Connect with us

Hi, what are you looking for?

သတင်း

တိုက်ကြီးမြို့ မှန်ပြတောင်မှာ ယာဉ်တိမ်းမှောက်မှုဖြစ်

ရန်ကုန်မြို့၊တိုက်ကြီးမြို့နယ်က မှန်ပြတောင်မှာ ယာဉ် ၁စီးတိမ်းမှောက်မှုဖြစ်ပြီး ဒဏ်ရာရရှိသူ ၂ဦးရှိတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - Myanmar Fire Services Department

အောက်တိုဘာ-၂၅၊၂၀၂၆။တေဇ/People’s Spring

ရန်ကုန်မြို့၊တိုက်ကြီးမြို့နယ်က မှန်ပြတောင်မှာ ယာဉ် ၁စီးတိမ်းမှောက်မှုဖြစ်ပြီး ဒဏ်ရာရရှိသူ ၂ဦးရှိတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၅ ရက် နံနက် ၉ နာရီခွဲလောက်မှာ မှန်ပြတောင်ကိုသွားတဲ့ ကား ၁စီး လမ်းဘေးမှာကာထားတဲ့ တန်းကိုကျော်ပြီး လမ်းဘေးကိုထိုးကျကာ ကားကပြောင်းပြန်အနေအထားနဲ့ တိမ်းမှောက်ခဲ့တာပါ။

ယာဉ်တိမ်းမှောက်မှုမှာ အမျိုးသား ၁ဦး အမျိုးသမီး ၁ဦး မစိုးရိမ်ရဒဏ်ရာတွေရတယ်လို့ မီးသတ်ကထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

မှန်ပြတောင်က ရုံးပိတ်ရက်တွေမှာ သွားရောက်လည်ပတ်သူ များတဲ့နေရာတစ်ခုဖြစ်ပြီး တောင်တက်လမ်းအခြေအနေကြောင့် ယာဉ်တိမ်းမှောက်မှုတွေ ဖြစ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရုံးပိတ်ရက်ရှည်ကြောင့် ခရီးထွက်သူများပြားတဲ့ကာလမှာ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတာဖြစ်ပြီး မနေ့က(အောက်တိုဘာ၂၄) မန္တလေး-ပြင်ဦးလွင်လမ်းမှာ ခရီးသည်တင်ကား ချောက်ထဲကိုကျခဲ့တာကြောင့် သေဆုံးသူ ၁၂ ဦးအထိရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန် - မန္တလေး အမြန်လမ်းတွင် သံဃာတော်နှစ်ပါးလိုက်ပါလာသော ကားတစ်စီးတိမ်းမှောက်ပြီး အဆိုပါ သံဃာတော်နှစ်ပါး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ အချို့က အာဏာသိမ်းစစ်ကောင်စီ၏ ကန့်သတ်ထားသည့် အချိန်ကြောင့် အမြန်မောင်းနှင်ရာမှ ဖြစ်နိုင်ကြောင်း သုံးသပ် ရေးသားထားသည်။