Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အထူးစီးပွားရေးဇုန် ရေပြင်ထဲ ဝင်လာတဲ့ တရုတ် သုတေသန ရေယာဉ်ကို ပြန်လည်ထွက်ခွာစေခဲ့ကြောင်း ဂျပန်ပြော

ဂျပန် ရေပိုင်နက် အလွန်ကို ရောက်ရှိနေတဲ့ တရုတ် သုတေသန ရေယာဉ်တစ်စီးကို ပြန်လည် ထွက်ခွာသွားဖို့ ဂျပန် ကမ်းခြေစောင့်တပ်က ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။

ဂျပန် ရေပိုင်နက် အလွန်ကို ရောက်ရှိနေတဲ့ တရုတ် သုတေသန ရေယာဉ်တစ်စီးကို ပြန်လည် ထွက်ခွာသွားဖို့ ဂျပန် ကမ်းခြေစောင့်တပ်က ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။

ဂျပန်ရေပိုင်နက်အလွန် အထူးစီးပွားရေးဇုန် သတ်မှတ် ရေပြင်မှာ စက်တင်ဘာ ၂၇ ရက်နေ့က ရောက်ရှိလာတဲ့ တရုတ်သင်္ဘောဟာ အကြိမ်ကြိမ် သတိပေး ညွှန်ကြားခံရပြီးတဲ့နောက် ပြန်လည် ထွက်ခွာသွားတယ်လို့ အောက်တိုဘာ ၆ ရက်နေ့က ဂျပန် ကမ်းခြေစောင့်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

ကိရှူးဆိုတဲ့ တရုတ်ရေယာဉ်ဟာ ဂျပန်ရဲ့ တောင်ဖက်စွန်းက အိုကီနာဝါ ဒေသရဲ့ အီရှီကာဂီကျွန်း မြောက်ဖက် ကီလိုမီတာ ၇၀ လောက်အကွာ ရေပြင်ကို ရောက်ရှိပြီး သုတေသန လုပ်ငန်း တစ်ခုခုကို ဆောင်ရွက်နေခဲ့တယ်လို့ ဆိုပါတယ်။

ရေယာဉ်ဟာ ဘေးတစ်ဖက်တစ်ချက်မှာ ဝါယာကြိုးတွေပါတဲ့ ပစ္စည်းတွေကို ရေထဲကို ချနေတာမျိုးတွေ ရှိခဲ့ကြောင်း၊ အဲဒီနောက် ဂျပန် ကမ်းခြေစောင့်တပ်က အဲဒီရေပြင်မှာ ခွင့်ပြုချက် မရဘဲ သုတေသန လုပ်ငန်းတွေ ဆောင်ရွက်ခွင့် မရှိဘူး ဆိုတာကို အကြိမ်ကြိမ် လှမ်းသတိပေးခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် တရုတ်သင်္ဘောဟာ အောက်တိုဘာ ၂ ရက်နေ့မှာတော့ ဂျပန်ရဲ့ အထူးစီးပွားရေးဇုန် သတ်မှတ်ရေပြင်ကနေ ပြန်လည် ထွက်ခွာသွားကြောင်း သိရပါတယ်။

ဂျပန်ရဲ့ အထူးစီးပွားရေးဇုန် သတ်မှတ်ရေပြင်မှာ ခွင့်ပြုချက် မရဘဲ သိပ္ပံဆိုင်ရာ သုတေသန လုပ်ငန်းတွေ ဆောင်ရွက်တာကို လုံးဝ သည်းခံမှာ မဟုတ်ဘူးလို့ တရုတ်ရေယာဉ်ဆီ ရေဒီယိုနဲ့ အကြိမ်ကြိမ် ဆက်သွယ် သတိပေးခဲ့ကြောင်း ဂျပန် ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် မာဆာရှီ အဆာနိုက ပြောပါတယ်။

ဂျပန်ရဲ့ အထူးစီးပွားရေးဇုန် သတ်မှတ်ရေပြင်ထဲကို အခုနှစ်မှာ တရုတ်ရေယာဉ်တွေ ဝင်ရောက်မှုဟာ မနှစ်က တစ်နှစ်လုံးစာရဲ့ နှစ်ဆလောက်ထိ ရှိလာခဲ့ပြီး ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အထူးစီးပွားရေး ဇုန်ဆိုတာက နိုင်ငံတစ်ခုရဲ့ ရေပိုင်နက် အပြင်ဖက်မှာ သတ်မှတ်ထားတဲ့ ရေပြင်ဧရိယာဖြစ်ပြီး ကမ်းရိုးတန်းကနေ ကီလိုမီတာ ၃၇၀ လောက် အကွာအဝေးထိ ဖြန့်ကျက်နိုင်ပါတယ်။ ကုလသမဂ္ဂ (UN)ကွန်ဗန်းရှင်း ပြဋ္ဌာန်းချက်မှာတော့ အဲဒီ ရေပြင်မှာ သုတေသန လုပ်ဖို့ဆိုရင် သဘာဝ သယံဇာတ တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေ ပိုင်ဆိုင်ထားတဲ့ နိုင်ငံရဲ့ သဘောတူညီမှု လိုအပ်မယ်လို့ ဖော်ပြထားပါတယ်။

မနှစ်က ဂျပန်ရဲ့ အထူးစီးပွားရေးဇုန် ရေပြင်ကို တရုတ်ရေယာဉ်တွေ ဝင်ရောက်မှု ၆ ကြိမ် ရှိခဲ့ပြီး အခုနှစ်မှာတော့ ၁၀ လကျော်လောက်သာ ကြာသေးပေမယ့် ၁၄ ကြိမ်ထိ မြင့်တက်လာကြောင်းလည်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမြဲတမ်း နေထိုင်ခွင့် (PR) လျှောက်ထားတဲ့ နိုင်ငံခြားသားတွေအတွက် သတ်မှတ်နှုန်းထားကို ဂျပန်က အဆ ၂၀ တရားဝင် တိုးမြှင့် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဒူဂျူယန် တိုက်ခတ်မှုကြောင့် ဂျပန်မှာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

Facebook