အောက်တိုဘာ – ၂၅ ၊၂၀၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့မှာမနေ့ (အောက်တိုဘာလ ၂၄ ရက်) ညပိုင်းက မီးပုံးပျံအတွက် ယမ်းစပ်ရာကနေ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ကျွမ်းတာကြောင့် ကလေးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံ အချို့ဆီကသိရပါတယ်။
မနေ့ ညပိုင်း ၇ နာရီခွဲဝန်းကျင်မှာ တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ နယ်မြေ (၁) ၊ မြရတနာလမ်းရှိ နေအိမ်တစ်လုံးမှာ မီးပုံးပျံအတွက် ယမ်းစပ်နေချိန် ပေါက်ကွဲမှုဖြစ်ပြီးနောက်ဆက်တွဲ အနေနဲ့ မီးလောင်မှု ဖြစခဲ့တာပါ။
“ညမီးကြီးအတွက် ယမ်းစပ်တာ ပေါက်ကွဲပြီး မီးလောင်မှုဖြစ်တာပါ၊ လူတစ်ယောက်ဆုံးသွားတယ် ၊အိမ်လည်း မီးလောင်သွားတယ်”လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

Public Service Announcement
သေဆုံးသူဟာအသက် ၁၃ နှစ်အရွယ် Grade 6 ကျောင်းသားလေးဖြစ်ပြီးအခြားအမျိုးသားသုံးဦးလည်းထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
နှစ်စဉ်ကျင်းပလေ့ရှိတဲ့တောင်ကြီးတန်ဆောင်တိုင်ပွဲကိုအောက်တိုဘာ ၁၈ ရက်ကနေ အောက်တိုဘာ၂၅ရက်အထိ အဝေရာကွင်းမှာ ကျင်းပနေတာပါ။



















































