Connect with us

Hi, what are you looking for?

သတင်း

သုဝဏ္ဏဘောလုံးကွင်းရှေ့တွင် ယာဉ်တိမ်းမှောက်မှု လူနှစ်ဦးသေဆုံး

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ အချို့က အာဏာသိမ်းစစ်ကောင်စီ၏ ကန့်သတ်ထားသည့် အချိန်ကြောင့် အမြန်မောင်းနှင်ရာမှ ဖြစ်နိုင်ကြောင်း သုံးသပ် ရေးသားထားသည်။

(ယာဉ်တိမ်းမှောက်မှုဖြစ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Dine G Nay/FB)
(ယာဉ်တိမ်းမှောက်မှုဖြစ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Dine G Nay/FB)

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏဘောလုံးကွင်းရှေ့တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး လူနှစ်ဦးသေဆုံးကြောင်း သေဆုံးသူနှင့်နီးစပ်သူများက ပြောသည်။

“ကိုနောင်နဲ့ မိုးယံ နောက်ဘဝ ဒီလိုအဖြစ်မျိုး မဖြစ်ပါစေနဲ့ဟာ ကိုနောင်ရော မောင်ရော ထွက်သွားတာ အရမ်းစောလွန်းတယ်”ဟု သေဆုံးသူ အမျိုးသားနှစ်ဦး နှင့်ရင်းနှီးသူတစ်ဦးက ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

ဧပြီ ၃ ရက် ည ၁၁ နာရီခန့်တွင် ယာဉ်တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ကားပေါ်တွင်လိုက်ပါလာသူ အမျိုးသားနှစ်ဦးမှာ သေဆုံးပြီး အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရသည့် ဒဏ်ရာများရရှိကြောင်း မီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

တိမ်းမှောက်မှုဖြစ်သည့် ယာဉ်သည် Honda Fit Ge6အမျိုးအစားဖြစ်ပြီး ကားတစ်စီးလုံး ပျက်ဆီးနေသည်ကို အခင်းဓာတ်ပုံများတွင် တွေ့ရသည်။

Public Service Announcement

Public Service Announcement

အမျိုးသားနှစ်ဦးမှာ သေဆုံးသွားပြီး အမျိုးသမီးသည် အရေးပေါ်အခြေအနေဖြင့် ဆေးကုသမှုခံယူနေရကြောင်း အထက်ပါ ရင်းနှီးသူက ရေးသားထားသည်။

သေဆုံးသူနှစ်ဦးအနက် တစ်ဦးသည် Cuba 4 ဆိုင်မှ MC Naung Naung ဖြစ်ကြောင်း ၎င်းနှင့်ရင်းနှီးသူများက လူမှုကွန်ရက်၌ ရေးသားထားကြသည်။

“ငါတကယ်စိတ်မကောင်းဘူးကွာMCနောင်နောင်ရာ၊ မင်းသွားတာတကယ်စောလွန်းတယ်ကွာ DJဖွင့်တိုင်းအမြဲဘေးကနေမင်းစနောက်နေကြလေကွာ၊ တကယ်မဟုတ်ပါစေနဲ့ဆုတောင်းနေတဲ့ကြားကမင်းကွာ ” DJ David Phyo ကရေးသားထားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ အချို့က အာဏာသိမ်းစစ်ကောင်စီ၏ ကန့်သတ်ထားသည့် အချိန်ကြောင့် အမြန်မောင်းနှင်ရာမှ ဖြစ်နိုင်ကြောင်း သုံးသပ် ရေးသားထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။