Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်အပါအဝင်ရခိုင် ၆ မြို့နယ်ကို စစ်တပ်က ဗုံးထပ်ကြဲ၊ ၁ ဦးသေပြီး ၁၀ ဦး ဒဏ်ရာရ

စစ်တွေတိုက်ပွဲမှာ အထိနာ​နေတဲ့စစ်တပ်ဟာ စစ်တွေနဲ့ ထိစပ်နေတဲ့ကျောက်တော်အပါအဝင် ရခိုင်ပြည်နယ်က ၆မြို့နယ်ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးထပ်ကြဲခဲ့တာကြောင့် အရပ်သား ပြည်သူ ၁ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

(ဗုံးကြဲခံရပြီးနောက် ကျောက်တော်မြို့နယ်၊သကြားစက်ဘုန်းကြီးကျောင်း မြင်ကွင်း/စက်တင်ဘာ ၃၀ညမှာစစ်တပ်ဗုံးကြဲမှုကြောင့် ပေါက်တောမြို့က ဒဏ်ရာရသွားသူတဦး။ ဓါတ်ပုံ-One Nations News)

အောက်တိုဘာ-၁ ၊၂၀၂၆။ခိုင်မြတ်/People’s Spring

စစ်တွေတိုက်ပွဲမှာ အထိနာ​နေတဲ့စစ်တပ်ဟာ စစ်တွေနဲ့ ထိစပ်နေတဲ့ကျောက်တော်အပါအဝင် ရခိုင်ပြည်နယ်က ၆မြို့နယ်ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးထပ်ကြဲခဲ့တာကြောင့် အရပ်သား ပြည်သူ ၁ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာ၁ရက်၊နေ့လယ်ပိုင်းမှာကျောက်တော်မြို့နယ်၊ဇီးချောင်းဆည်အနီးတဝိုက်၊ သကြားစက်ဘုန်းတော်ကြီးကျောင်း၊ ကျောက်ဖြူမြို့နယ်၊စနဲမြို့အနီးတဝိုက် နဲ့ သံတွဲမြို့ပေါ် အမှတ်(၆)ဗောဓိကုန်းရပ်ကွက်တို့ ကိုစစ်တပ်က ဗုံးကြခဲ့တာ​ကြောင့် သံတွဲမြို့မှ ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

“ကျောက်တော်ကိုထပ်လာကြဲတာ။ ဘယ်လောက်တောင်အငြိုးထားနေလဲမသိ။ဂျက်သုံးစီး၊ Y12 တစ်စီးနဲ့‌တောင် လာကြဲတယ် ၊ အသံတွေဟိန်းပြီးတော့ လိပ်ပြာတောင် စင်မလား မသိဘူး။ ဘုန်းကြီးကျောင်းကိုကျတယ်ပြောတယ်။ အဲဒီကျောင်းမှာလည်း ဘုန်းကြီးတပါးတည်း ရှိတာ။လူလည်း မရှိဘူး” လို့ ကျောက်တော်ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်စက်တင်ဘာလ ၃၀ ရက်နေ့ညမှာလည်း ပေါက်တောမြို့ပေါ်ရပ်ကွက်တွေ၊ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာနဲ့ မြို့အနီးဝန်းကျင်နေရာတွေ၊ ရသေ့တာင်မြို့နယ် ဂူတောင်ကျေးရွာတို့ကိုဗုံးကြဲခဲ့ပါတယ်။

ရသေ့တာင်မြို့နယ်၊ ဂူတောင်ရွာကိုဗုံးကြဲတာ​ကြောင့်ဂူတောင်ရွာမှ အသက် ၅၀ နှစ်အရွယ်ဦးအောင်ထွန်းသိန်း သေဆုံးခဲ့ပြီး အသက် ၄၂ နှစ် အရွယ် ဒေါ်ဝင်းနု ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင်ပုဏ္ဏားကျွန်းမြို့နဲ့ ကျောက်ဆိပ်ရွာကိုဗုံးကြဲတာ​ကြောင့် ရွာမှ ၂၆ နှစ်အရွယ်မခင်ခင်သန်း နဲ့ ပုဏ္ဏားကျွန်းမြို့မှ ၄ နှစ်အရွယ် စစ်ဘေးရှောင် မောင်နေကျော်လင်းတို့ ဒဏ်ရာရခဲ့ပါတယ်။

