Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးတပ်ဖွဲ့တွေထံ သတင်းပေးပို့တယ်လို့ စွပ်စွဲပြီး စစ်တပ်က ပြည်သူ ၃ဦးကို နှစ်ရှည်ထောင်ဒဏ်တွေ မတရားချမှတ်

တော်လှန်ရေးတပ်ဖွဲ့တွေထံ သတင်းပေးပို့တယ်လို့ စွပ်စွဲခံရတဲ့ ပြည်သူ ၃ဦးကို အာဏာသိမ်းစစ်တပ်က ထောင်ဒဏ် ၃၄ နှစ်က‌နေ ၅၄ နှစ်အထိ ‌အသီးသီး မတရားချမှတ်လိုက်ပါတယ်။

နို၀င်ဘာ-၆၊၂၀၂၆။မိုမို/People’s Spring

တော်လှန်ရေးတပ်ဖွဲ့တွေထံ သတင်းပေးပို့တယ်လို့ စွပ်စွဲခံရတဲ့ ပြည်သူ ၃ဦးကို အာဏာသိမ်းစစ်တပ်က ထောင်ဒဏ် ၃၄ နှစ်က‌နေ ၅၄ နှစ်အထိ ‌အသီးသီး မတရားချမှတ်လိုက်ပါတယ်။

ရွှေဘိုမြို့နယ် ဘုရင်ကားဂိတ်က ဂိတ်မှူး နဲ့ စာရေးမ ၂ ဦဟာ စစ်တပ်နဲ့ စစ်တပ်မိသားစု၀င်တွေရဲ့ ခရီးစဉ်သတင်းကို တော်လှန်ရေးတပ်တွေထံ ပေးပိုံတယ်ဆိုပြီး အခုနှစ် ဩဂုတ် တတိယပတ်ကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီ စွပ်စွဲချက်နဲ့ စစ်တပ်ရဲ့စစ်ခုံရုံးက ဂိတ်မှူး ကိုဇေယျာ၀င်းကို ထောင်ဒဏ် ၅၄ နှစ်၊မသိမ့်သိမ့်သူနဲ့ မအေးမြင့်ဆွေတို့ကို ထောင်ဒဏ် ၃၄ နှစ်စီ မတရား အမိန့်ချလိုက်တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ယာဉ်ပေါ်မှာ ဘယ်သူတွေ လိုက်လာတယ်ဆိုတာ သတင်းပေးတယ်ဆိုပြီး ဖမ်းခံရတာ။ထောင်ချတာ နမခ(မုံရွာ)မှာ သိရတယ်”လို့ ဘုရင်ကားဂိတ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ထောင်ချခံရတဲ့ ပြည်သူ ၃ဦးနဲ့ပတ်သက်လို့လည်း စစ်တပ်ဝါဒဖြန့်သူတချို့ရဲ့ တယ်လီဂရမ်အကောင့်တွေမှာ ဒီကနေ့ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က သူတို့ကို ဆန့်ကျင်တယ်ဆိုပြီး ပြည်သူ ၃သောင်းထက်မနည်း ဖမ်းဆီးခဲ့ပြီး တသက်တကျွန်းထောင်ချခံရသူတွေရှိသလို သေဒဏ်ပေးခံရသူတချို့လည်း ရှိပါတယ်။

မနေ့က ထောင်ချခဲ့ရသူတွေနဲ့ ဆက်စပ်တဲ့ ဘုရင်အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးယာဥ်လိုင်းက ရန်ကုန်- မန္တလေး – ရွှေဘိုမြို့ကို အဓိကပြေးဆွဲ‌နေတဲ့ ယာဉ်လိုင်းလို့ သိရပါတယ်။

ရွှေဘိုမြို့အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ အမှတ်(၄၂)ခြေလျင်တပ်ရင်း ၊ အမှတ်(၈)လေ့ကျင့်ရေးတပ်နဲ့ အမှတ်(၂)ထောက်ပို့တပ်တွေ ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်ကစလို့ စစ်တပ်ဟာ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း စိုးမိုးဖို့ စစ်ကြောင်းထိုးခဲ့ပြီး တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့မှုတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