Connect with us

Hi, what are you looking for?

သတင်း

ဝန်းသိုဘက်ကို ဦးတည်နေတဲ့စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဆက်ဖြစ်နေ

အင်းတော်နဲ့ ဝန်းသိုမြို့နယ်ကြားမှာရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်နေပြီး တိုက်ပွဲဧရိယာနဲ့မဆိုင်တဲ့ နေရာတွေကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သားထိခိုက်မှုတွေ ဆက်ရှိနေတယ်လို့သတင်းရရှိပါတယ်။

(၂၀၂၅ နှစ်ကုန်ပိုင်းကသစ်ဖုလ​တောင်တိုက်ပွဲမှာ ဝန်သိုမြို့ကထွက်လာတဲ့စစ်တပ်စစ်​​ကြောင်းကို PDF ​တွေကဖြတ်​တောက်တိုက်ခိုက်ပြီး စစ်သုံ့ပန်း​တွေဖမ်းမိစဥ်။ဓါတ်ပုံ-​ပေးပို့)

​အောက်တိုဘာ-၁၃၊၂၀၂၆။အိမ်သွင်/People’s Spring

အင်းတော်နဲ့ ဝန်းသိုမြို့နယ်ကြားမှာရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်နေပြီး တိုက်ပွဲဧရိယာနဲ့မဆိုင်တဲ့ နေရာတွေကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သားထိခိုက်မှုတွေ ဆက်ရှိနေတယ်လို့သတင်းရရှိပါတယ်။

အင်းတော်မြို့နယ်၊ မဲဇာရွာက ထွက်လာတဲ့စစ်ကြောင်းဟာ ပါအောနဲ့ တပ်လွင်ရွာကို အောက်တိုဘာလ ၁၁ ရက်နေကတည်းက ရောက်ရှိနေပြီးအောက်တိုဘာလ၁၃ရက်နေ့အထိ အဲဒီနေရာမှာပဲရှိနေသေးတယ်လို့သိရပါတယ်။

“ထိတွေ့တိုက်ပွဲတွေကဆက်ဖြစ်နေတာ။ ‌မနေ့ကတော့ တိုက်ပွဲနဲ့လုံးဝမဆိုင်တဲ့ကျောင်းကုန်းရွာကို ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်သွားတယ်။ လာပစ်မယ်မထင်တော့ အရပ်သားတွေထိကုန်တယ်”လို့ မြို့ခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျောင်းကုန်းရွာကိုအောက်တိုဘာလ ၁၂ရက်မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်တာဖြစ်ပြီး ကလေးငယ်တစ်ဦးနဲ့အမျိုးသမီးသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အင်း‌‌တော်မြို့နယ်ထဲမှာအောက်တိုဘာ ၁၀ရက်ကတိုက်ပွဲတွေပြင်းထန်နေစဉ် စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်နှစ်ဦးသေဆုံးခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းမှာ ကသာမြို့အခြေစိုက်ခြေမြန်တပ်ရင်းခမရ(၃၀၉) နဲ့ ထီးချ်ိုင့်မြို့ထဲမှာတပ်စွဲထားတဲ့စစ်ကြောင်းတွေကို အင်းတော််မြို့ဘက်ဆီ နှစ်ဘက်ညှပ်ပြီး စစ်ကြောင်းထိုးဝင်လာတာပါ။ရွှေဘို- မြစ်ကြီးနားလမ်းရဲ့အဓိကလမ်းပိုင်းဖြစ်တဲ့ မဲဇာရွာကို အောက်တိုဘာလဆန်းပိုင်းမှာစစ်ကြောင်းတွေထပ်မံဝင်ရောက်လာပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

အောက်တိုဘာလ၁၁ရက်နေ့မှာမဲဇာရွာကိုစစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့ပြီး ဝန်းသိုမြို့ဘက်ကိုဦးတည်နေတယ်လို့သိရပါတယ်။မဲဇာ​​ရွာ​မြောက်ဘက်မှာဖြစ်ပွားတဲ့တိုက်ပွဲမှာစစ်တပ်က ​သေဆုံးထိခိုက်သူများပြားခဲ့တယ်လို့စစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။ အဲဒီစစ်​ကြောင်းက ဒဏ်ရာရသူ​တွေကို စစ်ကား​တွေနဲ့ ပြန်သယ်ကြပြီး ကားအစီး​ရေးအများအပြားသုံးကာ ဒဏ်ရာရစစ်သား​တွေသယ်ထုတ်​​နေရတယ်လို့ စစ်​ရေးရင်းမြစ်အချို့က​ပြောပါတယ် ။

အင်းတော်နဲ့ဝန်းသိုမြို့နယ်ဟာ ‌မိုင်၄၀ နီးပါးကွာဝေးပါတယ်။ ဝန်းသို့မြို့နယ်ကဒေသခံတွေအတွက် လုံခြုံရေးအထူးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင် ၊ အမှတ်(၄)တပ်ရင်းက အောက်တိုဘာလ၁၁ရက်နေ့မှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ဒေသတွင်းမှာ စစ်ကောင်စီကနယ်မြေရရှိရေးအတွက်ကြိုးစားနေပြီး လေကြောင်းကနေ အချိန်မရွေးပစ်ခတ်နိုင်တာကိုသတိပြုဖို့နဲ့ မြေပြင်စစ်ကြောင်းအန္တရာယ်တွေကိုသတိပြုဖို့ ထုတ်ပြန်ထားပါတယ်။အရေးပေါ်အခြေအနေကြုံတွေ့လာခဲ့ရင် တည်ငြိမ်စွာဖြေရှင်းဖို့နဲ့ လိုအပ်တဲ့အကူအညီတွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေထံ ဆက်သွယ်တောင်းခံဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင်လူမှုကွန်ရက်သုံးစွဲမှုကိုဂရုပြုဖို့၊ လူစုလူဝေးနေ‌ထိုင်မှုကိုရှောင်ရှားပေးဖို့နဲ့ ဘုန်း‌တော်ကြီးကျောင်း၊ စာသင်ကျောင်းတွေနဲ့ ဝေးရာမှာနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်မြို့နယ်၊မဲဇာရွာကထွက်လာတဲ့စစ်တပ်စစ်ကြောင်းဟာလေကြောင်း ပစ်ကူယူပြီး ဝန်းသိုမြို့နယ်ဘက်က်ို ဦးတည်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးတိုင်းအစပ်က မင်းတုန်းမြို့နယ်အနောက်ခြမ်းကနေ ရခိုင်ရိုးမပေါ် တက်ဖို့ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းတွေ တိုက်ခိုက်ခံရပြီး လန်ကျနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ တော်လှန်ရေးရဲဘော်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်း၀င်တဲ့ ကျေးရွာက ပြည်သူတွေကို ကယ်ထုတ်ဖို့သွားရင် ပခုက္ကူခရိုင် တပ်ရင်း(၁၉)တပ်ခွဲ-၃ က ရဲဘော် တချို့ကျဆုံးပြီး တပ်ခွဲမှူး ဗိုလ်မထား ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ကြိုး၀ကျေးရွာမှာ အထိုင်ချပြီး ရခိုင်ရိုးမဘက်တက်ဖို့ကြိုးပမ်းမယ့် အာဏာသိမ်းစစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရာ အထိနာပြီး မင်းတုန်းမြို့ဘက်ပြန်ဆုတ်သွားတယ်လို့ သရက်ခရိုင်အမှတ် (၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook