Connect with us

Hi, what are you looking for?

သတင်း

AAတပ်မှူးချုပ်မွေးနေ့မှာစစ်တပ်ကရခိုင်မြို့နယ်အချို့ကိုလေကြောင်းကင်းထောက်

အာရက္ခတပ်တော်(AA)ရဲ့တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မွေးနေ့ဖြစ်တဲ့ ဒီနေ့ မှာ အာဏာသိမ်း စစ်တပ်က မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ကျောက်တော်မြို့နယ်​တွေကိုလေကြောင်းကနေကင်းထောက်နေခဲ့ တယ်လို့ဒေသခံတွေကပြောပါတယ်။

(စစ်တပ်မှ ATR -42 ကင်းထောက်လေယာဉ်။ ဓါတ်ပုံ - စစ်တပ်)

နိုဝင်ဘာ-၇၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာရက္ခတပ်တော်(AA)ရဲ့တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မွေးနေ့ဖြစ်တဲ့ ဒီနေ့ မှာ အာဏာသိမ်း စစ်တပ်က မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ကျောက်တော်မြို့နယ်​တွေကိုလေကြောင်းကနေကင်းထောက်နေခဲ့ တယ်လို့ဒေသခံတွေကပြောပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့ ၊မနက် ကိုးနာရီကျော်အချိန်မှာ မြောက်ဦးမြို့ပေါ်၊ မြောက်ဦးနယ်နဲ့ ကျောက်တော်မြို့နယ်တွေကို တံတားဦး လေတပ်က တက်လာတဲ့ ATR-42 စစ်ထောက်ပို့၊ ကင်းထောက်လေယာဉ် တစီးနဲ့ နာရီဝက်နီးပါးကြာ ကင်း ထောက်နေခဲ့တယ်လို့ ဆိုပါတယ်။

“ATR – 42 နဲ့ ကင်းထောက်သွားတယ်။ ပြီးရင် Y12 တစီးလည်း ဖြတ်သွားတယ်။ စိုးတော့ စိုးရိမ်ရပါတယ်။ သူတို့ ကင်းထောက်သွားရင် အလကားနေတော့ ကင်းမထောက်ဘူး။ လူတွေကလည်း သတိတော့ ထားနေကြပါတယ် ဒီ နေ့” လို့ မြောက်ဦးမြို့ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ATR-42 ထောက်ပို့၊ ကင်းထောက်လေယာဉ်ဟာ ပင်လယ်ပြင်နဲ့ မြေပြင်မှာရှိတဲ့ ပစ်မှတ်တွေကို အဝေးကနေ ၃၆၀ ဒီဂရီ ပတ်လည်ကင်းထောက်နိုင်ပြီး ပစ်မှတ်ရာချီကို တပြိုင်နက် ခြေရာခံနိုင်ပါတယ်။ဒါ့အပြင် စစ်တပ်ဟာ ဒီ​နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ပေါက်တောမြို့နယ်နဲ့ မင်းပြားမြို့နယ်မှာပါ Y12 ထောက်ပို့၊ ဗုံး ကြဲလေယာဉ်တစီး အချိန်ကြာကြာဝဲနေခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ဗုံးတော့ မချဘူး။ ဝဲပဲဝဲနေခဲ့တယ်။ ဝီရဌာနီ(ပေါက်တော)ဘက်မှာဝဲပြီးမှ အဉ္ဇနပူရ(မင်းပြား)ဘက်ခဏဝဲပြီးအရှေ့ဘက်ပျံသွာတယ်”လို့ မင်းပြားဒေ သခံတဦးက ပြောပါတယ်။

ဒီနေ့မနက် ၈ နာရီကျော်အချိန်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဂျက်ဖိုက်တာနှစ်စီးနဲ့ စစ်တပ်က ဗုံးကြဲခဲ့ပြီး အရပ်သားထိခိုက်မှုအခြေအနေတွေကိုတော့ မသိရသေးပါဘူး။

နိုဝင်ဘာ ၇ ရက်နေ့ဟာ AA တပ်မှူးချုပ်ရဲ့ မွေးနေ့ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ လေယာဉ်အန္တရယ်သတိထားကြဖို့လိုတယ် လို့ ရခိုင်ပြည်တွင်း လေယာဉ်အဝင်၊ အထွက်တွေကို ပုံမှန်ကင်းထောက်၊ စောင့်ကြည့်နေတဲ့ မြောက်ဦးမြို့နယ်မှ လူငယ်တဦးက ပြောပါတယ်။

“မနက်ကတည်းကအာရက္ခပြည်ထဲကို လေယာဉ်အဝင်တွေ များနေတယ်။ နေ့တိုင်းထက် သတိထားဖို့လိုတယ်” လို့ သူက ဆိုပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် AA တပ်မှူးချုပ်မွေးနေ့တုန်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်၊ အောင်ဖြူ ပြင်၊ ကွမ်းတောင်ကျေးရွာတို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅ ဦးထက်မနည်း သေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာပေါက်တောမြို့နယ်ငပြီကျွန်းကမ်းတက်တိုက်ပွဲ၊စစ်တွေ၊ကျောက်ဖြူမြို့နယ်တို့အတွင်း က တိုက်ပွဲတွေမှာ အထိနာအကျအဆုံးများပြီး တပ်စခန်းတွေ လက်လွှတ်နေရချိန် အခုလို အရပ်သားလူနေကျေးရွာ တွေကိုပါ မချန်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်တပ်ဟာ ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့ပေမယ့် ကမ်းပေါ်က စစ်တပ်ခြေကုပ်နေရာအားလုံးကို အာရက္ခတပ် တော် (AA)က အပြီးပြတ်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး စစ်တွေမြို့နယ်အတွင်းက တပ်စခန်း ၁၃ ခု၊ ကျောက်ဖြူမြို့နယ် အတွင်းက တပ်စခန်း ၂ ခုထက်မနည်းတို့ကို သိမ်းပိုက်ထားပါတယ်။

ဒါ့အပြင် စစ်တွေတိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်သင်္ဘော ၅ စီးထက်မနည်းဟာလည်း AA ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်၊ ပျက်စီးခဲ့ရပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ နိုဝင်ဘာ ၆ ရက်နေ့ထိ နှစ်လနီးပါးအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံအရပ်သား ပြည်သူ ၁၂၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၃၁ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