Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အား​ပေးခရိုနီတစ်ဦးရဲ့ သမီးကို အမေရိကန်က ပိတ်ဆို့အရေးယူမှု စာရင်းကနေဖယ်ရှားပေး

အာဏာသိမ်းမြန်မာစစ်တပ်ကိုအားပေး ထောက်ခံနေတယ်ဆိုတဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင်ခရိုနီ သူဌေးကြီးတစ်ဦးရဲ့သမီးကို အမေရိကန်က ပိတ်ဆို့အရေးယူမှု နာမည်ပျက်စာရင်းကနေ ဖယ်ရှားပေးလိုက်ပါတယ်။

(​ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်မိသားစု။ ဓါတ်ပုံ-File)

​အောက်တိုဘာ-၁၀၊၂၀၂၆။People’s Spring

အာဏာသိမ်းမြန်မာစစ်တပ်ကိုအားပေး ထောက်ခံနေတယ်ဆိုတဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင်ခရိုနီ သူဌေးကြီးတစ်ဦးရဲ့သမီးကို အမေရိကန်က ပိတ်ဆို့အရေးယူမှု နာမည်ပျက်စာရင်းကနေ ဖယ်ရှားပေးလိုက်ပါတယ်။

သိမ့်ဝင်းထက်ကို အရေးယူ ပိတ်ဆို့မှု စာရင်းကနေ ဖယ်ထုတ်ပေးလိုက်တဲ့ အကြောင်းကို အောက်တိုဘာ ၉ ရက်နေ့တုန်းက အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားခဲ့ပါတယ်။ ဘဏ္ဍာရေး ဝန်ကြီးဌာနဟာ အမေရိကန်အစိုးရရဲ့စီးပွားရေးပိတ်ဆို့အရေးယူမှုတွေကို အဓိက တာဝန်ယူ ကိုင်တွယ်နေပါတယ်။

သမ္မတဒေါ်နယ်လ်ထရမ့်ရဲ့အမေရိကန် အစိုးရက အာဏာသိမ်း မြန်မာစစ်တပ် ခေါင်းဆောင်ပိုင်းနဲ့ တိုက်ရိုက် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ Reuters သတင်းဌာနကအခုသီတင်းပတ်မှာဖော်ပြခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ဒီသတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ထရမ့်ဟာအာဏာသိမ်း စစ်ခေါင်းဆောင်တွေကို အဆက်ဖြတ်ထားပြီး နိုင်ငံတကာနဲ့ ကင်းကွာအောင် ဖိအားပေးထားတဲ့ အမေရိကန်ရဲ့ မူဝါဒကို ပြောင်းလဲပစ်ဖွယ် ရှိတယ်လို့ Reutersက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ သိမ့်ဝင်းထက်ကိုအရေးယူပိတ်ဆို့မှု စာရင်းကနေ ဖယ်ရှားပေးလိုက်တာဟာ အမေရိကန်နဲ့ အာဏာသိမ်း မြန်မာစစ်တပ်ကြားက ဆွေးနွေးမှုတွေနဲ့ ပတ်သက်ဆက်နွှယ်မှုရှိ၊မရှိ ဆိုတာကိုတော့ မသိရသေးပါဘူး။

၂၀၂၁ ခုနှစ်အာဏာသိမ်းမှုအပြီးအဲဒီတုန်းက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ မြန်မာစစ်တပ် အရာကြီးတွေ၊ စစ်တပ်ကို အားပေး ထောက်ခံနေတဲ့ ခရိုနီတွေနဲ့ ဆက်စပ်လုပ်ငန်းတွေအပေါ် ပိတ်ဆို့အရေးယူမှု ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ ရွှေဗျိုင်းဖြူ ကုမ္ပဏီများ အုပ်စု ထူထောင်သူ သိန်းဝင်းဇော်၊ သူ့မိသားစုဝင်တွေကို ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို အမေရိကန်က သတ်မှတ် ကြေညာခဲ့ပါတယ်။ အဲဒီထဲမှာ သိန်းဝင်းဇော်ရဲ့သမီးဖြစ်သူသိမ့်ဝင်းထက်လည်း အပါအဝင် ဖြစ်ပါတယ်။

သိမ့်ဝင်းထက်ကသူ့ကိုအဲဒီနာမည်ပျက် စာရင်းထဲက ဖယ်ထုတ်ပေးဖို့ ဘိုင်ဒန်အစိုးရ လက်ထက်မှာ တရားစွဲခဲ့ဖူးပေမယ့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ တရားရုံးက ပယ်ချခဲ့ပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုအရ နာမည်ပျက် စာရင်းထဲ ပါဝင်သူတွေရဲ့ အမေရိကန်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို ကန့်သတ်ထိန်းချုပ်ထားပြီး အမေရိကန် နိုင်ငံသားတွေကလည်း သူတို့နဲ့ ပူးပေါင်းပြီး စီးပွားရေး လုပ်ခွင့် မရှိပါဘူး။

အမေရိကန်ဟာ မနှစ်က ဇူလိုင်လတုန်းကလည်း မြန်မာစစ်တပ်ကို အကူအညီပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ပိတ်ဆို့ အရေးယူ ခံထားရတဲ့ ကုမ္ပဏီ တစ်ခုအပေါ် အရေးယူမှုတွေ ရုပ်သိမ်းခဲ့ပါတယ်။

