Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အတိုက်အခံတပ်တွေရဲ့ အဓိက မြို့တော်ဆီ အီသီယိုးပီးယား အစိုးရတပ်တွေ စတင်ဝင်ရောက်

အတိုက်အခံ အင်အားစုတွေ အဓိက ခြေကုပ်ယူရာ ဒေသထဲက မြို့တော်ကို အီသီယိုးပီးယား ဖက်ဒရယ် အစိုးရတပ်တွေ စတင် ဝင်ရောက်နေပြီလို့ သိရပါတယ်။

တိုက်ဂရေး ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) တပ်ဖွဲ့ဝင်အချို့။ ဓာတ်ပုံ - Reuters/File

အတိုက်အခံ အင်အားစုတွေ အဓိက ခြေကုပ်ယူရာ ဒေသထဲက မြို့တော်ကို အီသီယိုးပီးယား ဖက်ဒရယ် အစိုးရတပ်တွေ စတင် ဝင်ရောက်နေပြီလို့ သိရပါတယ်။

ဒါကြောင့် အစိုးရကို တော်လှန်နေတဲ့ တိုက်ဂရေး ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)ဟာ တိုက်ဂရေး ပြည်နယ်ရဲ့ မြို့တော် မက်ကီလီကို စတင်စွန့်ခွာနေပြီလို့ ဒေသခံ လူသားချင်း စာနာထောက်ထားမှု ကူညီရေး အဖွဲ့အစည်းတွေက ပြောပါတယ်။

TPLFဟာ တိုက်ဂရေးမှာ အခြေပြုပြီး အီသီယိုးပီးယားမှာ အစိုးရ မဟုတ်တဲ့ လက်နက်ကိုင် တပ်တွေထဲမှာ အင်အားအကြီးဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ အရင်ကလည်း အီသီယိုးပီးယား အစိုးရနဲ့ ပြည်တွင်းစစ်ပွဲကို နွှဲခဲ့ဖူးပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယား မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်စလာခဲ့ပြီး TPLFဟာ တိုက်ဂရေးမှာသာ မကဘဲ အနီးတဝိုက် ပြည်နယ်တွေမှာပါ ထိုးစစ်တွေ ဆင်နွှဲခဲ့ပါတယ်။ စစ်ရေး ပဋိပက္ခတွေက ခပ်မြန်မြန် အရှိန်မြင့်တက်လာတဲ့နောက် ၂၀၂၀ ကနေ ၂၀၂၂ ခုနှစ်ထိ ဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ အရမ်းများပြားခဲ့တဲ့ ပြည်တွင်းစစ်မီး တကျော့ပြန် တောက်လောင်လာမှာကို ပြည်သူတွေက စိုးရိမ်နေပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ အစိုးရတပ်တွေနဲ့ မဟာမိတ် လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ TPLFရဲ့ ထိုးစစ်တွေကို တွန်းလှန်ပြီး မက်ကီလီမြို့ တည်ရှိရာ မြောက်ဖက်ဆီ ရှေ့တိုး ချီတက်နေကြောင်း သိရပါတယ်။

ဖက်ဒရယ် အစိုးရ တပ်တွေနဲ့ မဟာမိတ်တွေကို အခုအခါ မက်ကီလီမြို့ နယ်နိမိတ်ထဲမှာ စပြီး တွေ့မြင်လာရပြီဖြစ်ကြောင်း ဒေသခံ လူမှုကယ်ဆယ်ရေး အဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ မြို့ခံ ဂျာနယ်လစ် တစ်ဦးကလည်း အောက်တိုဘာ ၃ ရက်နေ့မှာ TPLF တပ်တွေနဲ့ ခေါင်းဆောင်ပိုင်းဟာ မက်ကီလီကို စတင် စွန့်ခွာသွားကြကြောင်း ပြောကြားခဲ့ပါတယ်။ TPLF ထိန်းချုပ်ထားခဲ့ရာ အစိုးရ အဆောက်အအုံတွေ၊ ရဲစခန်းတွေဟာ အစောင့်အကြပ် မရှိဘဲ ချန်ထားခံခဲ့ရပါတယ်။

တိုက်ပွဲတွေ စလာကတည်းက တိုက်ဂရေး ပြည်နယ်ထဲမှာ ဖုန်းနဲ့ အင်တာနက် ကွန်ရက်တွေ ဆိုးဆိုးရွားရွား ပြတ်တောက်တာ၊ နှေးကွေးတာတွေ ဖြစ်နေတာကြောင့် အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။ မြို့ထဲမှာ လုံခြုံရေး အခြေအနေက အရမ်းဆိုးနေပြီး လုယက်မှုတွေ ဖြစ်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေပါတယ်။

တိုက်ဂရေးရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်လို့ ဖက်ဒရယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် အဘီအာမက်ရော၊ TPLFဖက်ကပါ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

TPLFဟာ တိုက်ဂရေး ဒေသမှာ အားအကောင်းဆုံး လက်နက်ကိုင် အင်အားစုဖြစ်ပြီး အခုနှစ်ဆန်းပိုင်းမှာတော့ အစိုးရက ခန့်အပ်ထားတဲ့ အုပ်ချုပ်မှု စနစ်ကို ဖျက်သိမ်းပစ်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်တုန်းကလည်း မက်ကီလီမြို့ကို အစိုးရ တပ်တွေက သိမ်းယူခဲ့ဖူးပြီး TPLFက ပြောက်ကျားစစ်ဆင်ရေးတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ အခုတစ်ကြိမ်မှာလည်း အလားတူ လုပ်ဆောင်လာနိုင်ခြေ ရှိကြောင်း ခန့်မှန်းမှုတွေ ထွက်ပေါ်နေပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီသီယိုးပီးယားရဲ့ ကွဲပြားတဲ့ ဒေသတွေမှာ အခြေစိုက် လှုပ်ရှားနေတဲ့ အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင်အင်အားစု ၇ ခုဟာ မဟာမိတ်အဖြစ် ပေါင်းစည်းကြောင်း ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ

အီသီယိုးပီးယား နိုင်ငံမှာ နှစ်ပေါင်း ၁၂၀၀၀ နီးပါး လုံးဝ ငြိမ်သက်နေခဲ့တဲ့ မီးတောင်တစ်ခု ပေါက်ကွဲခဲ့ကြောင်း သိရှိရပါတယ်။

သတင်း

လ​နဲ့ချီပြီးထိန်းသိမ်းခံထားရပြီးတဲ့နောက် ထိုင်း-မြန်မာနယ်စပ်မှာပိတ်မိနေပြီးကျားဖြန့်ငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်စပ်မှု ရှိခဲ့တဲ့ နိုင်ငံခြားသား ၂၇၅ ဦးလောက်က မကျေမနပ် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အီသီယိုးပီးယား နိုင်ငံမှာ ထရပ်ကားတစ်စီး လမ်းချော်ပြီး မြစ်ထဲ ထိုးကျရာက လူ ၇၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

Trending

Facebook