Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ ပိုးဟပ်လှုပ်ရှားမှု ခေါင်းဆောင်ပိုင်းနှစ်ဦး ထောင် ၅ ရက်စီ အချခံရ

တားမြစ်ထားတဲ့ နေရာကို ဖြတ်သန်းဝင်ရောက်မှုအတွက် အိန္ဒိယ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှုရဲ့ ခေါင်းဆောင်ပိုင်းနှစ်ဦး ထောင် ၅ ရက်စီ ကျသွားကြောင်း သိရပါတယ်။

ဓာတ်ပုံ - The New York Times

တားမြစ်ထားတဲ့ နေရာကို ဖြတ်သန်းဝင်ရောက်မှုအတွက် အိန္ဒိယ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှုရဲ့ ခေါင်းဆောင်ပိုင်းနှစ်ဦး ထောင် ၅ ရက်စီ ကျသွားကြောင်း သိရပါတယ်။

အရှူတော့ရှ်ရန်ကာနဲ့ ဆူရက်ဗ်ဒက်စ်တို့ဟာ ဒေလီမြို့တော် ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေ မဝင်ရောက်နိုင်အောင် တားမြစ်ထားတဲ့ ဂျန်တန်မန်တာ ဧရိယာမှာ အတားအဆီးတွေကို ကျော်ဝင်ခဲ့တဲ့အတွက် အောက်တိုဘာ ၁၄ ရက်နေ့မှာ အဖမ်းခံခဲ့ရပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့မှာတော့ ပိုးဟပ်ပြည်သူ့ပါတီ (CJP)က သူတို့နှစ်ဦး ထောင် ၅ ရက်စီ အချခံရတဲ့ သတင်းကို အတည်ပြုခဲ့ပါတယ်။

CJPဟာ အာဏာရ ဘာရတ်တီယာ ဂျန်နက်တာ ပါတီ (BJP)ကို သရော်ပြီး လူငယ်အများစု စုဖွဲ့ထားတဲ့ နိုင်ငံရေး လှုပ်ရှားမှု တစ်ခုဖြစ်ပြီး တရားဝင် နိုင်ငံရေးပါတီတစ်ခု မဟုတ်ပါဘူး။ CJP ခေါင်းဆောင် အက်ဘ်ဟီဂျိ ဒစ်ပ်ကီက လူမှုကွန်ရက်ပေါ် တင်ထားတဲ့ ဗီဒီယိုမှာတော့ ရန်ကာနဲ့ ဒက်ဗ်တို့ နှစ်ဦးဟာ အတားအဆီးတွေကို ကျော်လွှားပြီး နိုင်ငံတော် အလံကို ကိုင်ရင်း ဂျန်တန်မန်တာက လမ်းတစ်လမ်းထဲ ဝင်ပြေးပြီး ရဲတွေက သူတို့ကို လိုက်လံ ဖမ်းဆီးခဲ့တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အတိုက်အခံ နိုင်ငံရေး အင်အားစုတွေနဲ့ CJPတို့ဟာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နုတ်ထွက်ပေးဖို့ ဆန္ဒပြ လှုပ်ရှားမှုတွေ လုပ်ဆောင်နေခဲ့ပြီး ရဲတွေကလည်း လူစုလူဝေး ကြီးထွားမလာအောင် နည်းလမ်းမျိုးစုံနဲ့ တားဆီးနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆန္ဒပြသူတွေ အပါအဝင် လူပေါင်းထောင်နဲ့ချီ အဖမ်းခံရတာကြောင့် အကြီးစား ဆန္ဒပြပွဲတွေ ဖြစ်မလာပေမယ့် မြို့တော် ဒေလီမှာတော့ ပြောက်ကျားသပိတ်ဆန်ဆန် ချီတက်မှုတွေ ဆက်လက် ဖြစ်ပွားနေဆဲပါ။

ရွေးကောက်ပွဲ ကော်မရှင်ဟာ အိန္ဒိယ ရွေးကောက်ပွဲ မဲစာရင်းတွေမှာ လူသန်းပေါင်းများစွာရဲ့ နာမည်တွေကို ပယ်ဖျက်ပြီး ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီရဲ့ (BJP)ပါတီ အနိုင်ရစေဖို့ ကူညီပေးခဲ့ကြောင်း အတိုက်အခံတွေက စွပ်စွဲထားပါတယ်။ ဒါကြောင့်လည်း ကော်မရှင် အကြီးအကဲ ဂျန်နက်ရှ်ကူးမား နုတ်ထွက်ပေးဖို့ ဆန္ဒပြ တောင်းဆိုနေကြတာပါ။ အစိုးရနဲ့ ကော်မရှင်ဖက်ကတော့ စွပ်စွဲမှုတွေကို ငြင်းဆိုထားပါတယ်။

ဒေလီမြို့လယ်က ဆန္ဒပြသူတွေ စုဝေးလေ့ရှိတဲ့ ဂျန်တန်မန်တာ ဧရိယာမှာတော့ ရဲအင်အား ထူထူထပ်ထပ် ချထားပြီး လူစုလူဝေး ဖြစ်မလာအောင် တားဆီးနေကြဆဲပါ။ နေရာအနှံ့မှာလည်း ဆေးအဝါ သုတ်ထားတဲ့ လမ်းအတားအဆီးတွေကို ချထားတာ တွေ့ရပါတယ်။

ဒစ်ပ်ကီကတော့ ထောင် ၅ ရက် အချခံခဲ့ရတဲ့ ရန်ကာနဲ့ ဒက်စ်တို့ဖက်က ကာကွယ်ရပ်တည်ခဲ့သလို ဝန်ကြီးချုပ် မိုဒီအနေနဲ့ နည်းနည်းပါးပါး သတ္တိရှိသင့်ကြောင်း လူမှုကွန်ရက်ပေါ်မှာ လှောင်ပြောင် ရေးသားထားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အတိုက်အခံ နိုင်ငံရေးပါတီတွေ ဦးဆောင်ပြီး လူပေါင်း ထောင်နဲ့ချီ ပါဝင်တဲ့ ဆန္ဒပြသူတွေဟာ မြို့တော် ဒေလီက အိန္ဒိယ တရားရုံးချုပ်ဆီ ချီတက်ပြီး ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံက ခရီးသည်တင် လေယာဉ်တစ်စီးပေါ်မှာ ပါဝါဘန့်ခ် မီးလောင်မှုကြောင့် လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

အိန္ဒိယမှာ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှု တစ်ခုဖြစ်တဲ့ ပိုးဟပ်ပြည်သူ့ပါတီ (CJP) ထူထောင်သူ အက်ဘ်ဟီဂျိထိ ဒစ်ပ်ကီကို အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းထားရာကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

လူငယ်အများစု ပါဝင်ပြီး အစိုးရကို သရော်လှောင်ပြောင်ထားတဲ့ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှု ခေါင်းဆောင်တွေ အပါအဝင် ဆန္ဒပြသူတွေ၊ အတိုက်အခံ နိုင်ငံရေးသမားတွေ၊ ဂျာနယ်လစ်တွေ၊ ကျောင်းသား သမဂ္ဂ ခေါင်းဆောင်တွေ၊ ရှေ့နေတွေ စုစုပေါင်း လူ ၁၀၀၀ ကျော်လောက်ကို အိန္ဒိယက ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပါတယ်။