Connect with us

Hi, what are you looking for?

ဆောင်းပါး

“ဈေးရောင်းရတာထက် ကျားမြီးသာပြေးဆွဲချင်တယ်”

“ဈေးရောင်းရတာထက် ကျားမြီးသာပြေးဆွဲချင်တယ်”လှ်ိုင်မြို့နယ်မှာ လမ်းဘေးဈေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးက သူမခံစားချက်ကိုပြောပါတယ်။လမ်းဘေးဈေးရောင်းသူတွေ ဈေးခင်းပြီးချိန်မှ အပြာဝတ်​တွေလာပြီဆိုရင်ပြန်သိမ်းရတာအကြိမ်ကြိမ်။

(ရန်ကုန်မြို့ တ​နေရာက လမ်း​ဘေး​ဈေးသည်​တွေနဲ့ စစ်တပ်​လက်​အောက်ခံစည်ပင်ဝန်ထမ်း​တွေ ။ဓါတ်ပုံ-လူထု​နွေဦး )

Zack/People’s Spring

“ပြေးကြ..ပြေးကြ”

ဒီအသံတွေထွက်ပေါ်နေတာက စစ်ဘေးကြောင့် ပြေးနေရတဲ့ ကျေးရွာတွေမှာလို့ထင်ပါသလား။

မဟုတ်ပါဘူး။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်လို့ သတ်မှတ်ထားတဲ့ ရန်ကုန်မြို့မှာဖြစ်နေတာပါ။

ဘာကြောင့်လဲဆိုတော့ အပေါ် အောက် အပြာရောင်တူညီဝတ်စုံတွေ ဝတ်ထားသူတွေ လာတာကြောင့် ဈေးသည်တွေ အချင်းချင်းထွက်ပြေးဖို့သတိပေးနေကြတာပါ။

ရှင်းရှင်းလင်းလင်းပြောပြရရင်တော့ စစ်တပ်လက်အောက်ကနေ ပြည်သူတွေကို အနုနည်းနဲ့ နှိပ်စက်နေတဲ့ စည်ပင်ဝန်ထမ်းတွေပါ။

ဒီဖြစ်စဉ်အစကတော့သမ္မတရာထူကိုမတရားရယူထားတဲ့အာဏာသိမ်းခေါင်းဆောင်ရဲ့စနက်ပါ။သမ္မတရူးမင်းအောင်လှိုငရဲ့ ရက် ၁၀၀ စီမံချက် အကျိုးဆက်ပါ။

ရက် ၁၀၀ စီမံချက်ဆိုတာက ရန်ကုန်မြို့ရဲ့ မြို့နယ်တွေက လမ်းဘေး ဝဲ ၊ ယာတွေမှာ စားဝတ်နေရေးအတွက် ဈေးရောင်းချသူတဲ့ အခြေခံ လူတန်းစားပြည်သူတွေအပေါ် သက်ရောက်မှု အများဆုံးလို့ ပြောရင်လည်းမမှားပါဘူး။

“ဈေးရောင်းရတာထက် ကျားမြီးသာပြေးဆွဲချင်တယ်”လှ်ိုင်မြို့နယ်မှာ လမ်းဘေးဈေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးက သူမခံစားချက်ကိုပြောပါတယ်။လမ်းဘေးဈေးရောင်းသူတွေ ဈေးခင်းပြီးချိန်မှ အပြာဝတ်​တွေလာပြီဆိုရင်ပြန်သိမ်းရတာအကြိမ်ကြိမ်။

ရက် ၁၀၀ စီမံချက်ကာလကစလို့အခုချိန်ထိလမ်းမဘေးက ရေ‌မြောင်းတွေကို ကျော်ပြီးဆိုင်ထွက်ရင် စည်ပင်တွေက သိမ်းမယ်လို့ ကြေညာထားတာပါ။

တချို့ဆိုင်တွေက နေကာအနေနဲ့ သုံးထားတဲ့ အမိုးတွေကိုတောင်လက်မခံပါဘူး။အပြာဝတ်​တွေလာချိန် အမိုးတွေချထားရငဖျက်မှာစိုးတာကြောင့် အမိုးတွေကို တင်လိုက်ချလိုက် လုပ်နေကြတာလည်း အလုပ်တစ်ခုဖြစ်လာပါတယ်။

