Connect with us

Hi, what are you looking for?

News

ကလေး PDFပါဝင်သည့် ပူးပေါင်းအဖွဲ့ တိုက်ခိုက်၍ ယနေ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးခန့် သေဆုံးနိုင်ဟု ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် ယနေ့၎င်းတို့စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ ချောင်းခွ၊ ဟားခါးလေးရွာများအတွင်း နေအိမ်များကို မီးရှို့ဖျက်စီးမှုများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

(စစ်​ဘေး​ရှောင်​နေရ​သော ​ဒေသခံများကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - The Chin Journal)

ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ချင်းအမျိုး သားကာကွယ်ရေးတပ်ဖွဲ့(CNDF)နှင့် ပြည်သူ့ကာကွယ် ရေးအဖွဲ့ တို့ ပူးပေါင်း တိုက်ခိုက်၍ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးခန့် သေဆုံးခဲ့ကြောင်း ကလေး PDFက သတင်းထုတ်ပြန်သည်။

ကလေးမြို့နယ်တောင်ပိုင်း နတ်‌ချောင်းကျေးရွာတွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ် သည် ယနေ့ ဒီဇင်ဘာ ၂၉ရက် နံနက်မှစ၍ နတ်ချောင်းနှင့် ချောင်းခွရွာမှတစ်ဆင့် ဟားခါးလေးရွာနှင့် ရေစိုရွာများဘက်သို့ ဦးတည်၍ စစ်ကြောင်းထိုးလာသည့် အပေါ် ကြားဖြတ်တိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

(စစ်​ဘေး​ရှောင်​နေရ​သော ​ဒေသခံများကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – The Chin Journal)

ယနေ့နံနက်တွင် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့က ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ နေ့လည်ပိုင်းတွင် ဆက်လက်စစ်ကြောင်းထိုးလာသည့် တပ်ကို မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ယနေ့တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့များဘက်မှ စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် မင်းအောင်လှိုင်လက်ပါးစေအကြမ်းဖက်စစ်သား ​လေးဦးသေဆုံးပြီး၊ မိုင်းခွဲတိုက်ခိုက်မှုအတွင်း၌လည်း မင်းအောင်လှိုင်လက်ပါးစေအကြမ်းဖက်စစ်သား ၁၀ ဦးခန့် ထိမှန်သေဆုံးသွားကြောင်း၊ ပူးပေါင်းတပ်ဖွဲ့မှ ကျဆုံးမှုမရှိကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် ယနေ့၎င်းတို့စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ ချောင်းခွ၊ ဟားခါးလေးရွာများအတွင်း နေအိမ်များကို မီးရှို့ဖျက်စီးမှုများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် ကလေး- ချင်း နယ်စပ်ရှိ ဟားခါးလေးရွာမှ ဒေသခံ ၁၅ဦးခန့်ကို ဖမ်းဆီးထားကြောင်း၊ စစ်ကောင်စီတပ်များ ဝင်ရောက်လာစဉ် မပြေးနိုင်ဘဲ ရွာ၌ ကျန်နေသူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ရှောင်အချို့၏ ပြောကြားချက်ကို ကိုးကား၍ The Chin Journal က ဖော်ပြသည်။

စစ်ကောင်စီတပ်သည် နတ်ချောင်းရွာ၌ တပ်စွဲစဉ်ကလည်း ကျေးရွာနေ ပြည်သူများကို ဖမ်းဆီး ပစ်ခတ် သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ရာ နတ်ချောင်းရွာခံ ၂၀ကျော် သေဆုံးခဲ့ပြီး ကျေးရွာရှိ နေအိမ်၊ကားနှင့်ဆိုင်ကယ်များအပါအဝင် လူထုပိုင်ပစ္စည်းများ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း နတ်ချောင်းရွာခံ တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်အတွင်း အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာ၊ အာဏာပိုင်တွေက ဖိနှိပ်တာ၊ ရိက္ခာ ခေါင်းပုံဖြတ်တာတွေကြောင့် အိန္ဒိယနိုင်ငံသား အပါအဝင် အကျဉ်းသား ၇ဦး ဒီနှစ်အတွင်း သေဆုံးခဲ့ရကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။