Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လက်နက်အင်အားဖြည့်ပြီး နတ်ချောင်းရွာကို ထပ်မံမီးရှို့

စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၃ရက် တိုက်ပွဲတွင် ရဟတ်ယာဉ် အသုံးပြု တိုက်ခိုက်ခဲ့ခြင်း၊ ကျေးရွာလူထုကို အကြောင်းမဲ့သတ်ဖြတ်ခြင်းတို့ကြောင့် နတ်ချောင်းရွာမှ အမျိုးသမီး နှစ်ဦးနှင့် စိတ်မနှံ့သူတစ်ဦးအပါအဝင် ၁၁ဦးထက်မနည်းသေဆုံးခဲ့ကြောင်း နတ်ချောင်းရွာခံက ပြောသည်။

ယမန်နေ့ညက တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ကလေးမြို့နယ် နတ်ချောင်းရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လက်နက်အင်အားဖြည့်တင်းပြီး နေအိမ် ငါးလုံးထက်မနည်းကိုလည်း ထပ်မံမီးရှို့နေကြောင်း နတ်ချောင်းရွာခံက ပြောသည်။

နတ်ချောင်းရွာတွင်ဒီဇင်ဘာ ၂၂ရက်ကစ၍ စစ်ကောင်စီတပ်များဝင်ရောက်လာ၍ ရွာသားများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခြင်းများ ရှိခဲ့သည်။ ဒီဇင်ဘာ ၂၆ရက်ညက တစ်ညလုံး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။

“သူတို့က ရဟတ်ယာဉ် နှစ်စီးက လက်နက်နဲ့ ကျည်ဖြည့်တာ။ နောက်ထပ် ပြန်သွားပြီး နောက် နှစ်စီးက လူပြန်ဖြည့်တာ။ ကျည်တွေလာချပေးတာ သေတ္တာတွေနဲ့။ အားလုံး သုံးစီး။ ကင်းက တစ်စီးပေါ့။ နှစ်စီးကတော့ ပြန်သွားပြီး နောက်ထပ် ပြန်လာပြီး လူချထားခဲ့တာ။ လက်နက်နဲ့ အင်အား ထပ်ဖြည့်တာပေါ့” ဟု နတ်ချောင်း ရွာခံက ယနေ့ မွန်းလွဲပိုင်း အခြေအနေကို ပြောပြသည်။ စစ်ကောင်စီတပ်က ကျေးရွာရှိနေအိမ်များကိုလည်း မီးရှို့နေသည်ဟု ၎င်းက ဆိုသည်။

အခြား နတ်ချောင်းရွာခံ တစ်ဦးကလည်း “ရဟတ်(ယာဉ်) သုံးစီးနဲ့ ကျည်၊ လူ ထပ်ဖြည့်ပေးသွားပြီး နောက် အင်အား ၁၀၀ ကျော်နဲ့ နတ်ချောင်းရွာကို ပြန်ဝင် အိမ်တွေကို မီးစရှို့ပါပြီ။ လောလောဆယ် မီးခိုးကြောင်းအရ ၅အိမ်မြင်” ဟု ရွာအခြေအနေကို လူမှုကွန်ရက်တွင် ရေးသားအသိပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ကျေးရွာဒေသခံများသည် စစကောင်စီတပ်ဝင်ရောက်လာကတည်းက တိမ်းရှောင်နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၃ရက် တိုက်ပွဲတွင် ရဟတ်ယာဉ် အသုံးပြု တိုက်ခိုက်ခဲ့ခြင်း၊ ကျေးရွာလူထုကို အကြောင်းမဲ့သတ်ဖြတ်ခြင်းတို့ကြောင့် နတ်ချောင်းရွာမှ အမျိုးသမီး နှစ်ဦးနှင့် စိတ်မနှံ့သူတစ်ဦးအပါအဝင် ၁၁ဦးထက်မနည်းသေဆုံးခဲ့ကြောင်း နတ်ချောင်းရွာခံက ပြောသည်။

အရပ်သားသေဆုံးမှုများ ထပ်မံတွေ့ရှိရသည်ဟုလည်း ၎င်းက ဆိုသည်။

“အရပ်သားတွေ ထပ်တွေ့တယ်။ အိမ်ထဲမှာ ပိတ်မိတာ မှန်တာတွေ။ ၁၁ဦးထက် ပိုများသွားပြီ”ဟု နတ်ချောင်းရွာခံက ပြောသည်။

နတ်ချောင်းရွာတွင် စစ်ကောင်စီပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဒေသခံများ၏ ရုပ်အလောင်းအချို့ကိုသာ ကောက်ယူနိုင်သေးကြောင်း ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။