Connect with us

Hi, what are you looking for?

LuduNwayOo

News

ငွေတိုက်စာချုပ်များကို USDT Stablecoinဖြင့် ဝယ်နိုင်ပြီ

NUGက cryptocurrency တစ်ခုဖြစ်သည့် USD-Tether (USDT)ကို ပြည်တွင်းသုံး ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် ဒီဇင်ဘာ ၁၁ ရက်တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

နွေဦးတော်လှန်ရေး ငွေတိုက်စာချုပ်များကို ဒစ်ဂျစ်တယ် ငွေကြေးစနစ်ဖြင့် USDT Stablecoin ဝယ်ယူနိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့(ဒီဇင်ဘာ ၂၈ တွင်)ထုတ်ပြန်လိုက်သည်။

တစ်လကြာရပ်နားထားသည့် ငွေတိုက်စာချုပ်များကို ပြန်လည်ဝယ်ယူနိုင်ပြီဖြစ်ထုတ်ပြန်ရာတွင် အထက်ပါနည်းလမ်းနိုင်ငံတကာရှိ ငွေတိုက်စာချုပ်ကိုယ်စားလှယ်ထံမှလည်း တိုက်ရိုက်ငွေပေးချေစနစ်ဖြင့်လည်း ဝယ်ယူနိုင်ပြီဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)အဖွဲ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထိုအပြင် အမျိုးသားညီညွတ်ရေးအစိုးရ၏ဘဏ်စာရင်းကို တိုက်ရိုက်ငွေလွှဲသည့်စနစ်ဖြင့်လည်း မကြာခင်ပြန်လည်ဝယ်ယူနိုင်တော့မည်ဟုလည်း​ဖော်ပြထားသည်။ ဝယ်ယူရနိုင်မည့် ရက်ကို ကြိုတင်အသိပေးသွားမည်ဟု ဆိုသည်။

NUGက cryptocurrency တစ်ခုဖြစ်သည့် USD-Tether (USDT)ကို ပြည်တွင်းသုံး ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် ဒီဇင်ဘာ ၁၁ ရက်တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် NUGက ငွေတိုက်စာချုပ် ဒေါ်လာ တစ်ဘီလီယံဖိုးကို နိုဝင်ဘာ ၂၃ ရက်စတင် ထုတ်ရောင်းချခဲ့ခြင်းဖြစ်ပြီး ငွေလွဲစနစ်များ အဆင်မပြေခြင်းကြောင့် နိုဝင်ဘာ ၂၉ ရက်မှစ၍ ခေတ္တရပ်နားထားရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။