Connect with us

Hi, what are you looking for?

News

နဂါးမ​တောင်ရွာက မိနစ်၂၀ကြာတိုက်ပွဲ စစ်​ကောင်စီတပ်သား ကိုးဦး​သေဟု ဗိုလ်ဂျပန်​ပြော

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခုနှစ်ဦး သေဆုံးကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော်က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် နဂါးမတောင်ရွာ အနောက်ဘက်(စိမ်းလမ်းရုံး)တွင် အကြမ်းဖက်စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) ဦးဆောင်သူ ဗိုလ်ဂျပန်က ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၉ ရက်)နေ့လည် ၂ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) တပ်ခွဲ(၉) မှ ဗိုလ်ဂျိုဝါး ၊ တပ်ခွဲ(၁၄) မှ ဗိုလ်ငတေ အဖွဲ့တို့ မိနစ်၂၀ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အဓိကတော့ ရီမုမိုင်းတွေနဲ့ စစ်တပ်ကားအစီ ၄၀ကျော်ကို စတင်မိုင်းဆွဲတိုက်တယ်။ပြီးတော့ အပြန်အလှန်ပစ်တယ်။ကျွန်တော်တို့ ဘက်တော့ အကျအဆုံးမရှိဘူး”ဟု ဗိုလ်ဂျပန်က ပြောသည်။

ယနေ့တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ ယာဉ်တန်းမှာ မကွေးတိုင်း ကျောမြို့(ကပစ-၂၃) မှထွက်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုယာဥ်တန်းကို ဒီဇင်ဘာ ၂၇ ရက်က ( ပုလဲ-ဂန့်ဂေါ ) လမ်းမကြီး၌ (PRA) တပ်ခွဲ(၂ /၁၇) က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်တို့ ၃နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ဖူးသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခုနှစ်ဦး သေဆုံးကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော်က ထုတ်ပြန်ထားသည်။

ပုလဲမြို့နယ်သည် စစ်ရိပ်ငွေ့ သန်းနေဆဲဖြစ်သော ကြောင့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်း ပုလဲမြို့နယ်မှ မထွက်ခွာနိုင်သ၍ ပုလဲ-ဂန့်ဂေါလမ်းကိုမိဘပြည်သူများအနေနှင့် အသုံးပြုသွားခြင်းမပြုကြရန် ၊မဖြစ်မနေ အသုံးပြုသွားလာရမည်ဆိုလျှ သက်ဆိုင်ရာကို ဆက်သွယ်အကြောင်းကြား သွားလာရန် ပြည်သူ့တပ်ဖွဲ့များက အထူး မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook