အောက်တိုဘာ-၂၆၊၂၀၂၆။ရောင်နီ/People’s Spring
လပြည့်နေ့တွေရဲ့ ထုံးစံအတိုင်း သီတင်းကျွတ်လပြည့်မှာ ရွှေတိဂုံဘုရားကို ည ပိုင်းအထိ ဘုရားဖူးတွေ အများအပြားလာရောက်ခဲ့ကြပါတယ်။
ဘုရားဖူးတွေများပြားတာကြောင့် ဒီနေ့(အောက်တိုဘာ၂၆) တစ်ရက်လုံး ရွှေတိဂုံဘုရားပတ်ဝန်းကျင်မှာ ယာဉ်ကြောပိတ်ဆို့မှု ဆိုးဆိုးရွားရွားကြုံခဲ့ရတယ်လို့ ရန်ကုန်မြို့ခံအချို့က ပြောပါတယ်။
“စည်တာကတော့ အရင်နှစ်ကိုမမှီဘူး။ အရင်နှစ်ကကြိတ်ကြိတ်တိုးနေတာ” ဘုရားမှာဈေးရောင်းသူတစ်ဦးကပြောပါတယ်။

Public Service Announcement
သီတင်းကျွတ်လပြည့် ဖြစ်တာကြောင့် ရွှေတိဂုံဘုရားပေါ်မှာ မီးပုံးတွေ အလှဆင်ထားတာကိုလည်း တွေ့ခဲ့ရပါတယ်။
အရှေ့ဘက်ဇောင်းတန်းမှာ ပွဲဈေးခင်းထားပေမယ့် ကြိတ်ကြိတ်တိုးစည်ကားနေတာ မတွေ့ရပါဘူး။





















































