Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့လယ် ပန်းဆိုးတန်း အခွန်ရုံးအနီး ဗုံးပေါက်

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီဝင်များ ရောက်ရှိလာပြီး လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံအချို့က ဆိုသည်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းပေါ်ရှိ အလယ်အလတ်အခွန်ထမ်းများရုံး (၁)အနီးတွင် ယနေ့ (ဒီဇင်ဘာ ၂၉ ရက်) နံနက် ၁ဝနာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဗုံးပေါက်တဲ့အသံ အကျယ်ကြီး တစ်ချက်ကြားလိုက်တယ်။ မီးခိုးတွေလည်း အများကြီး အူထွက်လာတယ်။ အနီးအနားက လူတွေလန့်ပြီး ပြေးနေတာ တွေ့လိုက်တယ်။ ပေါက်တာက စီးပွားရေးဘဏ်(၁)နဲ့ အခွန်ရုံးနားမှာ ပေါက်တာဆိုတော့ ရုံးကို လာတဲ့ လူအချို့ အဲ့နားမှာ ရှိနေပါတယ်။ လူထိခိုက်မှု ရှိတာတော့ မတွေ့ရပါဘူး ” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဗုံး​ဖောက်ခွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ကို မသိရသေး​ပေ။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီဝင်များ ရောက်ရှိလာပြီး လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံအချို့က ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။