နိုဝင်ဘာ-၇၊၂၀၂၆။People’s Spring
မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခဒဏ်ခံ လူ့အဖွဲ့အစည်းတွေ၊ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီဖို့ နောက်ထပ် ယူရို ၁၆ သန်းကို ဥရောပ သမဂ္ဂ (EU)က ထပ်မံ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ရေး ပဋိပက္ခတွေ အရှိန်မြင့်လာတာကြောင့် ပြည်တွင်းမှာရော၊ ပြည်ပကိုပါ နေရပ်စွန့်ခွာရသူတွေ တိုးလာတာကြောင့် အခုလို ရန်ပုံငွေခွဲတမ်းတွေတိုးမြှင့် သတ်မှတ်ပေးတာဖြစ်ကြောင်း EUက ဆိုပါတယ်။
မြန်မာနိုင်ငံမှာထောက်ပံ့ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ EUရဲ့ မစ်ရှင်ဟာ စားနပ်ရိက္ခာ ဖူလုံရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အာဟာရ ဖြည့်တင်းမှုတွေကို အဓိကထား ချဉ်းကပ်သွားမှာ ဖြစ်ပါတယ်။ စစ်ရေး ပဋိ

Public Service Announcement
ပက္ခတွေအပြင် စူပါအယ်လ်နီညို မိုးလေဝသ ဖြစ်စဉ်ကြောင့်ပါ စားနပ်ရိက္ခာ အကျပ်အတည်းတွေ ဖြစ်ပေါ်လာတာ၊ တစ်ကမ္ဘာလုံးမှာ လောင်စာဆီ စျေးနှုန်းတွေ မြင့်တက်လာတာ၊ မြန်မာနိုင်ငံမှာ လတ်တလော ရေကြီးမှုတွေ ကြုံတွေ့ထားတာတွေအတွက် လိုအပ်တဲ့ တုံ့ပြန်မှုအဖြစ် အခုလိုမျိုး လူသားချင်း စာနာမှု ရန်ပုံငွေကို တိုးမြှင့် သတ်မှတ်ပေးလိုက်တာ ဖြစ်တယ်လို့ EUက ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ရိုဟင်ဂျာတွေအတွက် EUက ထောက်ပံ့မယ့် ရည်ရွယ်ချက်တွေကတော့စားနပ်ရိက္ခာဖူလုံရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို အဓိက ဦးစားပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် လူသားချင်း စာနာမှု အကူအညီတွေကို အဓိက မှီခို နေထိုင်နေရတဲ့ ဒုက္ခသည်တွေအတွက် တခြားသောအကာအကွယ်ဝန်ဆောင်မှုတွေကိုလည်း ဖြည့်တင်းပေးဖို့ ရည်ရွယ်ထားပါတယ်။
စစ်ရေးပဋိပက္ခဒဏ်ခံ မြန်မာနိုင်ငံနဲ့ အဲဒီဒဏ်ကို သက်ရောက် ခံစားနေရတဲ့ ပတ်ဝန်းကျင် ဒေသတွေက လူသားချင်း စာနာမှု အကျပ်အတည်းတွေကို ကူညီ ဖြေရှင်းဖို့ နှစ်ဆန်းပိုင်းကစလို့ ယူရို သန်း ၅၀ ကျော် ထောက်ပံ့ပေးထားပြီးအခုယူရို ၁၆သန်းကိုထပ်မံ ဖြည့်တင်း
ပေးတာလို့ EUက ပြောပါတယ်။ မြန်မာ့ အကျပ်အတည်းရဲ့ ဒဏ်ကို ဒေသတွင်းက ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယစတဲ့ နိုင်ငံတွေမှာပါ သက်ရောက် ခံစားနေရတယ်လို့ ဆိုပါတယ်။ EUရဲ့ အဆိုအရ အခုနှစ်ထဲမှာ ဘင်္ဂလားဒေ့ရှ် အတွက်လည်း လူသားချင်း စာနာမှု အကူအညီ ယူရို ၂၃ သန်းဖိုးထက်မနည်း ထောက်ပံ့ပြီးဖြစ်ကြောင်း သိရပါတယ်။
EUရဲ့ ကြိုတင်ပြင်ဆင်မှုနဲ့ အကျပ်အတည်း စီမံခန့်ခွဲမှုဌာန အကြီးအကဲ ဟက်ဒ်ဂျာ လာဘစ်ဘ်ကတော့ မြန်မာနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ထိခိုက်နာကျင်မှုတွေကို မေ့ဖျောက်ထားလို့ မရကြောင်း၊ မိသားစု များစွာဟာ ပဋိပက္ခတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရပြီး ဆာလောင်မွတ်သိပ်မှုဟာ နေရာအနှံ့ ပျံ့နှံ့နေကြောင်း၊သန်းပေါင်းများစွာသော ပြည်သူတွေဟာလူသားချင်းစာနာမှုအထောက်အပံ့တွေအပေါ် မှီခိုနေရကြောင်း၊ ဖြည့်တင်းပံ့ပိုးပေးမယ့် ရန်ပုံငွေဟာ အကူအညီ အလိုအပ်ဆုံး သူတွေအတွက် သက်သာရာ ရလာစေမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။
ကိုးကား: EU





















































