Connect with us

Hi, what are you looking for?

သတင်း

AA ကနတ်ရေကန်တိုက်ပွဲမှာ စစ်တပ်ရဲ့ ပါရာ​မော်တာတစီးကိုပစ်ချ

နတ်ရေကန်တိုက်ပွဲမှာအထိနာနေပြီး လေကြောင်းပစ်ကူပေးနေရတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ပါရာ​မော်တာ တစီးကို အာရက္ခတပ်တော်(AA)က ဒီနေ့ မနက်ပိုင်းမှာပစ်ချနိုင်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ် တွေက ပြောပါတယ်။

(စစ်တပ်ရဟတ်ယာဥ်ကို ပစ်ချပြီး၂၀၂၄ ဖေဖော်ဝါရီ ၃ ရက် က AA ထုတ်ပြန်ခဲ့သောသတင်းဓါတ်ပုံ။ဓါတ်ပုံ-AA Info Desk)

အောက်တိုဘာ-၃၀၊၂၀၂၆။ခိုင်မြတ်/ People’s Spring

နတ်ရေကန်တိုက်ပွဲမှာအထိနာနေပြီး လေကြောင်းပစ်ကူပေးနေရတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ပါရာ​မော်တာ တစီးကို အာရက္ခတပ်တော်(AA)က ဒီနေ့ မနက်ပိုင်းမှာပစ်ချနိုင်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ် တွေက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း နတ်ရေကန်ပင်မဗျူဟာကုန်းဆီ အင်အားအလုံးအရင်းနဲ့ စစ်ကူပို့ဖို့ကြိုးစားနေပေမယ့် အထိ နာနေတာကြောင့် ပါရာ​မော်တာ၊ ဂျက်ဖိုက်တာအများအပြားနဲ့ လေကြောင်းပစ်ကူနေတုန်း AA က ပစ်ချခဲ့တာလို့ သိရပါ တယ်။

“ဒီနေ့မနက်ပိုင်းမှာပဲ ဖိုက်တာတွေ၊ ပါရာ​မော်တာတွေနဲ့ တစီးပြီး တစီး ဗုံးဆက်တိုက်ကြဲနေတယ်။ အဲဒါကို ကိုယ်လူ တွေက ပစ်ချလိုက်တာ ထိပြီး တခါတည်း ဆင်းသွားတယ်။ အစအနတွေတော့ လိုက်ရှာနေတုန်း။ မောင်းတဲ့သူရော သေသွားမယ်ထင်တယ်။ အမိအရ ပစ်လိုက်နိုင်တာ”လို့ AA သတင်းရင်းမြစ်တဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို ပါရာ​မော်တာတစီး ပစ်ချလိုက်တာနဲ့ ပက်သက်လို့ AA ဘက်ကတော့ တရားဝင်ထုတ်ပြန်တာ​တော့မရှိသေးပါဘူး။

အာရက္ခတပ်တော်(AA)ဟာ စစ်တွေမြို့နယ်အတွင်း ပင်လယ်ပြင်ရှိ စစ်တပ်ရဲ့ Frigate (ဖျက်သင်္ဘော)တစီးအပါအဝင် စစ်သင်္ဘော ၃ စီးကို ​အောက်တိုဘာ ၂၆ ရက်​နေ့မှာ ရေနစ်သွားအောင်ထိ တိုက်ခိုက်၊ ဖျက်ဆီးပြီး လေးရက်အကြာမှာပဲ စစ်တပ်ပါရာ​မော်တာတစီး ကို ထပ်မံပစ်ချ၊ ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၄ ​ဖေ​ဖော်ဝါရီလတုန်းကလည်း စစ်တပ်ရဲ့ရဟတ်ယာဥ်တစ်စီးကို AA ကပစ်ချခဲ့တာကို သတင်းဓါတ်ပုံထုတ်ပြန်ခဲ့ဖူးပါတယ် ။ဒါ​​ပေမယ့် ဘယ်တိုက်ပွဲမှာ ပစ်ချခဲ့တယ်ဆိုတာကို​တော့ အ​သေးစိပ်မထုတ်ပြန်ပါဘူး။ဒါအပြင် ၂၀၂၄ နိုဝင်ဘာ ၁၀ ရက်က အမ်းတိုက်ပွဲအတွင်းမှာလည်းစစ်တပ်ရဟတ်ယာဥ်​လေးစီးကို ပစ်ချတာမှာ ၁ စီးကိုထိမှန်ခဲ့တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက လူထု​နွေဦးကို​ပြောခဲ့ပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့အပြင် ရခိုင်ပြည်ဝင်ပေါက် မကွေးတိုင်း နတ် ရေကန်ဝန်းကျင်၊ မကွေးတိုင်း မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းနဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တို့အတွင်း စစ်တပ်နဲ့ AA တို့ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်နေပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အထိနာနေပြီး စစ်တွေမြို့နယ်မှာ တပ်စခန်း ၁၃ ခု လက်လွှတ်ရပြီး စစ်သင်္ဘော ၅ စီး ထက်မနည်းဖျက်ဆီးခံရကာ စစ်တွေအစပ် ပေါက်တောမြို့နယ်ကစခန်း၁ခု၊ ကျောက်ဖြူမြို့နယ် အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၁ ခု တို့ကိုလည်း စစ်တပ်ကလက်လွှတ်ထားရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေတိုက်ပွဲမှာစစ်တပ်ကရှေ့တိုးဖို့ကြိုးစားနေပေမယ့် အထိအခိုက် အကျအဆုံးတွေနဲ့သာ ကြုံတွေ့နေ

သတင်း

ကြွီတဲ၊ ရေချမ်းပြင်၊ အမြင့်ကျွန်းဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေ

သတင်း

စစ်တွေမြို့အနီးဝန်းကျင်ဘင်္ဂလားပင်လယ်နဲ့ ကုလားတန်မြစ်ဆုံရာမှာ နေရာယူပြီး အရပ်သားလူနေကျေးရွာတွေ ကို လက်နက်ကြီးတွေနဲ့ နေ့ညမပြတ်ပစ်ခတ်တိုက်ခိုက်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောကြီး ၃ စီးကို အာရ က္ခတပ်တော်(AA)က ထပ်မံတိုက်ခိုက်ဖျက်ဆီးလိုက်နိုင်ခဲ့တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။