Connect with us

Hi, what are you looking for?

သတင်း

လူအစုလိုက်အပြုံလိုက်​သေ​အောင်​ ကျောက်​တော်ကိုဗုံးကြဲတဲ့စစ်တပ်နဲ့ ဆက်ဆံရေးတိုးမြှင့်လိုတဲ့အမေရိကန်အစိုးရကိုအောက်လွှတ်

ရခိုင်ပြည်နယ်မှာ လူအများအပြား သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ခဲ့တဲ့ အာဏာသိမ်းမြန်မာစစ်တပ်နဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ စီစဉ်နေတဲ့ အမေရိကန် အစိုးရကို အမေရိကန်အောက်လွှတ်တော်အမတ်တစ်ဦးက ဝေဖန်သွားခဲ့ပါတယ်။

(အမေရိကန်အောက်လွှတ်တော်အမတ်ဂရီဂိုရီမီးစ် ။ဓါတ်ပုံ-ST. JOHN's University)

တော်အမတ် ဝေဖန်

​အောက်တိုဘာ-၇၊၂၀၂၆။People’s Spring

ရခိုင်ပြည်နယ်မှာ လူအများအပြား သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ခဲ့တဲ့ အာဏာသိမ်းမြန်မာစစ်တပ်နဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ စီစဉ်နေတဲ့ အမေရိကန် အစိုးရကို အမေရိကန်အောက်လွှတ်တော်အမတ်တစ်ဦးက ဝေဖန်သွားခဲ့ပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့က ကျောက်တော်မှာရှိတဲ့ အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီ တံတားအနီးကို အာဏာသိမ်း စစ်တပ် တိုက်လေယာဉ်က ဗုံးတွေ ကြဲချခဲ့လို့ အရပ်သား ၅၀ ထက်မနည်း သေဆုံးပြီး ၅၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကိုလက်ရှိထက်မြှင့်တင်မယ့်မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ကို ကြေညာချိန် နဲ့ တိုက်ဆိုင်ပြီး အခုလိုဆိုးရွားတဲ့ လေကြောင်းတိုက်ခိုက်မှုကြီး ဖြစ်ပေါ်လာခဲ့တာပါ။

Public Service Announcement

Public Service Announcement

အောက်လွှတ်တော်အမတ်ဂရီဂိုရီမီးစ်ရဲ့ထုတ်ပြန်ချက်မှာတော့ စျေးတစ်ခုကို ပစ်မှတ်ထားတဲ့ထိတ်လန့် တုန်လှုပ်စရာလေကြောင်းတိုက်ခိုက်မှုက မြန်မာစစ်တပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို အရေးမစိုက်သလို သူတို့ ဖိနှိပ်အုပ်ချုပ်နေတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေအပေါ် လုံးဝ တန်ဖိုးမထားဘူးဆိုတာ မြင်သာစေခဲ့ကြောင်း ဖော်ပြထားပါတယ်။

စစ်တပ်က အရပ်သား ပြည်သူတွေအပေါ် ရက်စက်တဲ့ နည်းလမ်းတွေနဲ့ ဖိနှိပ် တိုက်ခိုက်နေချိန်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုကတော့ အဲဒီစစ်တပ်နဲ့ ဆက်ဆံရေးကို မြှင့်တင်ပြီး ထိတွေ့ဆက်ဆံဖို့ ကြိုးစားနေကြောင်း၊ အဲဒီ မူဝါဒမျိုးဟာ အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးနိုင်စွမ်းကို မြှင့်တင်ဖို့၊ စစ်တပ်ရဲ့ရန်လိုအကြမ်းဖက်မှုတွေကိုလျှော့ချဖို့၊ မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ရရှိစေဖို့ ဘယ်လိုမှ ထိရောက်အားကောင်းတဲ့ ဗျူဟာမျိုးမဖြစ်နိုင်ကြောင်း မီးစ်က ပြောပါတယ်။

အောက်တိုဘာ၂ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီး မြန်မာနိုင်ငံကို ဒုက္ခတောထဲ ဆွဲချခဲ့တဲ့ စစ်တပ်ဟာ ရိုဟင်ဂျာမျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှုတွေအတွက် အမှန်တကယ် လုပ်ဆောင်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကသတ်မှတ် ယူဆထားတဲ့အကြောင်းကိုလည်းထောက်ပြထားပါတယ်။

အာဏာသိမ်း စစ်တပ်အပေါ် ပိုမိုဖိအားပေးရမယ့်အစား၊ ပိုပြီး ပြင်းထန်တဲ့ပိတ်ဆို့အရေးယူမှုတွေ ကျင့်သုံးရမယ့်အစား၊ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ပံ့ဖို့ အမေရိကန် လွှတ်တော်က ခွင့်ပြုပေးထားတဲ့ ရန်ပုံငွေတွေကို စနစ်တကျခွဲဝေပေးမယ့်အစားရူဘီရိုဟာ လူသတ်စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ ကြံရာပါတွေကို နိုင်ငံတကာမှာ တရားဝင် အသိအမှတ်ပြုမှု ပိုရလာစေမယ့် အခြေအနေမျိုးကို ကူညီ ဖန်တီးပေးချင်နေတယ်လို့ မီးစ်က ဝေဖန်ခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့အဲဒီမူဝါဒမျိုးဟာ အမေရိကန်ရဲ့အကျိုးစီးပွားအတွက်ရော၊ စံတန်ဖိုးတွေနဲ့ပါ လုံးဝ ကိုက်ညီမှု မရှိဘူးလို့လည်းမီးစ်က ပြောကြားသွားပါတယ်။

ကိုးကား-Democrat-Foreign Affairs

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းနဲ့အစပ်ချင်းပြည်နယ် ဝင်ပေါက် ကျင်ဒွေးမြို့၊ မတာဆွီရွာဝန်းကျင်တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်တပ်ဟာကာကွယ်ပစ္စည်းထုတ်စက်ရုံ(ကပစ ၂၅)ကနေ စစ်သားတရာကျော် အင်အားထပ်ဖြည့်တာ​ကြောင့်လောင်းရှည် - ကျင်ဒွေး လမ်းတလျှောက် နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မလေးရှားကုမ္ပဏီတွေကို အရေးယူဖို့တိုက်တွန်း

သတင်း

ကျူးလွန်ခဲ့တဲ့စစ်ကြောင်း နွားထိုးကြီးမြို့တွင်းပြန်ဝင်သွား

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်လို့ ကလေးငယ် ၁ဦးအပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Facebook