Connect with us

Hi, what are you looking for?

သတင်း

ယာယီပိတ်ခဲ့တဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ ‘၀’တပ် UWSA ပြန်ဖွင့်ခွင့်ပြု

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) ထိန်းချုပ်နယ်မြေထဲက ခရစ်ယာန်ဘုရားကျောင်းတွေကို ယာယီပိတ်သိမ်းခဲ့ရာ လက်ရှိမှာ ဘုရားကျောင်းတွေ ပြန်ဖွင့်ပြီဖြစ်ကြောင်း UWSA ပြင်ပဆက်ဆံရေးရုံးတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးညီရန်းက ပြောပါတယ်။

ဓာတ်ပုံ - Wa News Land

အောက်တိုဘာ ၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) ထိန်းချုပ်နယ်မြေထဲက ခရစ်ယာန်ဘုရားကျောင်းတွေကို ယာယီပိတ်သိမ်းခဲ့ရာ လက်ရှိမှာ ဘုရားကျောင်းတွေ ပြန်ဖွင့်ပြီဖြစ်ကြောင်း UWSA ပြင်ပဆက်ဆံရေးရုံးတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးညီရန်းက ပြောပါတယ်။

‘၀’တပ် UWSA ဌာနချုပ် ပန်ဆန်းအပါအဝင် ထိန်းချုပ်ဒေသတွင်းက ခရစ်ယန်ဘုရားကျောင်းတွေကို အောက်တိုဘာ ဒုတိယပတ်က စပြီး ပြန်ဖွင့်ပေးခဲ့တာလို့ Wa News Landက ဒေသခံတွေကို ကိုးကားဖော်ပြခဲ့တဲ့ အပေါ် ဦးညီရန်းထံ ဆက်သွယ်မေးမြန်းရာ ဘုရားကျောင်းတွေပြန်ဖွင့်တာ မှန်တယ်လို့ အတည်ပြုဖြေကြားခဲ့ပါတယ်။

အဲဒီလို ပြန်ဖွင့်ပေးနိုင်ဖို့ ဘုရားကျောင်း တာဝန်ရှိသူတွေကို UWSA တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပြီး ဆောင်ရန်၊ ရှောင်ရန် အချက်တွေ၊ ဝန်ခံကတိတွေ လုပ်ဆောင်ခဲ့တာ ရှိတယ်လို့ Wa News Landက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အစွန်းရောက်ဘာသာရေး စည်းရုံးလှုံ့ဆော်မှုတွေရှိနေတယ်ဆိုပြီး တရုတ်နိုင်ငံဘက်က သတိပေးချက်ကြောင့် UWSA နယ်မြေက ခရစ်ယာန်ဘုရားကျောင်းတွေကို ဩဂုတ်လအတွင်းမှာ ယာယီပိတ်သိမ်းခဲ့တာပါ။

အဲဒီလို ယာယီပိတ်သိမ်းခဲ့ရခြင်းနဲ့ပတ်သက်ပြီး UWSA ဘက်က ရှင်းလင်းချက်ထုတ်ပြန်ခဲ့ပြီး အစွန်းရောက်တဲ့ ဘာသာရေးနဲ့ ကင်းရှင်းမှု ရှိမယ်ဆိုရင် ပြန်လည်ဖွင့်ပေးမယ်လို့ အသိပေးထားပါတယ်။

‘ဝ’ပြည်မှာ အစွန်းရောက်တဲ့ ဘာသာရေး စည်းရုံးလှုံ့ ဆော်သူတချို့စိပ့်ဝင်နေပြီး အဲဒီသူတွေဟာ ဖျားနာလျှင် ဆေးသောက်၊ အလုပ်လုပ်စရာမလို ဘုရားမှကောင်းစေမည်ဆိုပြီး မှားယွင်းတဲ့ သွန်သင်မှုမျိုးရှိနေတာလို့ ဦးညီရန်းက အစွန်းရောက်ဘာသာရေးစည်းရုံးမှု အခြေအနေ ဖြစ်ပေါ်ခဲ့တာကို ဩဂုတ်လအတွင်းက ရှင်းပြထားပါတယ်။

ဒါ့အပြင် ‘၀’ဒေသမှာ ပြင်ပမှ တရားမဝင် ဝင်ရောက်ပြီး ဟောပြောစည်းရုံးခြင်းခွင့်မပြုထားဟုလည်း အသိပေးပါတယ်။ ‘ဝ’ပြည်နယ် အတွင်းမှာ စည်းကမ်းရှိတဲ့ ဘာသာရေးလွပ်လပ်ခွင့် ဥပဒေပြု ပြဌာန်းထားရှိကြောင်းလည်း ဦးညီရန်းက ဩဂုတ်လအတွင်းမှာ ရေးသားဖော်ပြခဲ့ပါတယ်။

‘၀’တပ်ဖွဲ့ဟာ ၂၀၁၈ ဝန်းကျင်ကလည်း အခုလိုပဲ ခရစ်ယာန်ဘာသာရေးကျောင်းတွေ ပိတ်ပင်တာ၊ ကျောင်းအချို့ကို ဖျက်ဆီးတာ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ သာသနာပြုသူတွေကို ဒေသတွင်းက နှင်ထုတ်တာ၊ ဖမ်းဆီးတာတွေပြုလုပ်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း ဘာသာရေးဆရာအချို့ရဲ့ အစွန်းရောက်လုပ်ရပ်တွေကြောင့် ဒေသတွင်းမတည်မငြိမ်ဖြစ်မှာကိုစိုးရိမ်လို့ ဖြစ်တယ်လို့ ‘၀’တပ်ဖွဲ့ဘက်က ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၀လက်နက်ကိုင်တပ်(UWSP/UWSA) ကိုယ်စားလှယ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးနေကြောင်း စစ်အုပ်စုဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

သတင်း

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) ဌာနချုပ် ပန်ဆန်း(ပန်ခမ်း)မြို့နယ် ယုံပန်းရွာက စက်ရုံပေါက်ကွဲမှု ဖြစ်စဉ်ကို စုံစမ်းစစ် ဆေးရေးကော်မတီ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးကာ ရလဒ်ကို ထုတ်ပြန်သွားမယ်လို့ ၀တပ်ဖွဲ့ကကြေညာပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ၀လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။

သတင်း

ပြည်သူလူထုတွေကို ပုံစံမျိုးစုံနဲ့ သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ခေါင်းဆောင်သစ် ရဲဝင်းဦးကို ၀လက်နက်ကိုင်တပ် UWSAက ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ၀ဒေသသတင်းတွေ ဖော်ပြနေတဲ့ Wa News Landက မတ် ၃၀ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။