Connect with us

Hi, what are you looking for?

သတင်း

အမျိုးသမီးတရားသူကြီးနှစ်ဦးနဲ့ဗိုလ်မှူးတဦးပါ အုပ်စုဖွဲ့ မူးယစ်ဆေးသုံးစွဲနေသူတွေကို ရန်ကုန်က KTV မှာဖမ်းမိ

ဗိုလ်မှူးနဲ့ အမျိုးသမီးတရားသူကြီးနှစ်ဦးကိုချန်လှပ်ပြီးအမှုလမ်းကြောင်းပြောင်းဖို့စီစဥ်​

(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းမှာ KTV ၊ ဘား နဲ့ Hi ခန်း​တွေမှာ မူးယစ်​ဆေးဝါး​ရောင်းဝယ်သုံးစွဲမှု​တွေပိုများ​နေပါတယ်။ မူးယစ်​ဆေးဝါးသုံးစွဲတာ ​ဆေးလွန်ပြီး​သေဆုံးသူ​တွေလည်းဆက်တိုက်ရှိ​နေပါတယ်)

​အောက်တိုဘာ-၂၅၊၂၀၂၆။အိမ်သွင်/People’s Spring

ရန်ကုန်၊တောင်ဥက္ကလာပမြို့နယ်က KTV တစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးစဉ် ဖမ်းမိတဲ့အထဲမှာ အမျိုးသမီးတရားသူကြီးနှစ်ဦး နဲ့ စစ်တပ်ကဗိုလ်မှူးတစ်ဦး ပါဝင်နေပြီး အမှုတွဲကနေ ဖယ်ထုတ်ဖို့ ကြိုးပမ်းနေတယ်လို့စုံစမ်းသိရပါတယ်။

တောင်ဥက္ကလာပမြို့နယ်၊(၈)ရပ်ကွက်၊ စက်မှု(၆)လမ်းပေါ်မှာရှိတဲ့ KTV တစ်ခုကိုမူးယစ်ရဲတပ်ဖွဲ့ကအောက်တိုဘာ ၂၅ ရက်နေ့ မနက် ၁ နာရီခန့်မှာ ဝင်ရောက် စစ်ဆေးစဉ် စုစုပေါင်း၂၃ ဦးကိုဖမ်းမိခဲ့ပါတယ်။ အဲဒီထဲမှာ အမျိုးသမီးတရားသူကြီးနှစ်ဦးနဲ့ အာဏာသိမ်းစစ်တပ်ကဗိုလ်မှူးတစ်ဦး ပါဝင်နေတာလို့ ရန်ကုန်မြို့မှာရှိနေတဲ့ တရားရေးသတင်း ရင်းမြစ်ကပြောပါတယ်။

” ဖမ်းခံထိတာအမှန်ပဲ။ နေပြည်တော်တရားရေးရုံးချုပ်အထိ ကွိုင်တက်နေတယ်”လို့ ၎င်းကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရတဲ့အထဲမှာ အုတ်ဖိုမြို့နယ်တွဲဖက် တရားသူကြီး ဒေါ် နွယ်နီမြင့်၊ ဖြူးမြို့နယ်တွဲဖက်တရားသူကြီး ဒေါ်အိမ့်မှူးခင် နဲ့အတူ စစ်တပ်မှဗိုလ်မှူးတစ်ဦးလည်းပါဝင်တယ်လို့ ဆိုပါတယ်။

“ရန်ကုန်က ဘားတွေ၊ ကေတီဗီတွေကို ဝင်စစ်မယ်လို့သတင်းကရပြီးသား။ ဒါကြောင့်ရန်ကုန်ကလူတွေကဒီရက်မသွားဘူး။ရှောင်ကြတယ်။အခုကနယ်ကတက်လာပြီး ကမျင်းကြောထကြတာ။လူတွေကို သူတို့အခန်းထဲက အများဆုံးမိတာ “လို့ ရန်ကုန်သတင်းရင်းမြစ်ကပြောပါတယ်။

၎င်းတို့ဆီကနေယခုနောက်ပိုင်းလူငယ်အများစုသုံးနေတဲ့ Happy Water နဲ့ စိတ်ကြွဆေးပြားတွေ သိမ်းဆည်းထားတယ်လို့လည်းသိရပါတယ်။

အဆိုပါအမှုကို တရားမစွဲဆိုခင် အမျိုးသမီးတရားသူကြီးနှစ်ဦးနဲ့ စစ်တပ်ကဗိုလ်မှူးကို ချပ်လှပ်ပြီးအမှုတည်ဆောက်ဖို့အပြင် ဌာနတွင်းစုံစမ်းစစ်ဆေးဖို့သာ လုပ်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့ ဒီဖြစ်စဉ်ကိုသိရှိထားတဲ့ တရားရေးသတင်းရင်းမြစ်က People’s Spring ကိုပြောပါတယ်။

“အမှန်ကKTV နဲ့ နယ်‌ မြေရဲနဲ့ကအချိတ်အဆက်ရှိပြီးသား။အခုကကြ မူးယစ်ရဲဘက်ကနေအရင်ဝင်လိုက်တာမှာဖမ်းခံထိတာ။တရားသူကြီးမတွေ ည ၁ နာရီအထိကေတီဗွီမှာ အုပ်စုဖွဲ့ရှိနေတာက ဘယ်လောက်တောင်ပျက်စီးနေတယ်ဆိုတာသာ ကြည့်တော့”လို့ အထက်ပါတရားရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

အာဏာသိမ်းစစ်တပ်လက်ထက်မှာ တရားသူကြီးတွေဟ စစ်အာဏာရှင်တွေအလိုကျ အမိန့်ချနေကြပြီး အကျင့်စာရိတ္ထ‌ပျက်စီးနေသလို အဂတိတိုက်စားမှုတွေလည်းအလွန်ဆိုးရွားနေတယ်လို့ တရားရေး အသိုင်းအဝိုင်းကပြောပါတယ်။

မန္တ​လေးမြို့မှာလည်း စစ်တပ်ကအရာရှိ​တွေကိုယ်တိုင် မူးယစ်​​ဆေးဝါး​ရောင်းဝယ်သုံးစွဲတာ​တွေများ​နေပြီး ​နောက်ဆက်တွဲ ပြသာနာတက်တဲ့အခါမျိုးမှာသာ စစ်တပ်ကဖမ်းဆီးစစ်​ဆေးတာ​တွေလုပ်​လေ့ရှိတယ်လို့ စစ်တပ်အသိုင်းအဝိုင်းကသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ တရားစွဲဆို ခံထားရသူ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ စက်တင်ဘာ ၁၆ ရက်နေ့တုန်းက ICCရဲ့ ကနဦးအဆင့် ကြားနာမှု အစီအစဉ်ကို လူကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။