သိမ့်ဝင်းထက်ကတော့ဇူလိုင်လတုန်းက နောက်ထပ်တရားရေးစိန်ခေါ်မှု အသစ်တစ်ခုကို စတင်ခဲ့ပြီး သူ့ဖခင်ရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ သူက ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှု မရှိကြောင်း တရားရုံးကို လျှောက်ထားခဲ့ပါတယ်။ ပြီးတော့ သူ့အပေါ် ပိတ်ဆို့ အရေးယူမှုတွေက အမေရိကန်မှာ ပညာသင်ကြားနေမှုအပေါ် ထိခိုက်စေခဲ့ကြောင်းလည်း သိမ့်ဝင်းထက်က ဆိုပါတယ်။ သူဟာ နယူးယောက် တက္ကသိုလ်မှာ ဘွဲ့ကြိုတက်ရောက်ပြီး ကိုလံဘီယာ တက္ကသိုလ်မှာမဟာဘွဲ့ သင်တန်း တက်ရောက်နေတာ ဖြစ်ပါတယ်။

တရားရုံး မှတ်တမ်းတွေအရ သိမ့်ဝင်းထက်ဟာ လောလောဆယ်မှာတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ မိခင်ဖြစ်သူနဲ့အတူ နေထိုင်နေတယ်လို့လည်း သိရပါတယ်။ သူ့ရဲ့ မိခင် ​ဒေါ်တင်မင်းလတ်ဟာလည်း မနှစ်တုန်းက အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှု စာရင်းထဲကနေ ဖယ်ရှားပေးခြင်း ခံထားရပြီး ဖြစ်ပါတယ်။ဒါ​ကြောင့် သူတို့မိသားစုဝင် ​လေးဦးမှာမိခင် နဲ့ သမီးဖြစ်သူတို့ကို အ​မေရီကန်က အ​ရေးယူဒဏ်ခတ်ထားမှုကို ဖယ်ရှားခဲ့ပြီးဖြစ်ပါတယ်။

မြန်မာ့အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Justice for Myanmar (JFM)ကတော့ မြန်မာစစ်တပ်ကအရပ်သားတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ အရှိန်အဟုန် ပိုမြှင့်လာချိန်မှာ အမေရိကန် အစိုးရရဲ့ အခုလို လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ရှုတ်ချသွားပါတယ်။

သိမ့်ဝင်းထက်ကို အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှု စာရင်းကနေ ဖယ်ရှားပေးလိုက်တဲ့နောက် သူ့ရဲ့ ရှေ့နေ အဲရစ်ချ် ဖာရာရီကလည်း သူ့အမှုသည်ရဲ့ စွဲချက်ကို ပြန်လည်ရုပ်သိမ်းကြောင်း တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။ ဖာရာရီက အခုကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုသွားပါတယ်။

​စစ်တပ်ရဲ့ မြန်မာ့စီးပွား​ရေးဦးပိုင်နဲ့ စီးပွား​ရေးလုပ်ငန်း​တွေတွဲလုပ်တဲ့ ​ရွှေဗျိုင်းဖြူကုမ္ပဏီဟာ စစ်တပ်အာဏာသိမ်းပြီး​​နောက်ပိုင်းလုပ်ငန်း​တွေပိုတိုးချဲ့လုပ်ကိုင်လာပြီး စက်သုံးဆီလုပ်ငန်း ၊ဆက်သွယ်​ရေးလုပ်ငန်း ၊ ​ကျောက်စိမ်း​ကျောက်မျက်တူး​ဖော်​ရောင်းဝယ်​ရေး ၊သစ်လုပ်ငန်းစတဲ့လုပ်ငန်း​တွေကိုလုပ်ကိုင်​နေပါတယ် ။စစ်တပ်အာဏာသိမ်းပြီး​နောက် တယ်လီ​နော မြန်မာနိုင်ငံကထွက်ခွာသွားတဲ့အခါ ဘက်ဘနွန်က M1 နဲ့အတူ​ရွှေဗျိုင်းဖြူက ဝယ်ယူခဲ့တာဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာတွေအပါအဝင် ဒေသခံ ၅ ဦးသေဆုံး၊ ၁၀ဦးခန့် ဒဏ်ရာရ

နိုင်ငံတကာ

ထိုင်ဝမ်ကျွန်း အရှေ့ပိုင်းမှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ဒေသတွင်း တည်ငြိမ်မှုတွေအတွက် အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေကြောင်း အမေရိကန်က ဝေဖန် ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားဆီက ဒီဇယ်တွေ အမေရိကန်ဆီ တင်သွင်းဝယ်ယူမယ့် သဘောတူညီမှုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

သတင်း

​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ နယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေလန်ကျပြီး အထိနာ​နေချိန်မှာ AA သိမ်းပိုက်ထားတဲ့​ဒေသ​တွေက ​​ဈေး​တွေ၊တံတား​တွေ၊စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ၊​နေအိမ်​တွေကိုပါ ပစ်မှတ်ထားပြီး​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်​နေ့က​​နေ ​အောက်တိုဘာ...

Facebook