Connect with us

Hi, what are you looking for?

သတင်း

ပလက်၀ဒေသ စစ်တပ်လေကြောင်းတိုက်ခိုက်မှု CNF ရှုတ်ချ၊ ပြည်သူတွေ လေကြောင်းရန် သတိပေး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က သတင်းထုတ်ပြန်ပါတယ်။

(ပလက်၀မြို့နယ် ဒိုင်ရ်ဒေသ ပီချောင်းဆုံနေရာကို စစ်တပ်လေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ − ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်)

အောက်တိုဘာ ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ အောက်တိုဘာ ၁၈ရက်နဲ့ ၁၉ရက်မှာ ပလက်၀မြို့နယ် ဒိုင်ရ်ဒေသ ပီချောင်းဆုံနေရာကို ၂ရက်ဆက် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် အပါအဝင် ပြည်သူ ၉ဦးသေဆုံးကာ ၅ဦး ဒဏ်ရာရရှိခဲ့တဲ့အပေါ် CNFက အခုလို ထုတ်ပြန်ခဲ့တာပါ။

စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း ဖော်ပြထားပြီး ထိခိုက်ဒါဏ်ရာရရှိသူ ပြည်သူများလည်း အမြန်ဆုံး သက်သာကျန်းမာပါစေလို့ ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုဟာ သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်ကြောင်း CNFက ထုတ်ပြန်ခဲ့ပြီး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ အကြမ်းဖက်လုပ်ရပ်ကို ထပ်ခါထပ်ခါ ကျူးလွန်နေခြင်းဖြစ်ကြောင်း ဖော်ပြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အာဏာတည်မြဲရေးအတွက် အရပ်သားပြည်သူများကိုပါ မခွဲခြားဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေလို့ ပြည်သူတွေလေကြောင်းရန် သတိပြုကြဖို့လည်း CNFက တိုက်တွန်းထားပါတယ်။

CNF အနေနဲ့လည်း စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးနဲ့ ဆင်နွှဲနေတဲ့ ပြည်သူ့တော်လှန်ရေးအောင်မြင်ရေးအတွက် ဘုံရည်မှန်းချက်တူညီသော တော်လှန်ရေးအင်အားစု များနဲ့ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

စစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဒိုင်ရ်ဒေသဟာ ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) ထိန်းချုပ်နယ်မြေဖြစ်ပြီး အခုလို ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့အပေါ် ရှုံးမဲမဲ တာဖြစ်တယ်လို့ CPU/CPAက ထုတ်ပြန်ထားပါတယ်။

စစ်တပ်ဟာ CPU/CPA ထိန်းချုပ်ဒေသတွေဖြစ်တဲ့ မင်းတပ်နဲ့ ကန်ပက်လက် ဒေသတွေ ပြန်လည်ရယူနိုင်ဖို့ မေလကတည်းက ထိုးစစ်ဆင်လျက်ရှိရာ ၅လကြာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကန်ပက်လက်၊ မင်းတပ်၊ ရွှေအောင်သာ၊ ကျင်ဒွေး စတဲ့ စစ်မျက်နှာတွေမှာ စစ်တပ် စစ်ကြောင်းကို ချင်းပြည်သူ့တပ်မတော်(CPU/CPA)နဲ့ မဟာမိတ်ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်လျက်ရှိတယ်လို့ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲမှာ အထိနာနေတာကြောင့် တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ အရပ်သားပစ်မှတ်များဖြစ်သော လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အဦများနဲ့ ဈေးဆိုင်ခန်းများကို အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိဟု အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အသက် ၇၈နှစ်အရွယ် အဘွားအို သေဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဒီနေ့ အောက်တိုဘာ၂၂ရက် နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံနှစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၂ရက် နေ့လယ်က စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သား ၄ဦး ဒဏ်ရာရရှိသွားပါတယ်။

သတင်း

သူ့ရဲ့မိခင်ဆီ စာအုပ်လက်ဆောင် ပေးခဲ့တဲ့ ဗြိတိန်ဘုရင် ချားလ်စ်ရဲ့ လုပ်ရပ်ဟာအာဏာသိမ်းစစ်တပ်ကို အစိုးရအဖြစ် သွယ်ဝိုက် အသိအမှတ်ပြုသလို ဖြစ်သွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဝေဖန် ထောက်ပြသွားခဲ့ပါတယ်။