Connect with us

Hi, what are you looking for?

သတင်း

ဘုံတိုဆီမီးသပိတ်လေကြောင်းတိုက်ခိုက်ခံရမှု (၁) နှစ်ပြည့် ဝမ်းနည်းခြင်းသပိတ် ပြုလုပ်

စစ်ကိုင်းတိုင်း၊ ကလေး၊ ဘုတလင်၊ ရွှေဘိုနဲ့ လက်ပံတောင်းတောင်ဒေသတွေမှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဘုံတိုဆီမီးသပိတ်လေကြောင်းတိုက်ခိုက်ခံရမှု (၁)နှစ်ပြည့် ဝမ်းနည်းခြင်းအဖြစ် သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၅) ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - GSCB ၊ ရွှေဘိုမြိုနယ်သပိတ်အင်အားစု၊ ကလေးမြို့နယ်လူထုသပိတ်

အောက်တိုဘာ ၂၅၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေး၊ ဘုတလင်၊ ရွှေဘိုနဲ့ လက်ပံတောင်းတောင်ဒေသတွေမှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဘုံတိုဆီမီးသပိတ်လေကြောင်းတိုက်ခိုက်ခံရမှု (၁)နှစ်ပြည့် ဝမ်းနည်းခြင်းအဖြစ် သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၅) ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ ပင်မသပိတ်အင်အားစုက ဦးဆောင်ပြီး ဘုံတိုဆီမီးသပိတ်လေကြောင်းတိုက်ခိုက်ခံရမှု ၁ နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် “သွေးမြေကျခဲ့တဲ့ သစ္စာတရား၊ ဆီမီးများနဲ့သယ်ဆောင်သွား” စာသားနဲ့ သီတင်းကျွတ်လှုပ်ရှားမှု ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့ပါတယ်။

ကလေးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနဲ့အတူ ၂၀၂၅ ဘုံတိုဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှု (၁) နှစ်ပြည့် ဝမ်းနည်းအောက်မေ့သတိရခြင်းအထိမ်းအမှတ် “သွေးစည်းညီညွတ်ရေး ဆီမီးသပိတ်” ကို ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဘုံတိုဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကျဆုံးခဲ့ရတဲ့ သပိတ်ကော်မတီအဖွဲ့ဝင်တွေ၊ ရဲဘော်ရဲဖက်တွေ၊ ဒေသခံပြည်သူ​တွေ၊ ကျန်ရစ်သူ မိသားစုဝင်တွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းရကြောင်းလည်း ကလေးလူထုသပိတ်က ဖော်ပြခဲ့ပါတယ်။

ဘုတလင်မြို့နယ်မှာလည်း သပိတ်အင်အားစုဝင်တွေက ဘုံတိုဆီမီးသပိတ်လေကြောင်းတိုက်ခိုက်ခံရမှု ၁ နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် “သွေးမြေကျခဲ့တဲ့ သစ္စာတရား၊ ဆီမီးများနဲ့သယ်ဆောင်သွား” စာသားနဲ့ သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုက ဦးဆောင်ပြီး တော်လှန်အသိ တော်လှန်သတိရှိသော တော်လှန်လူထုက ဆီမီးသပိတ် ပုံဖော်ထွန်းညှိကာ မြန်မာပြည်ကြီးအမြန်လွတ်မြောက်ပါစေကြောင်း ဆုတောင်းခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမှာ အာဏာသိမ်း စစ်တပ်က ဒီ​နေ့ လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ဒေသခံ အမျိုးသမီး ၆ ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာ လေကြောင်းတိုက်ခိုက်မှုမှာ အသက် တစ်နှစ်ခွဲကလေးငယ်ကနေ အသက် ၈၀ အရွယ် အဘွားအိုအထိ ပါဝင်ပြီး သေဆုံးခဲ့သူ ၁၂ ဦးရဲ့ အချက်အလက်တွေကို ရေစကြိုသတင်းအချက်အလက်ကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကရင်နီပြည်မှာအာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြီးခဲ့တဲ့နှစ်လတာအတွင်းအရပ်သားပြည်သူ ၂၀ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့( KNDF) ကအောက်တိုဘာလ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။