Connect with us

Hi, what are you looking for?

သတင်း

KNU မြို့နယ်အုပ်ချုပ်ရေးခေါင်းဆောင်တွေ စုံညီအစည်းအဝေးပြုလုပ်

အုပ်ချုပ်ရေးယန္တရားခိုင်မာရေးနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာတွေ ဆွေးနွေး

(KNU မြို့နယ်အုပ်ချုပ်ရေးခေါင်းဆောင်တွေ စုံညီအစည်းအဝေးပြုလုပ် နေစဉ်။ ဓာတ်ပုံ - KNU)

အောက်တိုဘာ ၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ ကော်သူးလေအတွင်းရှိ ခရိုင် (၇) ခရိုင်က မြို့နယ်အုပ်ချုပ်ရေးခေါင်းဆောင်များ စုံညီအစည်းအဝေးကို KNU ဗဟိုမှာ ၅ရက်ကြာ ကျင်းပခဲ့ပြီး အုပ်ချုပ်ရေးယန္တရား ခိုင်မာရေး၊ အဆင့်ဆင့်သော အုပ်ချုပ်ရေးများ စွမ်းဆောင်ရည်မြင့်တင်ရေး ဆိုင်ရာတွေ ဆွေးနွေးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၆ရက်ကနေ ၂၀ရက်နေ့အထိ ကျင်းပခဲ့တဲ့ မျက်နှာစုံညီအစည်းအဝေးမှာ KNU မြို့နယ် (၂၈) မြို့နယ် အုပ်ချုပ်ရေးခေါင်းဆောင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း (၆၉) ဦး တက်ရောက်ခဲ့သလို အဖွဲ့ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း အပါအဝင် KNU ဗဟို ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။

အစည်းအဝေးမှာ ဒေသအလိုက် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများ ဆွေးနွေးခဲ့သလို အုပ်ချုပ်ရေးဆိုင်ရာ ကြေညာစာတမ်းဖြစ်တဲ့” မဲ့ဝါးကလိုး ကြေညာစာတမ်း” ပါ အခြေခံမူများကို ပြန်လည်သုံးသပ်တာ လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တတိယအကြိမ်မြောက် မြိုနယ်အုပ်ချုပ်ရေးခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးရဲ့ ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ရာ ကော်သူးလေဒေသရဲ့ ရေရှည်တည်ငြိမ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပြည်သူ့ရေးရာအုပ်ချုပ်မှုတို့ကို စဉ်ဆက်မပြတ် တိုးတက်ခိုင်မာရေးအတွက် အခြေခံအုတ်မြစ် ကောင်း များ ထူထောင်နိုင်ခဲ့ကြောင်း အသိပေးပါတယ်။

“မဲ့ဝါးကလိုး ကြေညာစာတမ်း”ကို ပြန်လည် သုံးသပ်ရာမှာလည်း ၂၀၂၄ မှာ ထုတ်ပြန်ခဲ့ပြီး ၂၀၂၅ မှာ ထပ်မံ အတည်ပြုခဲ့တဲ့ ကြေညာ စာတမ်းပါ ကောင်းမွန်သော အုပ်ချုပ်ရေး ကို လေးစားလိုက်နာခြင်း၊ ပြည်သူလူထု၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း၊ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို အားပေးခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ခြင်း၊ စဉ်ဆက် မပြတ် တိုးတက်မှုရှိစေခြင်း စတာတွေကို သုံးသပ်ကာ ခရိုင်/မြို့နယ်အလိုက် လက်တွေ့ အကောင်အထည် ဖော်နိုင်မှု အခြေအနေများကို ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကော်သူးလေ အတိုင်ပင်ခံကောင်စီနဲ့ ကော်သူးလေ အုပ်ချုပ်ရေးကောင်စီတို့ရဲ့ အခြေအနေအား တင်ပြ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ အတိုင်ပင်ခံကောင်စီနဲ့ အုပ်ချုပ်ရေးကောင်စီတို့ရဲ့ လက်ရှိ အခြေအနေ၊ သက်ဆိုင်ရာ ကောင်စီအသီးသီးရဲ့ လုပ်ငန်းတာဝန်တွေကို အကျေအလည် ဆွေးနွေးခဲ့တာလို့ ဖော်ပြပါတယ်။

