နိုဝင်ဘာ-၆၊၂၀၂၆။အိမ်သွင်၊ကတ်သရင်း/People’s Spring
စစ်ကိုင်းတိုင်း၊မော်လူးမြို့အနီးဒီနေ့မနက်ပိုင်း တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဗုံးကြဲမှုနဲ့ လက်နက်ကြီးပစ်ခတ်မှု တာတွေပိုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ပေါက်ကွဲသံတွေ၊ လေယာဉ်သံတွေက အဆက်မပြတ်ပဲ။လက်နက်ကြီးက မြို့ထဲကနေပစ်နေတာ။ပိတ်မိနေတဲ့ကားတွေလည်း အဆင်ပြေသလို နေကြရတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မန္တလေး -မြစ်ကြီးနားလမ်းအတိုင်း တက်လာတဲ့ စစ်တပ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတာပါ။

Public Service Announcement
တိုက်ပွဲဆက်လက်ပြင်းထန် နေပြီး မြို့အပြင် တောင်ဘက်ခြမ်း တွေကို စစ်တပ်က ဒီနေ့မနက်ပိုင်းမှာ လေယာဥ်နဲ့အကြိမ်ကြိမ်ဗုံးကြဲ နေသလို မြို့တွင်းမှာလည်း ဒရုန်းနဲ့လက်နက်ကြီး တွေကျပြီး ပြည်သူ ထိခိုက်မှု တွေရှိတယ်လို့ ဒေသခံ တွေကပြောပါတယ်။
ရွှေဘို- မြစ်ကြီးနားကားလမ်းအဆင်းကား တွေ မော်လူးမြို့တွင်းမှာ ပိတ်မိနေပြီးယာဉ်တန်း တွေ ဗုံးနဲ့ လက်နက်ကြီး ကျပြီး မီး လောင် တာ တွေရှိတယ်လို့ ဒေသခံ တွေကပြောပါတယ်။
“မနေ့ည နေက ဟင်းနုဘုန်းကြီး ကျောင်းရှေ့က ကုန်တင်ယာဉ်တန်းဒရုန်းချခံရတာ။ကုန် တွေနဲ့တစီးလောင်ပြီး ၃စီးပျက်စီးတယ်။ဒီမနက်အခြေအနေ ကပိုဆိုးတယ်။ဒရုန်းက ဆက်တိုက်လာနေတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
မော်လူးမြို့အနီးဝန်းကျင်ကို စစ်တပ်ကနိုဝင်ဘာလ ၃ရက်နေ့ကစပြီးဗုံးကြဲနေတာပါ။ စစ်တပ်ကနိုဝင်ဘာလ ၅ရက်မှာ ဗုံးကြဲတာမှာ ကားတစ်စီးမီးလောင်သလို စာသင်ကျောင်းကို ဒရုန်းဗုံးချလို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မော်လူးမြို့နယ်အတွင်း စစ်တပ်ကလေကြောင်းနဲ့ လက်နက်ကြီးတွေအသုံးပြုပြီးအပြင်းအထန်တိုက်ခိုက်နေတဲ့အတွက် မြို့အနီး ပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေ၊ ခရီးသည်နဲ့ ကုန်တင်ကားတွေ အမြန်ဆုံးရွှေ့ပြောင်းကြဖို့အင်းတော်မြို့နယ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဒေသတွင်းက ကသာ – ထီးချိုင့် အမှတ် ( ၃ ) ကားလမ်း၊ ကသာ – မော်လူး ကားလမ်းမှာ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ချေမှုန်းမှာဖြစ်လို့ နိုဝင်ဘာလ၅ရက်ကစပြီး ခရီးသွားပြည်သူတွေ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ကသာခရိုင် အမှတ် ( ၁ ) တပ်ရင်းကလည်း သတိပေးထားပါတယ်။
မော်လူးမြို့ဟာ အင်းတော်မြို့နယ်ရဲ့ မြို့နယ်ခွဲဖြစ်ပြီးပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ၂၀၂၃ ဒီဇင်ဘာလ ၁၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ဇူလိုင်လမှာ မန္တလေးထီးချိုင့်- အင်းတော်- မော်လူးမြို့လမ်းကြောင်းအတိုင်း လေကြောင်းနဲ့လက်နက်ကြီးပစ်ကူယူပြီးစစ်ကြောင်းတွေဝင်ရောက်လာပြီးစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတာဖြစ်ပါတယ်။
၂၀၂၅ မေလအတွင်းကတိုက်ပွဲတွေမှာလည်း မန္တလေး- မြစ်ကြီးနားကားလမ်းအတိုင်း တကောင်း၊ ထီးချိုင့်နဲ့ ကသာမြို့နယ်တွေကို ဝင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့လို့ စစ်တပ်အထိနာခဲ့ပါတယ်။




















































