Connect with us

Hi, what are you looking for?

News

ဂန့်ဂေါPDF၏ မိုင်းများကြောင့် စစ်ကောင်စီတပ် ၁၅ဦးသေ

ဂန့်ဂေါ PDFက ယနေ့(ဒီဇင်ဘာလ(၂၉) ရက်) နံနက်ပိုင်း တိုက်ခိုက်မှုနှင့် စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို ယ​နေ့ညနေဖက်တွင် ထုတ်ပြန်ခြင်း​ဖြစ်သည်။

(ဂန့်​ဂေါ PDF တပ်ဖွဲ့ဝင်များစစ်ပညာသင်တန်းဆင်းစဥ်)

ကလေးဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီယာဉ်တန်းကို ဂန့်ဂေါပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (ဂန့်​​ဂေါPDF) က ကလေး-ဂန့်ဂေါကားလမ်းပိုင်းမှစောင့်၍ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားက ၁၅ဦးသေဆုံးခဲ့သည်။

ဂန့်ဂေါ PDFက ယနေ့(ဒီဇင်ဘာလ(၂၉) ရက်) နံနက်ပိုင်း တိုက်ခိုက်မှုနှင့် စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို ယ​နေ့ညနေဖက်တွင် ထုတ်ပြန်ခြင်း​ဖြစ်သည်။

PDF-ဂန့်​ဂေါတပ်ခွဲ (၂၁) ဗိုလ်ရွှေကျားအဖွဲ့က ဂန့်ဂေါ-ကလေးလမ်းပိုင်း မိုင်တိုင် (၃၂) ဝန်းကျင်တွင်တစ်ကြိမ်၊PDF-ဂန့်​​ဂေါ တပ်ခွဲ(၇) နွေဦးအဖွဲ့ကမိုင်တိုင်(၃၄) အနီးတွင်တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်က ၁၅ဦးသေဆုံးခဲ့ပြီး ကားတစ်စီးပျက်စီးခဲ့ကြောင်းနှင့် PDFဖက်က ထိခိုက်မှုမရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယောနယ်တွင်ပါဝင်သည့် ဂန့်ဂေါမြို့ကို စစ်ကောင်စီက ဒီဇင်ဘာလလယ်ခန့်တွင် အညိုးတကြီးတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဂန့်ဂေါမြို့ နှမ်းခါးရွာကို လေကြောင်းမှတိုက်ခိုက်ခဲ့ပြီး ရွာကို မီးရှို့ခဲ့ရာ ​ဒေသခံပြည်သူဆယ်ဦးထက်မနည်းသေဆုံးခဲ့သည်။ သေဆုံးသူများ၏ မိသားစုဝင်များအား ထောက်ပံ့ရေးနှင့် မီးလောင်ခဲ့သော အိမ်များအား ပြန်လည်ထူထောင်ရေးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ဝိုင်းဝန်းကူညီပေးနေသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook