Connect with us

Hi, what are you looking for?

News

မယ်ထော်သလေးဒေသသို့ စစ်ကောင်စီတပ် လက်နက်ကြီးများပစ်ခတ်ပြီး အင်အားအလုံးအရင်း ထိုးစစ်ဆင်၍ တိုက်ပွဲဖြစ်​

“သူတို့ လက်နက်ကြီးအဆက်မပြတ်ပစ်တယ်။ ပြီးတော့ အင်အားအလုံးအရင်းနဲ့ ထိုးတာပေါ့။ ထိုးစစ်ပေါ့။ လွန်ခဲ့တဲ့ တစ်နာရီလောက်ကစပြီး တိုက်ပွဲငြိမ်သွားပြီ။လက်ရှိကတော့ ဆိုင်ထားတဲ့အနေအထားပါပဲ”ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ နံနက် ၁၀နာရီခန့်တွင် ပြောသည်။

ဓာတ်ပုံ - KIC

▪️KNUနှင့် ပြည်သူ့ကာကွယ်​ရေးတပ်များ အထိ၊အခိုက်မရှိဟုဆို

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်မြို့သစ်အနီးသို့ စစ်ကောင်စီတပ်က ယနေ့နံနက်တွင် လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ပြီး မြေပြင်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အဆိုပါဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။

ဒီဇင်ဘာ ၁၅ရက်မှစတင်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်စီတပ်များ၏ လေးကေ့ကော်ဒေသ တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ၊ လေကြောင်း ပစ်ကူများစွာ သုံးပြီး တိုက်ခိုက်နေခြင်းဖြစ်သည်။

ဓာတ်ပုံ – KIC

“သူတို့ လက်နက်ကြီးအဆက်မပြတ်ပစ်တယ်။ ပြီးတော့ အင်အားအလုံးအရင်းနဲ့ ထိုးတာပေါ့။ ထိုးစစ်ပေါ့။ လွန်ခဲ့တဲ့ တစ်နာရီလောက်ကစပြီး တိုက်ပွဲငြိမ်သွားပြီ။လက်ရှိကတော့ ဆိုင်ထားတဲ့အနေအထားပါပဲ”ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ နံနက် ၁၀နာရီခန့်တွင် ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့တိုက်ပွဲတွင် KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ကျဆုံးမှုမရှိဟု ဆိုသည်။

“အလားအလာက သူတို့က လက်နက်ကြီးတွေ အရမ်းသုံးတယ် လေကြောင်းတွေသုံးတဲ့အခါမှာ တိုက်ပွဲတွေက ဆက်ပြီးပြင်းထန်မယ့်သဘောရှိတယ်”ဟု ၎င်းက ဆို သည်။

ကရင်သတင်းဌာန KIC၏ ယနေ့နံနက် မယ်ထော်သလေး တိုက်ပွဲ ဖော်ပြချက်တွင် စစ်ကောင်စီတပ်က နံနက် ၄နာရီ ခန့်မှစ၍ တိုက်ပွဲများ ဖြစ်ပွားနေ၊ မြ၀တီမြို့နှင့် သုံးမိုင်အကွာရှိ မေတ္တာ လင်းမြိုင် ရွာအနီး နှင့်ကျောက်လုံးကြီး အနောက်ဘက်ခြမ်းမှနေ၍ လက်နက်ကြီးများဖြင့် မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ လေးကေ့ကော်ဒေသ ဘက်သို့ အဆက်မပြတ် ပ်ခတ်နေခြင်းဖြစ်သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။