Connect with us

Hi, what are you looking for?

သတင်း

ရေဦးမှာစစ်တပ်ကဒရုန်းသုံးစီးနဲ့ ဗုံးကြဲ၊ ကလေးတဦးအပါအဝင်ပြည်သူ၂ဦးဒဏ်ရာရ

က​လေး​တွေ​ဘောလုံးကန်​နေတဲ့ဆီပျံသွားတဲ့ဒရုန်းပျက်ကျပြီးတော်လှန်​ရေးတပ်သိမ်းယူ

(က​လေး​တွေ​ဘောလုံးကန်​နေတဲ့ကွင်းဆီပျံသန်းရင်းပျက်ကျခဲ့တဲ့ အ​သေခံတိုက်ခိုက်​ရေးဒရုန်း။ဓါတ်ပုံ-​CJ)

​အောက်တိုဘာ-၄၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရေဦးမြို့မှာ စစ်တပ်ကစစ်တပ်က ကာမီကာ​​ဇေဒရုန်း( အ​သေခံတိုက်ခိုက်​ရေးဒရုန်း)သုံးစီးနဲ့ တိုက်ခိုက်လို့ ကလေးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦး ဒဏ်ရာရပြီး ဒရုန်းတစ်စီးကို တော်လှန်ရေးတပ်တွေက သိမ်းယူနိုင်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြု့နယ်ထဲက ရွာတစ်ရွာကို အောက်တိုဘာ၄ရက် မွန်းလွဲ ၁နာရီခန့်မှာ စစ်တပ်က ဆူဆိုက်ဒရုန်းသုံးစီးနဲ့ ဗုံးကြဲတာဖြစ်ပါတယ်။

” နမခ ကနေ ၁၂နာရီခွဲတက်လာပြီး ၁နာရီခန့်မှာ စပြီး ဗုံးကြဲတာ။ ကြဲတဲ့နေရာက အရပ်သားတွေပဲ ရှိတဲ့နေရာပါ။ကလေးတယောက် အမျိုးသမီးတယောက်ဒဏ်ရာရတယ်။ ဒရုန်းတစ်စီးက ရွာနဲ့ တစ်မိုင်ကျော်က လယ်ကွင်းထဲ ပြုတ်ကျတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲ့ဒီဒရုန်းဟာ ရွာအနီးမှာ ကလေးငယ်တွေ ဘောလုံးကန်နေတဲ့ကွင်းကို ဦးတည်ပျံသန်းလာတာဖြစ်ပြီး လမ်းခုလတ်မှာ ပြုတ်ကျခဲ့တာလို့ သိရပါတယ်။

“ကလေးတွေ ကံကောင်းတာ။ဒရုန်းကပြတ်ကျသွားလို့ တော်တာ။အဲ့ဒရုန်းကို ရလိုက်တယ်”လို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ရေဦးမြို့နယ်မှာစစ်တပ်ကမြို့ပေါ်ကိုထိန်းချုပ်ထားပြီး အနီးပတ်ဝန်းကျင်ရှိရွာတွေကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပါတယ်။ မြို့နယ်အတွင်း လက်ရှိတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ မြို့နယ်ပတ်ဝန်းကျင်ကို လေကြောင်း၊ ဒရုန်းတို့နဲ့ တိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်ညနေပိုင်းမှာလည်းစစ်‌တပ်ကဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲလို့ ဒေသခံ ခုနစ်ဦးသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အရပ်သားတွေနဲ့ စစ်ရှောင်ပြည်သူတွေအများစုရှိတဲ့ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ဒဏ်ရာရသူ​တွေလည်းရှိပြီး​သေဆုံးသူထပ်တိုးလာနိုင်သေးဟု​​ဒေသခံ​တွေ​ပြော

သတင်း

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။ စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ...

Trending

Facebook