Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်အုပ်စုအပေါ်စစ်ရာဇဝတ်မှုဆိုင်ရာတိုင်ကြားချက် စစ်ဆေးပေးဖို့တောင်းဆိုတဲ့ အသနားခံလွှာ ဖိလစ်ပိုင်အယူခံတရားရုံးက လက်ခံ

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူနိုင်ဖို့ ဖိလစ်ပိုင်မှာ အမှုဖွင့် တရားစွဲထားတဲ့ တိုင်ကြားချက်ကို စုံစမ်းစစ်ဆေးပေးဖို့တောင်းဆိုတဲ့ အသနားခံလွှာကို ဖိလစ်ပိုင်အယူခံတရားရုံးက လက်ခံမှတ်ပုံတင်လိုက်ကြောင်းချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က အသိပေးပါတယ်။

(CHRO မှတာဝန်ရှိသူ​တွေက မီဒီယာ​တွေရဲ့​မေးမြန်းမှုကို ​ဖြေကြား​နေစဥ်။ဓါတ်ပုံ-CHRO)

နိုဝင်ဘာ-၇၊၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူနိုင်ဖို့ ဖိလစ်ပိုင်မှာ အမှုဖွင့် တရားစွဲထားတဲ့ တိုင်ကြားချက်ကို စုံစမ်းစစ်ဆေးပေးဖို့တောင်းဆိုတဲ့ အသနားခံလွှာကို ဖိလစ်ပိုင်အယူခံတရားရုံးက လက်ခံမှတ်ပုံတင်လိုက်ကြောင်းချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က အသိပေးပါတယ်။

ချင်းပြည်နယ်အတွင်းအရပ်သားပြည်သူတွေအပေါ် စစ်တပ်ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ်အရာရှိ ၁၀ဦးကို စစ်ရာဇဝတ်မှုဆိုင်ရာစွဲချက်တွေနဲ့CHROကဖိလစ်ပိုင်တရားရေးဝန်ကြီးဌာန(DOJ)ထံ၂၀၂၃အောက်တိုဘာကတိုင်ကြားခဲ့တဲ့အမှုကို DOJ ကအရေးယူဆောင်ရွက်ဖို့ငြင်းဆိုခဲ့တဲ့ပေါ် အယူခံတရားရုံးသို့ အသနားခံလွှာတင်ပြခဲ့ရာ နိုဝင်ဘာ ၃ရက်နေ့မှာအမှုတွဲကိုတရားဝင်မှတ်ပုံတင်လက်ခံခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး မီဒီယာတွေကို ဖြန့်ဝေတဲ့ သတင်းထုတ်ပြန်ချက်ကိုလည်း CHRO တာဝန်ရှိသူတဦးက People’s Spring သို့ ပေးပို့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီသတင်းထုတ်ပြန်ချက်မှာတိုင်ကြားသူတဦးဖြစ်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့အမှုဆောင်ဒါရိုက်တာလည်းဖြစ်သူဆလိုင်းဇာအုပ်က ဖိလစ်ပိုင်တရားရေးဝန်ကြီးဌာနက ပယ်ချခဲ့တဲ့ အမှုတခုကိုဖိလစ်ပိုင်နိုင်ငံအယူခံတရားရုံးက တရားဝင် မှတ်ပုံတင်လက်ခံလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံးဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။

ချင်းတိုင်းရင်းသားတိုင်ကြားသူများဘက်မှ ဦးဆောင်ရှေ့နေတစ်ဦးဖြစ်သူ ဂီလ်ဘတ်အန်ဒရက်စ် ကလည်း ယခုအမှုဟာ နိုင်ငံတကာဥပဒေကို ပြင်းထန်စွာ ချိုးဖောက်မှုများနဲ့ စစ်ရာဇဝတ်မှုများအတွက် ဖိလစ်ပိုင်တရားစီရင်ရေးစနစ်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်မူကိုလက်ခံကျင့်သုံးနိုင်မည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဖိလစ်ပိုင်နိုင်ငံရဲ့အမျိုးသားတရားရုံးများအနေဖြင့် ဖိလစ်ပိုင်အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအောက်တွင် မိမိတို့၏ လုပ်ငန်းတာဝန်များကို လွတ်လပ်စွာ ဆောင်ရွက်နိုင်စေနိုင်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အခုရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်ရဲ့ အဓိကအကြောင်းအရာမှာ ၂၀၂၁ ခုနှစ်အတွင်း စစ်အုပ်စုက ချင်းပြည်နယ် ထန်တလန်မြို့မှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ အရပ်သားပြည်သူလူထုနေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးတာ ၊လူဦရေးသောင်းချီ နေ့ရပ်စွန့်ခွာစေခဲ့တာစတာတွေဖြစ်ပါတယ်။

CHROဟာအာဏာသိမ်းစစ်အုပ်စိုကို တီမောနိုင်ငံ မှာလည်း တရားစွဲဆိုထားပါသေးတယ်။ အာဏာသိမ်းစစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးဖို့ အခု ၂၀၂၆ နှစ်ဆန်းပိုင်းမှာ တီမောလက်စ်တေနိုင်ငံ အစိုးရရှေ့နေရုံးကိုရာဇဝတ်မှုဆိုင်ရာတိုင်ကြားချက်တင်သွင်းခဲ့ရာတီမောတရားရေးဌာနက အမှုကိုကိုင်တွယ်စစ်ဆေးဖို့ လက်ခံခဲ့ပါတယ်။

အဲဒီတိုင်ကြားစာမှာလည်းအာဏာသိမ်းစစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးကို အုပ်စုလိုက်အဓမ္မကျင့်တာ၊ကလေးငယ် အပါအဝင်လူအစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ ခရစ်ယာဘာသာရေးဆရာတွေ ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်တာ၊ဆေးရုံနဲ့ ခရစ်ယာဉ်ဘာသာရေး အဆောက်အအုံတွေ အပါအဝင် အရပ်ဘက် ပစ်မှတ်တွေကို လေကြောင်း တိုက်ခိုက်တာ၊ မီးရှို့တာ စတဲ့ ချင်းပြည်နယ်အတွင်း စစ်ကောင်စီကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကိုဖော်ပြထားကြောင်းCHROကထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