တစ်ခါတစ်လေဆိုရင် စည်ပင်ကားတွေနဲ့လာပြီး သူတို့သတ်မှတ်ထားတဲ့နေရာကိုကျော်နေလို့ဆိုပြီး ပစ္စည်းမှန်သမျှကောက်တင်သွားကြတာပါ။ဒါကြောင့် လမ်းဘေးမှာ ဈေးရောင်းရသူတွေက ကျီးလန့်စာစား ဖြစ်နေကြတာပါ။

“ဒီခေတ်မှာဈေးရောင်းလို့လည်းမချမ်းသာပါဘူး။ သူတို့ကအကုန်သိမ်းတော့ အရင်းပြုတ်ပြီးပိုဒုက္ခရောက်ရတာပေါ့” လို့ လမ်းဘေးမှာ အသုပ်စုံရောင်းချသူတစ်ဦးကရင်ဖွင့်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး အ​ခြေခံပြည်သူ​တွေစားဝတ်​နေ​ရေးပိုခက်ခဲကျပ်တည်းလာချိန်မှာ ဝမ်းတထွာအတွက် ​ဈေး​ရောင်းတဲ့​ဈေးသည်​တွေဟာ အုပ်ချုပ်​နေတယ်ဆိုတဲ့စစ်အုပ်စုဆီက ဘာအကူအညီမရဘဲ ပိုခက်ခဲကြပ်တည်း​​အောင်သာအလုပ်ခံ​နေရတာပါ ။

ရန်ကုန်ရဲ့ မြို့နယ်တွေက ရပ်ကွက်တိုင်းရဲ့ လမ်းမပေါ်မှာ မနက်တစ်ကြိမ် ညနေတစ်ကြိမ် ဟင်းသီးဟင်းရွက် ၊ သား ငါးကစလို့ တိုလီမိုလီပစ္စည်း ရောင်းချသူတွေရှိကြပါတယ်။

ဒီဈေးသည်တွေက ဈေးတွေထဲအထိမသွားနိုင်တဲ့ ရပ်ကွက်ထဲက ပြည်သူတွေ အတွက်လည်း အားကိုးရာတစ်ခုပါပဲ။

“ရောင်းတဲ့သူတွေတင်မဟုတ်ဘူး။ ဝယ်တဲ့လူတွေပါ အဆင်မပြေဖြစ်တာ” လို့ လှိုင်မြို့နယ်မှာ‌ နေထိုင်သူတစ်ဦးက ‌ ပြောပါတယ်။

ဒါကြောင့် ပြည်သူတွေကိုယ်တိုင်ကစစ်တပ်လက်​အောက်ခံစည်ပင်တွေလာတာမြင်ရင် ဈေးသည်တွေကို သတိပေးတာမျိုးလုပ်ကြပါတယ်။အချင်းချင်းရိုင်းပင်းကြတာပါ။တချို့ပြည်သူ​တွေဆိုရင် ဆိုင်သိမ်းတာ ပစ္စည်းတွေ ရွှေ့တာက အစ ကူညီပေးတာတွေရှိပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေ့စဉ် အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်တပ်ကတော့ ပြည်သူတွေရဲ့ ခက်ခဲမှုတွေကို လျစ်လျူရှုဆဲပါပဲ။စစ်တပ်က နယ်တကာလှည့်ပြီး တိုက်​လေယာဥ်​တွေနဲ့ ဗုံးပတ်ကြဲ ပြည်သူ​တွေကိုသတ်ဖြတ်​နေသလို ရန်ကုန်မြို့မှာလည်း စစ်တပ်လက်​အောက်ခံ စည်ပင်ဝန်ထမ်း​တွေက လမ်း​ဘေး​ဈေးသည်​တွေကို ရက် ၁၀၀ စီမံချက် ဆိုတာစကတည်းက မကြာခဏ နှိပ်ကွပ်​နေပါ​တော့တယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတအရေခြုံထားပေမယ့် လူသတ်ကောင်စရိုက် မပျောက်သေးကြောင်း ကျောက်တော်မြို့ အိန္ဒိယဈေးကို ဗုံးကြဲပြီး သက်သေပြလိုက်ကြောင်း ပြည်သူ့ပန်းတိုင်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အဘိုးအို ၁ဦး သေဆုံးခဲ့ကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

Trending

Facebook