“အောက်ခြေမှ အထက်သို့ ဦးတည်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၌ အခြေခံအကျဆုံးဖြစ်သည့် ကျေးရွာအုပ်စု(သို့) ကျေးရွာအုပ်ချုပ်ရေး ယန္တရား ခိုင်မာအားကောင်းမှုသည် အဓိကကျကြောင်း လက်ခံယုံကြည်သည်နှင့်အညီ တာဝန်ရှိသူများအတွက် ရည်ရွယ်သည့် “ကျေးရွာအုပ်စု (သို့) ကျေးရွာ အုပ်ချုပ်ရေးတွင် တာဝန်ယူထားသူများ အတွက် လမ်းညွှန်” အား တိုင်ပင် ဆွေးနွေးကာ အသုံးပြုနိုင်ရန် လုပ်ငန်းစဉ်များ ချမှတ်နိုင်ခဲ့ပါသည်” လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် “ကော်သူးလေမြို့ပြစီမံကိန်းလမ်းညွှန်” အား အပြန်အလှန် ဆွေးနွေးခဲ့ရာ နယ်မြေအတွင်း မြို့ပြများ တည်ဆောက်ရာမှာ ဒေသအခြေအနေ၊ ပြည်သူများရဲ့ လိုအပ်ချက် များနဲ့ ကိုက်ညီပြီး စနစ်ကျတဲ့ “ကော်သူးလေ မြို့ပြစီမံကိန်း လမ်းညွှန်” ကို တင်ပြဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မြို့နယ်အုပ်ချုပ်ရေးခေါင်းဆောင်များ အစည်းအဝေးမှာ အောက်ခြေမှအထက်သို့ (Bottom-up) အဆင့်ဆင့် တည်ဆောက်ရေး ချဉ်းကပ်မှုအပေါ် အခြေခံ၍ အခြေခံအုပ်ချုပ်ရေး အဆင့်ဆင့်၏ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အဖွဲ့အစည်းဆိုင်ရာ စနစ်တကျ ခိုင်မာအားကောင်းရေးတို့ကို တစ်ပြိုင် တည်း အလေးထား ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း ထုတ်ပြန်ပါတယ်။

အခုလို မြို့နယ်ခေါင်းဆောင်တွေရဲ့ မျက်နှာ စုံညီအစည်းအဝေးကို ၂၀၂၄ က စတင်ကျင်းပခဲ့တာဖြစ်ပြီး ကော်သူးလေနယ်မြေအတွင်းရှိ ခရိုင် (၇)ခရိုင် မှ မြိုနယ် (၂၈) မြိုနယ်အတွင်း အုပ်ချုပ်ရေး နဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကဏ္ဍတိုတွင် ဦးဆောင်စီမံနေသူများအကြား ချိတ်ဆက်မှုအားကောင်းပြီး ပူးပေါင်းညှိနှိင်း ဆောင်ရွက်မှုများ မြှင့်တင်ရန် ရည်ရွယ်ကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အသက် ၇၈နှစ်အရွယ် အဘွားအို သေဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြိုနယ် ပလောက်မြို့ရှိ စစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ တည်ရှိနေတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုကို တပ်အပြောင်းအလဲလုပ်ဖို့ စစ်ကြောင်းဝင်လာတဲ့ စစ်တပ်နဲ့ KNU တပ်တို့ ရက်ပိုင်းအကြာ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုအချို့ ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ရွာအခြေစိုက် အမှတ် (၃၁၈) အမြောက်တပ်ရင်းကနေ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ရွာဘက်ဆီ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ KNU တပ်မဟာ (၆) တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ် ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။