Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်နဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ အမေရိကန်စတင်နေတယ်လို့ရိုက်တာ​ဖော်ပြ

မြန်မာနဲ့ ပတ်သက်လို့ ကြီးမားတဲ့ မူဝါဒ အပြောင်းအလဲအနေနဲ့ အမေရိကန် အစိုးရဟာ အာဏာသိမ်း စစ်တပ်နဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်လာကြောင်း ရိုက်တာသတင်းဌာနရဲ့အထူးသတင်း​ပေးပို့ချက်က​ဖော်ပြလိုက်ပါတယ်။

(နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထောက်လှမ်းရေးနဲ့ သုတေသနဌာနခွဲလက်ထောက်နိုင်ငံခြားရေးဝန်ကြီးမိုက်ကယ် ဗန့်စ်။ဓါတ်ပုံ-ရိုက်တာ)

​​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring

မြန်မာနဲ့ ပတ်သက်လို့ ကြီးမားတဲ့ မူဝါဒ အပြောင်းအလဲအနေနဲ့ အမေရိကန် အစိုးရဟာ အာဏာသိမ်း စစ်တပ်နဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်လာကြောင်း ရိုက်တာသတင်းဌာနရဲ့အထူးသတင်း​ပေးပို့ချက်က​ဖော်ပြလိုက်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်ဟာ စစ်အုပ်စုကို နိုင်ငံတကာ အသိုက်အဝန်းကနေ ဖယ်ကြဉ်ပြီး အထီးကျန်နေအောင် ဖိအားပေးတဲ့ မူဝါဒကို အစဉ်တစိုက် ကျင့်သုံးခဲ့ပေမယ့် အခုတော့ စစ်တပ်နဲ့ တိုက်ရိုက် စကားပြောမှုတွေ ရှိနေကြောင်းအမေရိကန်အစိုးရတာဝန်ရှိသူတွေနဲ့ အဲဒီဆွေးနွေးမှုတွေအကြောင်း သိထားတဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထောက်လှမ်းရေးနဲ့ သုတေသန ဌာနခွဲ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ် ဗန့်စ်ဟာ စစ်တပ်နဲ့ ဆွေးနွေးမှုတွေမှာအဓိက ဦးဆောင်နေရာက ပါဝင်နေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကနဦး ဆွေးနွေးမှုတွေဟာ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေတိုက်ဖျက်ရေးကိစ္စပူးပေါင်းဆောင်ရွက်ဖို့ ဦးတည်နေပြီး အဲဒီနောက်မှာတော့ မြန်မာနိုင်ငံမှာမြေရှားသတ္တုတွေ ထုတ်လုပ်ရေးနဲ့ တခြားကဏ္ဍတွေမှာပါညှိနှိုင်းလုပ်ဆောင်လာနိုင်တယ်လို အမေရိကန် အစိုးရရဲ့ မူဝါဒ အပြောင်းအလဲအကြောင်း သိရှိထားတဲ့ သတင်းရင်းမြစ် ၇ ဦးကပြောကြားခဲ့ပါတယ်။

မိုက်ကယ်ဗန့်စ်ဟာစက်တင်ဘာ ၁၅ နဲ့ ၁၆ ရက်နေ့တွေတုန်းက နေပြည်တော်ကို သွားရောက်ခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဓိက ဆွေးနွေးမှုဟာစစ်တပ်က ဖမ်းဆီးထားတဲ့ အမေရိကန် စီးပွားရေး လုပ်ငန်းရှင် အဒမ် ကက်စတီလို လွတ်မြောက်ရေးကိစ္စ ညှိနှိုင်းဖို့ ဖြစ်ပေမယ့်လည်း နှစ်နိုင်ငံကြား ညှိနှိုင်းဆောင်ရွက်မှုကဏ္ဍသစ်တွေဖွင့်လှစ်နိုင်မယ့် အလားအလာတွေကိုပါ ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ ၂၀၂၁ ခုနှစ်​ဖေ​ဖော်ဝါရီလမှာစစ်တပ်က အာဏာသိမ်းပြီး မြန်မာ့ ဒီမိုကရေစီ အစိုးရကို ဖြုတ်ချခဲ့တဲ့နောက်ပိုင်း အမေရိကန် အစိုးရ အရာရှိတွေနဲ့ မြန်မာစစ်အာဏာပိုင်တွေကြား အမြင့်ဆုံး ထိတွေ့ဆက်ဆံမှုလည်း ဖြစ်ခဲ့ပါတယ်။အမေရိကန်ဟာ သမ္မတ ဒေါ်နယ်လ်ထရမ့် အစိုးရ လက်ထက်မှာ မြန်မာနဲ့ပတ်သက်ရင်ဒီမိုကရေစီရေးကိုအားပေးတဲ့ မူဝါဒကနေ အကျိုးစီးပွားကို ဦးစားပေးတဲ့ မူဝါဒဖက်ကို ကူးပြောင်း ကျင့်သုံးစ ပြုလာတာ ဖြစ်ပါတယ်။

