နိုဝင်ဘာ ၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် မဇောကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၃ဦးသေဆုံးကာ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၆ရက် မနက်က စစ်တပ် တိုက်လေယာဉ် ၁စီး၊ Gyrocopter ၃စီးနဲ့ တိုက်ခိုက်ခဲ့ရာ မဇောကျေးရွာက ပြည်သူတွေ ထိခိုက်ခဲ့တာပါ။ မဇောရွာဟာ KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ လယ်မူလားမြို့နယ်အတွင်း တည်ရှိတာဖြစ်ပါတယ်။
စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ၃ဦးကတော့ ကလေးငယ် ၁ဦး၊ မသန်စွမ်း ၁ဦး၊ အမျိုးသမီး ၁ဦးတို့ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် နေအိမ်နဲ့ မူကြိုစာသင်ကျောင်း လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း အသိပေးပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်ဟာ KNUနယ်မြေတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။
KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင်က ကျေးရွာတွေနဲ့ တပ်မဟာ(၆)နယ်မြေ ဒူးပလာခရိုင်က ကျေးရွာကိုလည်း စစ်တပ်က လက်နက်ကြီးနဲ့ တိုက်ခိုက်လို အရပ်သား သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNU ဗဟိုက နိုဝင်ဘာ ၆ရက်မှာ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၅ရက် ညနေပိုင်းက တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် ကျုံဒိုးမြိုနယ် ဝိဇ္ဇာကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အသက် ၄၅ နှစ်အရွယ် အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း ဖော်ပြပါတယ်။ ဒါ့အပြင် မြောက်ကြာအင်းရွာကိုလည်း စစ်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ရာဘာခြံအတွင်း ကျရောက်ပြီး ရာဘာပင်တွေပျက်စီးခဲ့ရတယ်လို ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ မူးမြိုနယ်(မုန်းမြိုနယ်)၊ လယ်ဒိုမြိုနယ်(ကျောက်ကြီးမြိုနယ်) တွေက ရွာတွေကိုလည်း ဒရုန်း၊ လက်နက်ကြီး၊ ပါရာမော်တာတွေနဲ့ တိုက်ခိုက်တာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။
နိုဝင်ဘာ ၁ရက်က မုန်းမြိုနယ် မြက်နီကွင်းရွာကို စစ်တပ်က လက်နက်ကြီး ၄လုံး ပစ်ခတ်ခဲ့ရာ ရွာသား ၁ဦး သေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUက ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၄ရက်မှာလည်း မြက်နီကွင်းရွာကို စစ်တပ်က ပါရာမော်တာနဲ့ ဗုံးသီး ၄လုံး ထပ်မံ ကြဲချတိုက်ခိုက်ခဲ့လို ပြည်သူ့နေအိမ်အချို ပျက်စီးခဲ့ရတယ်လို ဆိုပါတယ်။
စစ်တပ်ဟာ အောက်တိုဘာ ၂၈ရက်ကလည်း ကျောက်ကြီးမြိုနယ် တရေးစီလော်ရွာကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အောက်တိုဘာ ၃၁ရက်မှာလည်း ဝဲလ်ပြေးရွာကို စစ်တပ်က ဒရုန်းနဲ့ ထပ်မံ ဗုံးကြဲလို အမျိုးသား ၁ဦး ဒဏ်ရာရရှိခဲ့တယ်လို အသိပေးပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ KNU တပ်မဟာ(၅)နယ်မြေကိုလည်း အောက်တိုဘာလကုန်ပိုင်းနဲ့ နိုဝင်ဘာ လဆန်းပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ရာ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေအများအပြားရှိခဲ့ပါတယ်။ စစ်တပ်ဟာ စာသင်ကျောင်းတွေ၊ ဘာသာရေးကျောင်းတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။
စစ်တပ်ဟာ အာဆီယံဘုံသဘောတူညီချက်ကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတဝန်း အရပ်သား ပြည်သူတွေကို လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာ၊ အရပ်သားတွေကိုဖမ်းဆီးသတ်ဖြတ်တာ စတဲ့ စစ်ရာဇဝတ်မှုဆိုင်ရာတွေကို နေ့စဉ် ကျူးလွန်နေကြောင်းလည်း KNU က ထုတ်ပြန်ပါတယ်။





















































