Connect with us

Hi, what are you looking for?

သတင်း

ယောတပ် ၂ခု ပေါင်းပြီး ယောအမျိုးသားတပ် အဖြစ် တည်ဆောက်ဖို့ သဘောတူ

ယောတပ် ၂ခု ပေါင်းပြီး ယောအမျိုးသားတပ်တစ်ခုတည်းအဖြစ်တည်ဆောက်ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ ယောတပ်တော် (YA)က ထုတ်ပြန်ပါတယ်။

နို၀င်ဘာ-၆၊၂၀၂၆။ဖိုးသား/People’s Spring

ယောတပ် ၂ခု ပေါင်းပြီး ယောအမျိုးသားတပ်တစ်ခုတည်းအဖြစ်တည်ဆောက်ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ ယောတပ်တော် (YA)က ထုတ်ပြန်ပါတယ်။

ယောကာကွယ်ရေးတပ် (YDF) နဲ့ ယောတပ်တော် (YA)မှ နှစ်ဖက် တာဝန်ရှိသူတွေက ယောဒေသလွတ်မြောက်ရေး ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ယောပြည်သူလူထု အကျိုးကို ရှေးရှုပြီး ယောအမျိုးသားတပ်တွေ ပေါင်းစည်းနို‌င်ဖို့ အောက်တိုဘာ ၂၆ ရက်က တွေ့ဆုံဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

တွေ့ဆုံမှုမှာ ယောဒေသလွတ်မြောက်ရေး ၊ ယောကံကြမ္မာ ယောဖန်တီးခွင့်ရဖို့နဲ့ ယောအမျိုးသားတပ်တစ်ခုတည်း တည်ဆော‌က်ဖို့သဘောတူညီချက်‌တွေချမှတ်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ယောအမျိုးသားတပ်တစ်ခုတည်း ပေါ်ပေါက်လာနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုမှာ တပ်ပေါင်းစည်းရေးကော်မတီဖွဲ့စည်းတာ၊ ယောဒေသအတွင်းက တခြားသော တော်လှန်ရေးအင်အားစုတွေကို ပူးပေါင်းပါဝင် တည်ဆောက်နိုင်ဖို့ ဖိတ်ခေါ်တာနဲ့ အပြီးသတ် တပ်ပေါင်းစည်းနိုင်ရေး အချိန်ကာလသတ်မှတ်တာ စတဲ့အချက် (၃) ချက်အပါအဝင် သဘောတူညီချက် (၇) ချက် ချမှတ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ယောဒေသလွတ်မြောက်ရေး ၊ စစ်အာ ဏာရှင်စနစ် ပြုတ်ကျရေးနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တစ်ခုတည်းသော ယောအမျိုးသားတပ်အနေနဲ့ မဟာမိတ်အင်အားစုတွေနဲ့ လက်တွဲညီညီ တိုက်ပွဲဝင်သွားမယ်လို့လည်း တပ်နှစ်ခုက ပူးတွဲကြေညာပါတယ်။

“ယောဒေသရဲ့ တော်လှန်ရေးသမိုင်းမှာ အရေးပါဆုံးနှင့် အလိုအပ်ဆုံးသော စုစည်းညီညွတ်မှုကို လက်တွေ့ပြသနိုင်ခဲ့ပြီ။ကွဲပြားမှုတွေကို ဖယ်ရှားပြီး ယောအမျိုးသားတပ်တစ်ခုတည်းအဖြစ် အတူလက်တွဲ ဆက်လက်ချီတက်သွားကြပါမယ်”လို့ YDF ဥက္ကဌ ကိုမြတ်သူက ပြောပါတယ်။

ယောဒေသဆိုတာ မကွေးတိုင်းထဲက ဂန့်ဂေါ၊ထီးလင်း၊ဆောမြို့နယ်နဲ့ ကျောက်ထု၊ကျော၊လောင်းရှည် ဒေသတွေ ပါ၀င်ပါတယ်။

“ယေဘုယျအားဖြင့် ပေါင်းစည်းတာကိုကြိုဆိုပါတယ်။ ဒါပေမယ့် ရှေ့မှာရှိခဲ့တဲ့ တော်လှန်ရေးတပ်အချင်း ချင်း လက်နက်ကိုင်ဖြေရှင်းမှုတွေနဲ့ ပတ်သက်လို့ တာ၀န်ခံမှု၊တာ၀န်ယူ မှုတွေကို ပြည်သူကို အသိပေးရပါဦးမယ်။နောက်ပြီး အခုပေါင်းစည်းရေးမှာ မူဝါဒတွေကို ပြတ်သားစွာ ပြည်သူကိုချပြရမယ်”လို့ ယောဒေသခံ တစ်ဦးက ပြောပါတယ်။

ယောဒေသမှ အမျိုးသားညီညွတ်ရေးအစိုးရ လက် အောက်ခံခရိုင်တပ်ရင်းတွေအပြင် မကြာသေးမီက ပြောင်းလဲဖွဲ့စည်းထားတဲ့ ယောလွတ်မြောက်ရေးတပ်တော် YLA နဲ့ YDF ခွဲထွက် မြေပြင်ရုံးအဖွဲ့ဆိုတာ ရှိပါသေးတယ်။

အခု နှစ်ဖွဲ့ပေါင်းမယ့် YA ဟာ ၂၀၂၄ ဇန်နဝါရီက ဖွဲ့စည်းခဲ့ပြီး YDF က ၂၀၂၁ မေလကတည်းက ပေါ်ပေါက်ခဲ့ပါတယ်။နှစ်ဖွဲ့စလုံးက နွေဦးတော် လှန်ရေးမဟာမိတ်တပ်ပေါင်းစုအဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