နိုဝင်ဘာ ၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က အောက်တိုဘာအတွင်းမှာ အလင်းဝင်တာ၊ လက်နက်ချတာနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း ၇၃ ဦး ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့စာရင်းတွေအရ ၂၀၂၆ အောက်တိုဘာအတွင်း စစ်တပ်က အလင်းဝင်လာသူ ၁၂ဦး ရှိပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၆၁ ဦး ရှိတယ်လို့ ဆိုပါတယ်။
ရခိုင်၊ နေပြည်တော်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ အလင်းဝင်ကြတာဖြစ်ပြီး အလင်းဝင်လာသူတွေထဲမှာ စစ်သား ၁၁ဦး၊ ရဲ ၁ဦး ပါဝင်တယ်လို့ဖော်ပြထားပါတယ်။

Public Service Announcement
စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၆၁ဦး ရှိပြီး စစ်သား ၅၆ဦး၊ ပြည်သူ့စစ် ၅ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအထဲမှာ စစ်မှုထမ်း တပ်သားသစ် ၁၆ဦး ပါဝင်ကြောင်းလည်း ဖော်ပြပါတယ်။
စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ အများစုဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ဖြစ်ပြီး မကွေး၊ မန္တလေး က အချို့ ပါဝင်ပါတယ်။ ရခိုင်ပြည်နယ် တိုက်ပွဲမှာ စစ်သား ၃၈ဦး အဖမ်းခံခဲ့ရသလို ချင်းပြည်နယ် တိုက်ပွဲမှာ ၁၇ဦး အ ဖမ်းခံခဲ့ရတယ်လို့ အသိပေးထားပါတယ်။
ပြည်သူ့ပန်းတိုင်ရဲ့ စာရင်းတွေအရ ၂၀၂၅ ဇန်နဝါရီကနေ အခု ၂၀၂၆ အောက်တိုဘာလကုန်အထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၄၁၁၀ ဦး ရှိပြီလို့ ဖော်ပြထားပါတယ်။
ပြည်သူ့ပန်းတိုင်အနေနဲ့ အခုလို စစ်တပ်က အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စာရင်းတွေကို အပတ်စဉ် တင်ဆင်နေတာဖြစ်ပြီး စစ်တပ်အတွင်း ကျန်နေသူတွေလည်း တော်လှန်ရေးတပ်တွေဆီ အမြန်ဆုံး အလင်းဝင်ပူးပေါင်းကြဖို့ နှိုးဆော်မှုတွေလည်း ပြုလုပ်လျက်ရှိပါတယ်။





















































