နိုဝင်ဘာ ၆၊ ၂၀၂၆/People’s Spring
ထိုင်း–မြန်မာနယ်စပ်တစ်လျှောက်မှာ Safety Zone တွေ အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ တွန်းအားပေးရမယ့် အချိန်ဖြစ်တယ်လို့ ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က ပြောကြားပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၆ ရက် နေ့လည် ၁နာရီခန့်မှာ မြန်မာစစ်တပ်ပိုင် လေယာဉ်တစ်စင်းဟာ ကင်းထောက်ပျံသန်းခဲ့ပြီး ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါ်လေးမြို့သစ်ဒေသရှိ ထီးတာလဲစခန်းကို လေထီး ၆လုံးနဲ့ ရိက္ခာတွေ ချပေးခဲ့တယ်လို့ ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က ပြောပါတယ်။
အဲဒီစခန်းဟာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရာမြို့နယ်၊ ဝေါ်လေးကျေးရွာအုပ်စု၊ အမှတ် ၃ ရွာ၊ ဝေါ်လေးမြောက်ရွာနဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတယ်လို့ ထိုင်းအမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က ထောက်ပြပါတယ်။

Public Service Announcement
ထိုင်းနယ်စပ်မျဉ်းနဲ့ ခန့်မှန်းခြေ ၃ ကီလိုမီတာအကွာမှာ ရှိပြီး ကံကောင်းထောက်မစွာ ဗုံးကြဲချခြင်း မရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
ရှေ့တန်းတိုက်ပွဲဖြစ်ပွားရာနေရာနဲ့ ကပ်လျက်မှာ နေထိုင်ကြတဲ့ ထိုင်းပြည်သူတွေအတွက် နယ်စပ်အနီးလေယာဉ်တွေ ပျံသန်းပြီး ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်နေတာကို မြင်တွေ့ရတာဟာ တိုက်ပွဲတွေ ဘယ်လောက်ကြာကြာ ဆက်ဖြစ်ပွားနေဦးမည်နဲ့ ကျည်ဆန်တွေ ထိုင်းဘက် ဘယ်အချိန် ကျလာမယ်ဆိုတာကို စိုးရိမ်ပူပန်ကြောင်း ကန်နဝီဆွပ်ဆဲင်က ပြောပါတယ်။
ရှေ့တန်းတိုက်ပွဲနေရာတွေအနီးရှိ နယ်စပ်ဒေသပြည်သူတွေဟာ ဆက်လက်ထိခိုက်ခံရနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း ထပ်မံဖော်ပြနေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ထိုင်းအစိုးရအနေနဲ့ နယ်စပ်လုံခြုံရေးဇုန် ဒါမမဟုတ် Safety Zone တစ်ခုကို အမြန်ဆုံးဖော်ဖို့ တွန်းအားပေးသင့်တယ်လို့ ကန်နဝီဆွပ်ဆဲင်က ထောက်ပြပါတယ်။
ပြည်သူတွေရဲ့ အသက်နဲ့ လုံခြုံရေး ကာကွယ်ဖို့ ထိုင်းနယ်စပ်မျဉ်းကနေ အနည်းဆုံး ၅ ကီလိုမီတာအတွင်း စစ်ရေးဆောင်ရွက်မှုများ မပြုရ စည်းမျဉ်းကို သတ်မှတ်သင့်တယ်လို့ အကြံပြုထားပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံတစ်နိုင်ငံတည်းရဲ့ အသံဟာ လုံလောက် သြဇာမရှိနိုင်ဟု အစိုးရက စိုးရိမ်ပါက ထိုင်းနိုင်ငံအပါအဝင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံနဲ့ ညှိနှိုင်းပြီး နယ်စပ်တစ်လျှောက် Safety Zone မူဝါဒကို ပူးပေါင်းတွန်းအားပေးနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် Safety Zone ဟာ မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူတွေကို အကူအညီတွေ ဘေးကင်းစွာ ပို့ဆောင်ပေးနိုင်ဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ပေါက် ဒါမှမဟုတ် Humanitarian Corridor ဖွင့်လှစ်ရေးအတွက် အစပြုရာလည်း ဖြစ်လာနိုင်တယ်လို့ ကန်နဝီဆွပ်ဆဲင်က ပြောပါတယ်။
ဒါ့အပြင် ထိုင်းအစိုးရနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာစစ်အုပ်စုက အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ ရပ်တန့်စေရေးသံတမန်ရေးနည်းလမ်းတွေနဲ့ ဖိအားပေးရမှာ ဖြစ်ကြောင်း ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က ဒီကနေ့မှာ ပြောကြားထားပါတယ်။
အာဏာသိမ်းစစ်အုပ်စုက မြန်မာနိုင်ငံအတွင်း အရပ်သားပြည်သူတွေကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခဲ့မှု မှတ်တမ်းတွေကို ဖော်ပြပြီး ထိုင်းအမတ်ဟောင်းက အခုလို တောင်းဆိုခဲ့တာပါ။
ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးနိုင်ရေး လမ်းဖွင့်ဖို့၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကိုလည်း အလေးအနက် အကောင်အထည်ဖော်ရမယ်လို့လည်း သူက ပြောပါတယ်။





















































