Connect with us

Hi, what are you looking for?

သတင်း

ကြာအင်းတောင်ဆီလည်ပတ်တဲ့အမျိုးသားတစ်ဦးမူးလဲပြီးသေဆုံး

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကြာအင်းတောင်ဆီ ဒီနေ့ (အောက်တိုဘာ ၂၆ ရက်​) သီတင်းကျွတ်လပြည့်နေ့မှာ လာရောက်လည်ပတ်တဲ့ ခရီးသွားတစ်ဦး မူးလဲပြီး အသက်ဆုံးပါးသွားတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကြာအင်းတောင်ဆီ ဒီနေ့ (အောက်တိုဘာ ၂၆ ရက်​) သီတင်းကျွတ်လပြည့်နေ့မှာ လာရောက်လည်ပတ်တဲ့ ခရီးသွားတစ်ဦး မူးလဲပြီး အသက်ဆုံးပါးသွားတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ – ၂၆ ၊၂၀၂၆ ၊ မေနွယ်ဦး /People’s Spring

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကြာအင်းတောင်ဆီ ဒီနေ့ (အောက်တိုဘာ ၂၆ ရက်​) သီတင်းကျွတ်လပြည့်နေ့မှာ လာရောက်လည်ပတ်တဲ့ ခရီးသွားတစ်ဦး မူးလဲပြီး အသက်ဆုံးပါးသွားတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့မှာ ဘားအံမြို့ဆီ လာရောက်လည်ပတ်သူတွေများပြားနေသလို ကရင်ပြည်နယ်ကအထင်ကရနေရာတစ်နေရာဖြစ်တဲ့ ကြာအင်းတောင်ပေါ်ကိုလည်းလည်ပတ်ကြသူတွေရှိနေတာပါ။

ဒီမနက်ပိုင်း ကြာအင်းတောင်ပေါ်ကို လာရောက်လည်ပတ်တဲ့ ရန်ကုန်မြို့က အသက် ၆၅အရွယ် အမျိုးသားတစ်ဦး မူးလဲပြီး သေဆုံးသွားခဲ့ပြီး ၊ အဲဒီအမျိုးသားဟာ နှလုံးရောဂါအခံရှိသူတစ်ဦး ဖြစ်တယ်လို့ ဒေသတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီမနက်ပိုင်းဘားအံမြို့ရဲ့ ရာသီဉတုကတော့ မိုးအုံခဲ့ပါတယ်။

ဒါ့အပြင် မနေ့ (အောက်တိုဘာလ ၂၅ ရက်) ညပိုင်းကလည်း ဇွဲကပင်တောင်ကြော၊ နွားလပို့တောင်ထွတ်ကိုတက်ကြတဲ့ Grade-12 ကျောင်း သားလူငယ် ခုနှစ် ဦးတို့ဟာလမ်းပျောက်သွားခဲ့ပြီး တောင်ပေါ်က ပြန်မဆင်းတတ်တာကြောင့် မီးသတ်နဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လမ်းပြခဲ့ရတယ်လို့ရပါတယ်။

လူငယ် ခုနှစ် ဦး လမ်းပျောက်နေတယ်ဆိုတာကို ည ၇ နာရီ ၁၇ မိနစ် မှာသတင်းရတာဖြစ်ပြီး ၂ နာရီခွဲခန့်အကြာ ည ၉ နာရီခွဲအချိန်မှာတော့ အဲဒီလူငယ်တွေကို တောင်အောက်ကို ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။

ပြည်တွင်းခရီးသွားတွေကြား နာမည်ကြီးနေတဲ့ ဘားအံမြို့က ကြာအင်းတောင် (ပုံဟောင်း) ဓာတ်ပုံ – လူမှုကွန်ရက်

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

ကရင်ပြည်နယ်မှာထိုင်းဘက်ကကုန်စည်သယ်လာတဲ့ကုန်ကားတွေကို အာဏာသိမ်းစစ်တပ်ကအဖမ်းအဆီးတင်းကျပ်နေပြီးလက်ရှိသြဂုတ်လ တတိယပတ်အတွင်းကားအစီးရေ ၈၀ ခန့်ကိုဖမ်းဆီးထားတယ်လို့ ကုန် သည်တွေနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဘားအံ(ဖားအံ)မြို့နယ် နို့ဘယ်ဘောကျေးရွာအုပ်စု မဲ့ဘောခီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

လိုင်စင်မဲ့ယာဉ်အများစု အသုံးပြုနေကြတဲ့ ကရင်ပြည်နယ်မြို့တော် ဘားအံမြို့မှာမတ်လ ၇ ရက်စတင်ပြီး စက်သုံးဆီဆိုင်တွေက လိုင်စင်မဲ့ယာဉ်တွေကို ဆီမရောင်းပေးတော့သလို ဆီလာဖြည့်နေတဲ့ လိုင်စင်မဲ့ယာဉ်တွေကိုပါ စစ်ကောင်စီအဖွဲ့က ဖမ်းဆီးနေတာကြောင့် ဒေသခံတွေအတွက် အခက်များစွာကြုံနေရတယ်လို့ မြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။