Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူလေဆိပ်အနီး စစ်ဆေးရေးဂိတ်စခန်းခေါင်းဆောင် ရဲတပ်ကြပ် ပစ်ခတ်ရှင်းလင်းခံရ၊ လက်နက် ၂လက်နဲ့ ကား ၁စီး သိမ်းရ

မကွေးတိုင်း၊ ပခုက္ကူလေဆိပ်အနီးက စစ်တပ်စစ်ဆေးရေးဂိတ်စခန်း ခေါင်းဆောင် ရဲတပ်ကြပ်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ လက်နက် ၂လက်နဲ့ ကား ၁စီး သိမ်းရတယ်လို့ မကွေးဖက်ဒရယ်ယူနစ် စစ်ကြောင်း(၃) -Southern YSO PDF တာ၀န်ခံ ကိုအောင်မောင်းက လူထုနွေဦးကို ပြောပါတယ်။

နို၀င်ဘာ -၁၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ပခုက္ကူလေဆိပ်အနီးက စစ်တပ်စစ်ဆေးရေးဂိတ်စခန်း ခေါင်းဆောင် ရဲတပ်ကြပ်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ လက်နက် ၂လက်နဲ့ ကား ၁စီး သိမ်းရတယ်လို့ မကွေးဖက်ဒရယ်ယူနစ် စစ်ကြောင်း(၃) -Southern YSO PDF တာ၀န်ခံ ကိုအောင်မောင်းက လူထုနွေဦးကို ပြောပါတယ်။

ကျောက်လှေခါး စစ်တပ်စစ်ဆေးရေးဂိတ်စခန်းရဲ့ ခေါင်းဆောင် ရဲတပ်ကြပ် သိန်းနိုင်ဦး ပခုက္ကူ-ရေစကြို လမ်းပိုင်းတစ်နေရာမှာ အောက်တိုဘာ ၂၆ ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပခုက္ကူမြို့က ပြန်လာတဲ့အချိန်တိုက်ခဲ့တာ။‌ကျောက်လှေခါး ဂိတ်ခေါင်းပေါင်း သိန်းနိုင်ဦးက နေရာမှာပဲ ဆုံးသွားတယ်”လို့ Southern YSO PDF တာ၀န်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်လှေခါး စစ်တပ်စစ်ဆေးရေးဂိတ်က ပခုက္ကူလေဆိပ်အနီးက ပန်းတိုင်းခြုံဂိတ်၊GTC ဂိတ် နဲ့ ထိစပ်နေတာလို့ သူက အသိပေးပါတယ်။

တိုက်ခိုက်မှုမှာ MA3 တစ်လက်၊9mm ပစ္စတို တစ်လက် နဲ့ crown ကားတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အခုဖြစ်စဉ် ပြည်သူလူထုကို နာကျင်အောင်ပြုမူနေသူတွေကို လက်တုံ့ပြန်တာဖြစ်ပြီး ရဲတပ်ကြပ် သိန်းနိုင်ဦး ဟာ တာဝန်ယူထားတဲ့ကာလအတွင်း ပြည်သူနေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ အကြိမ်ကြိမ်ပစ်ခတ်တာကြောင့် အိုးအိမ်များစွာ ပျက်စီးခဲ့ရတယ်လို့ Southern YSO PDFက ဆိုပါတယ်။

ကျောက်လှေခါးဂိတ်ကနေလည်း ငွေကြေးကောက်ခံမှုက တစ်လကို သိန်း ၁၀၀၀ နီးပါးရရှိနေတာလို့လည်း အသိပေးပါတယ်။

မနေ့ကလည်းရေစကြိုမြို့နယ်ထဲက ဇီးတောပြည် သူ့စစ်ရွာက ပြည်သူ့စစ်ခေါင်းဆောင်ဝင်းမြင့်အောင်နဲ့နောက်လိုက်တစ်ဦး တိုက်ခိုက်ခံရပြီးသေဆုံးကာ လက်နက်သုံးလက်ရရှိတယ်လို့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတံတား(ရတနာပုံတံတား)က စစ်တပ်ရဲ့ နှာပေါက်စစ်ဆေးရေးဂိတ်ဟာ ပိတ်သိမ်းလိုက်တာမဟုတ်ဘဲ နေရာရွှေ့ပြောင်းသွားခြင်းသာ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။