Connect with us

Hi, what are you looking for?

သတင်း

ထိုင်း-မြန်မာနယ်စပ်မှာ လချီပိတ်မိနေတဲ့ ကျားဖြန့်ဝန်ထမ်းဟောင်းနိုင်ငံခြားသား၂၇၅ယောက်ဆန္ဒပြ၊ အီသီယိုးပီးယားနဲ့ အာဖရိကနိုင်ငံ​တွေကအများစုဖြစ်

လ​နဲ့ချီပြီးထိန်းသိမ်းခံထားရပြီးတဲ့နောက် ထိုင်း-မြန်မာနယ်စပ်မှာပိတ်မိနေပြီးကျားဖြန့်ငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်စပ်မှု ရှိခဲ့တဲ့ နိုင်ငံခြားသား ၂၇၅ ဦးလောက်က မကျေမနပ် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

ဧပြီ-၁၃၊၂၀၂၅။ People’s Spring

လ​နဲ့ချီပြီးထိန်းသိမ်းခံထားရပြီးတဲ့နောက် ထိုင်း-မြန်မာနယ်စပ်မှာပိတ်မိနေပြီးကျားဖြန့်ငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်စပ်မှု ရှိခဲ့တဲ့ နိုင်ငံခြားသား ၂၇၅ ဦးလောက်က မကျေမနပ် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

အာဖရိက နိုင်ငံတွေက အများစုဖြစ်တဲ့ နိုင်ငံခြားသား ၂၇၅ ယောက်ဟာ ကျားဖြန့် လုပ်ငန်းတွေကနေ ခေါ်ထုတ်လာတာ ခံခဲ့ရပြီးတဲ့နောက် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ် (DKBA)ရဲ့ ထိန်းချုပ်နယ်မြေမှာ နှစ်လကျော်ကြာအောင် ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ဧပြီ ၁၃ ရက်နေ့မှာ မြန်မာဖက်ကကျားဖြန့်ဝန်ထမ်းဟောင်းနိုင်ငံခြားသား ၂၇၅ ယောက်ဟာ နယ်စပ်မြစ်ဖြစ်တဲ့ သောင်ရင်းမြစ်တလျှောက်မှာဆန္ဒပြပြီးနေရပ်ပြန်လိုတယ်လို့ တောင်းဆိုခဲ့ကြတဲ့ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1385809845772331

အများစုဟာအီသီယိုးပီးယားနိုင်ငံသားတွေဖြစ်ပြီး တခြားအာဖရိကနိုင်ငံတွေရဲ့ နိုင်ငံသားတွေလည်း ပါဝင်တယ်လို့ ထိုင်းနယ်ခြားစောင့် အရာရှိတွေက ပြောပါတယ်။ ဆန္ဒပြမှု ဖြစ်ပွားတာဟာ ကရင်ပြည်နယ်ရဲ့ မြဝတီ မြို့နယ်ထဲက တိုင်ရှန် ၁ လို့ခေါ်တဲ့ ဧရိယာမှာဖြစ်ပြီး ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်ထဲက ဖော့ဖရားခရိုင် တစ်ဖက်ကမ်းမှာ ရှိပါတယ်။

ဆန္ဒပြမှုတွေ အတောအတွင်း အဲဒီ နိုင်ငံခြားသားတွေဟာ ထိုင်းဖက်ကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ပြီး ထိုင်းစစ်တပ်နဲ့ နယ်ခြားစောင့် အရာရှိတွေက လုံခြုံရေး တင်းကျပ် စောင့်ကြည့်ခဲ့ရတယ်လို့ ဆိုပါတယ်။ ပြီးတော့ ဆန္ဒပြတဲ့ နိုင်ငံခြားသားတွေကို DKBA တပ်သားတွေက လက်နက်တွေနဲ့ ခြိမ်းခြောက်ခဲ့ပြီး နှစ်ဖက်ကြား ပဋိပက္ခတွေ ပေါက်ကွဲထွက်လုမတတ် တင်းတင်းမာမာ ဖြစ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံခြားသားတွေက သူတို့ကို နေရပ်ပြန်ခေါ်ရေး ကိစ္စမှာ ထိုင်းနိုင်ငံက သံရုံးတွေနဲ့ ညှိနှိုင်းမှုတွေ နှစ်လကျော် ကြာမြင့်လာတဲ့အပေါ် သည်းမခံနိုင် ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေကတော့တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေရှိမလာနိုင်တာ သေချာစေဖို့အတွက် နယ်စပ်လုံခြုံရေးကို တင်းကျပ်ထားခဲ့တယ်လို့ ကြေညာပါတယ်။

ထိုင်းအာဏာပိုင်တွေရဲ့ အဆိုအရ ကျားဖြန့် နှိမ်နင်းရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံခြားသားတွေကို နေရပ်ပြန်ပို့ရေး အစီအမံတွေလည်း ပါဝင်သလို စုစုပေါင်း လူ ၈၀၀၀ ကျော်လောက်ကို ဇာတိနိုင်ငံ အသီးသီးဆီ ပြန်လွှဲပေးပြီးလို့ဆိုပါတယ်။

ဆန္ဒပြပွဲကတော့ နိုင်ငံခြားသားတွေ နေရပ်ပြန်ရေးကိစ္စဆောင်ရွက်ဖို့အတွက် သူတို့ကို မြဝတီမှာရှိတဲ့ စစ်ကောင်စီ အာဏာပိုင်တွေဆီ ဧပြီ ၁၈ ရက်နေ့မှာ လွှဲပေးမယ်လို့ DKBAက ညှိနှိုင်းခဲ့တဲ့နောက် ပြေလည်ပြီးဆုံးသွားတယ်လို့ ဆိုပါတယ်။

ထိုင်းမီဒီယာတွေရဲ့ဖော်ပြမှုမှာတော့နိုင်ငံခြားသားတွေရဲ့ သက်ဆိုင်ရာ နိုင်ငံအသီးသီးက သူတို့ကို ပြန်ပြီး လွှဲပြောင်း လက်ခံဖို့ အသင့်မရှိသေးလို့ ကြန့်ကြာမှုတွေဖြစ်နေတာလို့ဖော်ပြထားပါတယ်။

ကိုးကား- Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာကိုယ်ပိုင်သင်္ချိုင်းနေရာရချင်နေတဲ့နိုင်ငံခြားသားတွေကိုယ့်နိုင်ငံကိုယ်ပြန်သေကြလို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...