အမေရိကန်ဟာ စစ်တပ်နဲ့ တိုက်ရိုက်ဆွေးနွေးမှု လမ်းကြောင်းကို ရွေးချယ်လာပေမယ့် မင်းအောင်လှိုင်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေအတွက် အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုအောက်မှာဆက်ရှိနေဆဲပါ။ပြီးတော့ စစ်တပ်ဟာလည်း ပြည်သူတွေအပေါ် ရက်ရက်စက်စက်နဲ့ လူမဆန်တဲ့ တိုက်ခိုက်မှုတွေကို လက်မရွံ့စတမ်း ဆက်ပြီး ကျူးလွန်နေဆဲ ဖြစ်ပါတယ်။

မိုက်ကယ်ဗန့်စ်က နေပြည်တော်ကို ရောက်ရှိခဲ့ပြီး နှစ်ပတ်မပြည့်ခင်မှာပဲ အာဏာသိမ်း စစ်တပ်ဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ထဲက လူစည်ကားရာ စျေးတစ်ခုနဲ့ အနီးမှာရှိတဲ့ တံတားတို့ကိုလေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လူ ၅၀ လောက်သေပြီး ၆၀ ဝန်းကျင် ဒဏ်ရာရခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေမှာ မြန်မာနိုင်ငံမှာ ရှိသမျှ ကွဲပြားတဲ့ အစုအဖွဲ့ အားလုံးနဲ့ ဆွေးနွေးနေပြီး တစ်ဖက်မှာလည်းမြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်လာဖို့၊အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ လိုအပ်နေကြောင်း မှတ်ချက်ပေးထားပါတယ်။

ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တော်မီပစ်ဂေါ့က ပြဿနာတွေကို မသိကျိုးကျွံ ပြုထားရုံနဲ့ပြေလည်သွားမှာမဟုတ်ဘဲကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ အမေရိကန်နဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ ရှိနေသလား ဆိုတာကို Reuters သတင်းဌာနက ဆက်သွယ် မေးမြန်းခဲ့ရာမှာတော့ အာဏာသိမ်း မြန်မာစစ်တပ်ဖက်က အကြောင်းမပြန်ခဲ့ဘူးလို့လည်းသိရပါတယ်။

ကိုးကား- Reuters

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်နဲ့ပျူ​တွေက​ဂွေးကုန်း၊မကျီးကုန်း၊သံ​ချောင်း၊မကျီးကန်ရွာမှပြည်သူ​တွေကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို သုံးနှစ်အကြာမှပေါ်​ပေါက်

ဆောင်းပါး

“အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံသား ၃၇ သန်းကျော်၊ နိုင်ငံလူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းအထိ ဆင်းရဲမွဲတေမှုထဲ နစ်မြုပ်လာပါတယ်။”

နိုင်ငံတကာ

အမေရိကန် စစ်စခန်း တစ်ခုမှာ လူ ၁၃ ဦး သေဆုံးစေခဲ့တဲ့ ပစ်ခတ်မှု ကျူးလွန်ခဲ့သူကို လက်ဖြောင့်တပ်ဖွဲ့က ကွပ်မျက်မှုကို တိုက်ရိုက် ထုတ်လွှင့်သွားမယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ အီရန်စစ်ပွဲအတွင်း လေယာဉ် အမျိုးမျိုး စုစုပေါင်း ၈၁ စီးထိ ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။