Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်စစ်မြေပြင်သတင်းစစ်တပ်ထုတ်ပြန်ချက်မြေပြင်နဲ့ကွဲလွဲနေတယ််လို့ KNU တုံ့ပြန်

ကရင်ပြည်နယ်၊ဖာပွန်မြို့ဆီဦးတည်စစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းဟာဖာပွန်ခရိုင်ထဲကဆင်စွယ်ရွာမှာရောက်ရှိနေပြီဆိုတဲ့ထုတ်ပြန်ချက်ဟာမြေပြင်အခြေအနေနဲ့ကွဲလွဲနေပြီး စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးသာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

(ဖာပွန်ခရိုင်တိုက်ပွဲအတွင်း စစ်တပ်ထံက သိမ်းရတဲ့ လက်နက် ၇လက်။ ဓာတ်ပုံ - KNU-MTD)

အောက်တိုဘာ – ၁​၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Sprijg

ကရင်ပြည်နယ်၊ဖာပွန်မြို့ဆီဦးတည်စစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းဟာဖာပွန်ခရိုင်ထဲကဆင်စွယ်ရွာမှာရောက်ရှိနေပြီဆိုတဲ့ထုတ်ပြန်ချက်ဟာမြေပြင်အခြေအနေနဲ့ကွဲလွဲနေပြီး စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးသာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

ဖာပွန် – ကမမောင်းကားလမ်းပေါ်ကဆင်စွယ်ရွာကိုပြီးခဲ့တဲ့ စက်တင် ဘာလ ၂၇ ရက် ညနေပိုင်းမှာရောက်ရှိတပ်စွဲနိုင်ခဲ့တယ်လို့အာဏာသိမ်းစစ်တပ်က သတင်းထုတ်ပြန်ထားတာပါ။

စစ်တပ်ရဲ့ ထုတ်ပြန်ချက်ဟာ မြေပြင်အခြေအနေနဲ့ကွဲလွဲနေတယ်လို့ ပဒိုစောထိုရော်ဘင်က ဆိုပါတယ်။ မြေပြင်ကအခြေအနေအသေးစိတ်ကိုတော့ သူက မပြောပါဘူး။

Public Service Announcement

Public Service Announcement

“စိတ်ဓာတ်စစ်ဆင်ရေးဆိုတဲ့ပုံစံမျိုးနဲ့ ဒါက သူတို့အလုပ်သူတို့လုပ်နေတာပေါ့နော်” လို့ ပဒိုစောထိုရော်ဘင်က ဆိုပါတယ်။

ဆင်စွယ်ရွာဟာ ဖာပွန်မြို့ နဲ့တော့ ၂၆ မိုင်ခန့်သာဝေးပါတယ်။ ပြီးခဲ့တဲ့ မေလကစတင်ပြီး အာဏာသိမ်းစစ်တပ်ဟာ KNU တပ်မဟာ (၅) နယ်မြေ ဖာပွန်ဆီဦးတည်စစ်ကြောင်းထိုးနေတာဖြစ်ပေမယ့် လေးလကျော်တဲ့အထိ ဖာပွန်မြို့ဆီ မရောက်နိုင်သေးတာပါ။

KNU တပ်မဟာ (၅) နဲ့ ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် စစ်တပ်စစ်ကြောင်း အကျအဆုံးများခဲ့သလို လက်နက်ခဲယမ်းသိမ်းဆည်းရမိတာရှိတယ်လို့ KNU မူတြော်ခရိုင်(ဖာပွန်) က သတင်းထုတ်ပြန်ထားပါတယ်။

ကမမောင်းမြို့ကနေ ဖာပွန်ဆီ စစ်ကြောင်းထိုးတဲ့လေးလကျော်ကြာ ကာလအတွင်း ဒုတပ်ရင်းမှုး အပါအဝင် စစ်သား ၂၀၀ ကျော်ဒဏ်ရာရပြီး ၁၂၅ ဦးသေဆုံးကာ ၃၆ ဦး ထွက်ပြေးကြတယ်လို့ KNU က ဆိုထားပါတယ်။

စစ်တပ်ရဲ့ အကျအဆုံး၊ တပ်ပြေး အရေအတွက်ကိုတော့ People’s Spring က သီးခြားအတည်မပြုပါဘူး။

စစ်တပ်ကလည်း တိုက်ပွဲတွေမှာ အသေအပျောက်နဲ့ ပတ်သက်ပြီး သတင်းအမှောင်ချထားလေ့ရှိပါတယ်။

ဖာပွန်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၊မတ်လအတွင်းမှာ KNU နဲ့ ပူးပေါင်းတပ်က သိမ်းနိုင်ခဲ့ပေမယ့် မြို့တောင်ဘက်မှာရှိတဲ့ စစ်ဗျုဟာတစ်ခု ကျန်ရှိနေတာပါ။

အဲဒီအခြေချစစ်ဗျုဟာကို KNU နဲ့ ပူးပေါင်းတပ် ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေတာဖြစ်ပြီး မြေပြင်က စစ်ကူမပို့နိုင်တော့တာကြောင့် စစ်တပ်က လေကြောင်းကနေ ရိက္ခာနဲ့ခဲယ​မ်းတွေကိုချပေးခဲ့တယ်လို့သိရပါတယ်။

လက်ကျန်ဖာပွန်ဗျုဟာမကျဖို့နဲ့ န​ယ်မြေပြန်လည်စိုးမိုးနိုင်ဖို့အတွက် အာဏာသိမ်းစစ်တပ်ဟာအကျအဆုံးခံပြီး ဖာပွန်ဆီဦးတည်စစ်ကြောင်းထိုးနေတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က ယူဆထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေတိုက်ပွဲမှာ အထိနာ​နေတဲ့စစ်တပ်ဟာ စစ်တွေနဲ့ ထိစပ်နေတဲ့ကျောက်တော်အပါအဝင် ရခိုင်ပြည်နယ်က ၆မြို့နယ်ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးထပ်ကြဲခဲ့တာကြောင့် အရပ်သား ပြည်သူ ၁ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကယ်ဆယ်ရေးကားတွေ အလံဖြူထောင်သွားလာခြင်းမပြုဖို့ တနင်္သာရီတိုင်းစစ်ဌာန မေတ္တာရပ်ခံ

သတင်း

ရေကြီးမြေပြိုမှုတွေဖြစ်နေလို့ လူသေဆုံးမှုတွေရှိနေတဲ့ တနင်္သာရီတိုင်းကဒေသအချို့ကို အာဏာသိမ်းစစ်တပ်က ၂ရက်ဆက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းကို စစ်တပ်က စစ်ကြောင်းထိုးကာ ဒရုန်းနဲ့ ချီပါရွာအနီးကို ဗုံးကြဲတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။