တင်ဘာ ၂၈ ရက်မှာ ပြည်သူ ၆၀ကျော်သေဆုံးခဲ့ရတဲ့ ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်ကဈေးကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက် PRF နဲ့ပတ်သက်တဲ့ အကြောင်းအရာကို ထုတ်ပြန်တာက ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တာဖြစ်နိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက သုံးသပ်ထားပါတယ်။

PRF အနေနဲ့ ၂၀၂၁ ဒီဇင်ဘာကနေ ၂၀၂၅ စက်တင်ဘာအထိ ရန်ပုံငွေ အမေရိကန်ဒေါ်လာ သိန်း ၃၀၀ ကျော်ရရှိထားတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက PRF အတွက်ပါဝင်သူ ၁၈၆၁၈ ယောက်ရှိပြီး အမေရိကန်ဒေါ်လာ ၆သိန်းနီးပါးရရှိခဲ့ပါတယ်။ စက်တင်ဘာလမှာလည်း ပါဝင်သူ ၁၆၈၉၄ ယောက်ရှိပြီး အမေရိကန်ဒေါ်လာ ငါးသိန်းခွဲနီးပါး ရရှိထားတယ်လို့ PRF ရဲ့ Website မှာဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ကိုထိရောက်စွာအရေးယူဖို့ ရခိုင်အရပ်ဖက်အဖွဲ့တွေတိုက်တွန်း

သတင်း

နဝတ၊ နအဖ စစ်အစိုးရလက်ထက်ကစစ်ထောက်လှန်းရေးမှာလူသိများတဲ့ ဗိုလ်မှူးကြီးစန်းပွင့်ရဲ့ကျေးရွာဖြစ်တဲ့ ဇကကျေးရွာကို စစ်တပ်စစ်ကြောင်းထိုးပြီး ရွာသား ၂ဦးကို ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်သွားတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အာဏာသိမ်း စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအ​ပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊အင်းလယ်ကြီးရွာကို စစ်တပ်က ယမန်​​နေ့က ဗုံးကြဲခဲ့တာ ကြောင့်အမျိုးသမီး၂ဦး၊ကလေးငယ်၂ဦး စုစု ပေါင်း၄ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

Facebook