Connect with us

Hi, what are you looking for?

သတင်း

ရေဘေးကြုံတွေ့ခဲ့တဲ့ သရက်ချောင်းမြို့နယ် ကညင်ချောင်းရွာကို စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၄ဦးသေဆုံး

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - KNU

အောက်တိုဘာ-၃၀၊၂၀၂၆။ထားမြတ်၊အိမ်သွင်/People’s Spring

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မြိတ်ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ်(သရက်ချောင်းမြို့နယ်)ကညော်ဆီရွာ(ကညင်ချောင်းရွာ)ကို စစ်တပ်ကအောက်တိုဘာ ၃၀ ရက် နေ့လယ်ပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာလို့ဖော်ပြပါတယ်။

တိုက်လေယာဉ်ကနေ ဗုံး ၂၅၀ ဗုံး ၂လုံး၊ ပေါင် ၃၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် အမြောက်ငယ်လို့ခေါ်တဲ့ 23mm cannon လက်နက်နဲ့ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ ၄ ဦးမှာ အသက် ၁၀နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးနဲ့ အသက် ၉၃ နှစ်အရွယ် အဘွားအို ၁ဦးလည်း ပါဝင်ကြောင်း KNUမြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အသက် ၁၀နှစ်နဲ့ ၁၅နှစ်အရွယ် ကလေး ၂ဦး အပါအဝင် ဒဏ်ရာရသူ ၃ဦးရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ နဲ့ စာသင်ကျောင်းထိခိုက်ပျက်စီးခဲ့ရကြောင်းလည်း အသိပေးပါတယ်။

ကညင်ချောင်းရွာက နေအိမ်တစ်လုံးပေါ်ကို ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၀ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် အဲ့ဒီအိမ်က မိသားစုဝင် လေးဦးသေဆုံးတယ်လို့ မြို့ခံအချို့က​ပြောပါတယ် ။

“သေဆုံးတာက လောလောဆယ် လေးဦး အတည်ပြုထားနိုင်ပါတယ်။ ဒဏ်ရာရတာက သုံးဦးဖြစ်ပါတယ်” လို့ ​ဒေသခံတဦးကပြောပါတယ်။

အခုစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ကညင်ချောင်းရွာဟာ စက်တင်ဘာလကုန်ပိုင်းက ရေဘေးကြုံခဲ့ရတဲ့ ဒေသက ရွာဖြစ်ပါတယ်။ စက်တင်ဘာ ၂၇ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တဲ့အတွက် ရွာသူ၊ ရွာသား ၂ ဦး သေဆုံးပျောက်ဆုံးခဲ့ပြီး အိမ်ခြေ (၃၇၆) လုံး ထိခိုက်ပျက်စီးခဲ့ရတဲ့ရွာဖြစ်တယ်လို့ဆိုပါတယ်။

ရေဘေးကြောင့် ရွာခံပြည်သူ ၁၆၀၀ ကျော် စားနပ်ရိက္ခာနဲ့ နေထိုင်ရေး အခက်အခဲများ ကြုံနေရချိန် စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရေဘေးသင့်ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းအတွင်းက ကျေးရွာတွေကိုလေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတဲ့အပြင် သရက်ချောင်းနဲ့ ပုလောမြို့နယ်တွေမှာမြေပြင်စစ်ကြောင်းထိုးတာတွေလည်း လုပ်ဆောင်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်ရဲ့ လွတ်ငြိမ်းပေးမှုကြေညာချက်နဲ့ အမှန်တကယ်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက် ကွဟာချက်တွေရှိနေပြီး နိုင်ငံရေးအကျဉ်းသားပါဝင်မှုမှာလည်း အလွန်နည်းပါးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီကနေ့ အောက်တိုဘာ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။