အလားတူ ပေါက်တောမြို့ပေါ် ဗုံးကြဲတာ​ကြောင့် အသက်၅၄ နှစ်အရွယ် ဒေါ်လှကျော့ယဉ်၊ အသက် ၆၆ နှစ်အရွယ် ဒေါ်မသန်း၊အသက် ၂၆ နှစ်အရွယ် မခင်ခင်ဌေး၊အသက် ၄၃ နှစ်အရွယ် ဒေါ်မနွယ်စိုး နဲ့ အသက် ၄၀နှစ် အရွယ်ဒေါ်မချေတို့လည်းဒဏ်ရာရခဲ့ပါတယ်။

“မနေ့က၉နာရီလောက်ကတည်းက လေယာဉ်တွေ ပတ်ကြဲနေခဲ့တာ။ ပုဏ္ဏားကျွန်းကိုကြဲတယ်။နောက်ရသေ့တောင်ကိုကြဲတယ်။လူတွေကတော့ ဟိုဘက်ကမ်းတွေကို ကြဲနေတာဆိုပြီး သိပ်အလေးမထားကြဘူး။ အဲဒီမှာ ၁၂ နာရီလောက်ကျတော့ ပေါက်တောမြို့ထက်ကိုပါ Y12 နဲ့ လာကြဲသွားတယ်။ ဗုံးအလုံး တဆယ်ကျော်တယ်” လို့ ပေါက်တော်မြို့ပေါ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းမှာ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်ဝါဘိုကျွန်းနဲ့ကွမ်းတောင်ရွာအနီးတိုက်ပွဲအတွင်း အင်အားသုံးဆယ်ဝန်းကျင်ရှိ စစ်ကြောင်းတခုလုံး သေဆုံးခဲ့ပြီးနောက် အရပ်သားလူနေ မြို့ရွာတွေကို ဗုံးပတ်ကြဲနေခဲ့တာဖြစ်ပါတယ်။

“စစ်ကို စစ်နဲ့တူအောင် တိုက်ဖို့လိုတယ်။အခု မင်းအောင်လှိုင်တို့စစ်တပ်လုပ်နေတာက ရွံစရာတော်တော်ကောင်း တယ်။ ဒီကောင်တွေကို ခိုင်နှိုင်းစရာစကားလုံးတောင် မမြင်ဘူး” လို့ရသေ့တာင်မြို့နယ်မှလူငယ်တဦးက ပြောပါ တယ်။

စစ်တပ်စခန်းတွေ လက်လွှတ်၊ အထိနာနေတဲ့ စစ်တပ်ဟာ လေယာဉ်အုပ်လိုက်အသုံးပြုကာ တိုက်ပွဲဆက်စပ် နေရာတွေအပြင် ရခိုင်ပြည်နယ်အတွင်းက အရပ်သားနေရာတွေကိုပါ လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်လုပ်​​နေပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့ရှိကစ္ဆပနဒီတံတားနဲ့အိန္ဒိယစျေးနဲ့ တို့ကို ပေါင်ငါးရာ ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့်ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်၊ အမျိုးသမီး၊ ရိုဟင်ဂျာတွေအပါအဝင်အပြစ် မဲ့အရပ်သားပြည်သူ ၅၀ ထက်မနည်း သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ တန်ပြန်စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေအောက်တိုဘာ ၁ ရက်နေ့အထိ တစ်လခန်အတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ အရပ်သားပြည်သူ ၆၂ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၁၀၆ ဦးထက်မနည်း ရှိ​နေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ရခိုင်ပြည်နယ်ထဲကကျောက်တော်ကိုအာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတယ်။ပြည်သူ ၅၀ ကျော်သေတယ်။ ရှာမရသေးတာ။ အစအနပျောက်သွားတာတွေ ရှိသေးတယ်။ပြည်သူ ၆၀ ကျော်ထိခိုက်ဒဏ်ရာရတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်မြို့ဆီဦးတည်စစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းဟာဖာပွန်ခရိုင်ထဲကဆင်စွယ်ရွာမှာရောက်ရှိနေပြီဆိုတဲ့ထုတ်ပြန်ချက်ဟာမြေပြင်အခြေအနေနဲ့ကွဲလွဲနေပြီး စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးသာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကယ်ဆယ်ရေးကားတွေ အလံဖြူထောင်သွားလာခြင်းမပြုဖို့ တနင်္သာရီတိုင်းစစ်ဌာန မေတ္တာရပ်ခံ

သတင်း

ရေကြီးမြေပြိုမှုတွေဖြစ်နေလို့ လူသေဆုံးမှုတွေရှိနေတဲ့ တနင်္သာရီတိုင်းကဒေသအချို့ကို အာဏာသိမ်းစစ်တပ်က ၂ရက်ဆက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။