Connect with us

Hi, what are you looking for?

News

ငွေတိုက်စာချုပ်များကို USDT Stablecoinဖြင့် ဝယ်နိုင်ပြီ

NUGက cryptocurrency တစ်ခုဖြစ်သည့် USD-Tether (USDT)ကို ပြည်တွင်းသုံး ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် ဒီဇင်ဘာ ၁၁ ရက်တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

နွေဦးတော်လှန်ရေး ငွေတိုက်စာချုပ်များကို ဒစ်ဂျစ်တယ် ငွေကြေးစနစ်ဖြင့် USDT Stablecoin ဝယ်ယူနိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့(ဒီဇင်ဘာ ၂၈ တွင်)ထုတ်ပြန်လိုက်သည်။

တစ်လကြာရပ်နားထားသည့် ငွေတိုက်စာချုပ်များကို ပြန်လည်ဝယ်ယူနိုင်ပြီဖြစ်ထုတ်ပြန်ရာတွင် အထက်ပါနည်းလမ်းနိုင်ငံတကာရှိ ငွေတိုက်စာချုပ်ကိုယ်စားလှယ်ထံမှလည်း တိုက်ရိုက်ငွေပေးချေစနစ်ဖြင့်လည်း ဝယ်ယူနိုင်ပြီဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)အဖွဲ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထိုအပြင် အမျိုးသားညီညွတ်ရေးအစိုးရ၏ဘဏ်စာရင်းကို တိုက်ရိုက်ငွေလွှဲသည့်စနစ်ဖြင့်လည်း မကြာခင်ပြန်လည်ဝယ်ယူနိုင်တော့မည်ဟုလည်း​ဖော်ပြထားသည်။ ဝယ်ယူရနိုင်မည့် ရက်ကို ကြိုတင်အသိပေးသွားမည်ဟု ဆိုသည်။

NUGက cryptocurrency တစ်ခုဖြစ်သည့် USD-Tether (USDT)ကို ပြည်တွင်းသုံး ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် ဒီဇင်ဘာ ၁၁ ရက်တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် NUGက ငွေတိုက်စာချုပ် ဒေါ်လာ တစ်ဘီလီယံဖိုးကို နိုဝင်ဘာ ၂၃ ရက်စတင် ထုတ်ရောင်းချခဲ့ခြင်းဖြစ်ပြီး ငွေလွဲစနစ်များ အဆင်မပြေခြင်းကြောင့် နိုဝင်ဘာ ၂၉ ရက်မှစ၍ ခေတ္တရပ်နားထားရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook