အောက်တိုဘာ-၂၂၊၂၀၂၆။ဇော်ရမ်း/People’s Spring
စစ်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်မှာ ရွှေဆိုင်ပိုင်ရှင် သိန်းထောင်ချီလုယက်ခံရပြီး ၂ရက်အကြာမှာပဲ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်တစ်ဆိုင် ဓားပြတိုက်ခံမှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၂ရက် ညနေပိုင်းမှာ လားရှိုးမြို့အမှတ်(၁၂)ရပ်ကွက်က ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်ကို အမျိုးသား ၂ဦးက ဓားပြတိုက်သွားတာလို့ မြို့ခံတွေက ပြောပါတယ်။
” သေနတ်ပါတယ်။ သေနတ်နဲ့ ခြိမ်းခြောက်ပြီး ငွေဓားပြတိုက်တာ။ ငွေပါသွားတယ်ပြောတယ်။ ဓားပြကိုမမိဘူး”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement
စစ်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ လုယက်မှုတွေ၊ ဓားပြမှုတွေ၊ ပြန်ပေးဆွဲမှုတွေနဲ့ ခိုးမှုတွေ မကြာခဏဖြစ်နေပါတယ်။အောက်တိုဘာ၁၉ရက် ညနေကလည်း လားရှိုးမြို့ပေါ်က ရွှေဆိုင်ပိုင်ရှင်နဲ့မိသားစုဟာ ညနေပိုင်း ဈေးကနေဆိုင်ပိတ်ပြီး ပြန်လာစဉ် ဆိုင်ကယ်စီးသေနတ်သမား ၂ဦးက နောက်ကနေလိုက်လာပြီး လုယက်မှုဖြစ်ခဲ့ပါတယ်။ အဲဒီလုယက်မှုမှာ ကျပ်သိန်း ၁၀၀၀ခန့် ပါသွားတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ သီပေါနဲ့ မိုးမိတ် မြို့တွေကို စစ်တပ်ကထိန်းချုပ်ထားပြီး ကျန်မြို့နယ်တွေကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့တွေမှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့အခြေအနေက ကြောက်စရာကောင်းနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်နဲ့ နီးစပ်တဲ့ သူတွေကလည်း ဒေသတွင်းမှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက် သတိနဲ့နေထိုင်ကြဖို့ လူမှုကွန်ရက်ပေါ်မှာရေးသားပြောဆိုနေကြပါတယ်။




















































