Connect with us

Hi, what are you looking for?

သတင်း

ကနီမှာစစ်တပ်ကဗုံးကြဲလို့ ဆရာမနဲ့ ကလေးတွေအပါအဝင် ၁၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က စာသင်ကျောင်းနဲ့ ရွာထဲကို ဒီနေ့ နေ့ နေ့လယ်ပိုင်းမှာ စစ်တပ်ကလေကြောင်းကနေဗုံးကြဲလို့ ဆရာမတွေနဲ က‌လေးငယ်​တွေအပါအဝင် ၁၁ ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။

(စစ်တပ်ဗုံးကြဲလို့​သေဆုံးဒဏ်ရာရသူ​တွေကိုကူညီဖို့ကြိုးစား​နေတဲ့ ​ဒေသခံပြည်သူ​တွေနဲ့ ​သေဆုံဒဏ်ရာရ က​လေးငယ်​တွေ။ ဓါတ်ပုံ-​ဒေသခံ)

နိုဝင်ဘာ-၇၊၂၀၂၆။အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က စာသင်ကျောင်းနဲ့ ရွာထဲကို ဒီနေ့ နေ့ နေ့လယ်ပိုင်းမှာ စစ်တပ်ကလေကြောင်းကနေဗုံးကြဲလို့ ဆရာမတွေနဲ က‌လေးငယ်​တွေအပါအဝင် ၁၁ ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။

ကနီမြို့နယ်၊ ညောင်ပင်လယ်ရွာစာသင်ကျောင်းနဲ့ ပတ်ဝန်းကျင်ကိုနိုဝင်ဘာလ၇ရက် မနက် ၁၁နာရီခန့်မှာ ဂျိုင်ရိုကော်ပတာသုံးစီးနဲ့ စစ်တပ်ကဗုံးကြဲတာပါ။ ကနဦးရရှိတဲ့သတင်းအရ ၁၁ဦးသေဆုံးပြီး ကျောင်းနဲ့ အိမ်ငါးလုံးလည်း မီးလောင်သွားတယ်လို့သိရပါတယ်။

“ဆရာမကြီးအိမ်မှာ ငါးယောက်နေတာ တစ်ယောက်ပဲလွတ်တယ်။သေဆုံးတာက ၁၁ဦးအထိ ရှိလာပြီ။ဆရာမတွေအိမ်တည့်တည့်ကျတာ”လို့ ကနီမြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူအများစုဟာ အမျိုးသမီးတွေဖြစ်ကြပါတယ်။စစ်တပ်က စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲနေတဲ့အတွက် နိုင်ငံတကာအနေနဲ့အမြန်အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆိုထားပါတယ်။

ယင်းမာပင်ခရိုင်ထဲက ကနီ၊ ယင်းမာပင်၊ပုလဲ၊ဆားလင်းကြီးမြို့နယ်တွေမှာ စစ်တပ်စစ်ကြောင်းတွေရှိနေပြီး မကြာခဏ ဗုံးကြဲနေတဲ့အတွက် လေကြောင်းအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။

နိုဝင်ဘာ ၄ ရက်ည​နေပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ခြမ်း လျှော်ဖြူကုန်းရွာက ပြည်သူ့ဆေးရုံကို စစ်တပ်က ဗုံးကြဲလို့ ဆရာဝန်တဦး ၊​ဆေး​ကျောင်းတက်ဖို့ပြင်ဆင်​နေတဲ့​ကျောင်းသားတဦး ​သေဆုံးပြီး ကျန်းမာ​ရေးဝန်ထမ်း ၅ဦးဒဏ်ရာရခဲ့ပါတယ်။

အောက်တိုဘာလ၂၂ရက်‌နေ့ကလည်း ကနီမြို့နယ်၊ နွားခြံကုန်းရွာနဲ့နတ်လာပို့ရွာကိုနဲ့ ဗုံးကြဲလို့ ဒေသခံနှစ်ဦးသေဆုံးခဲ့ပါတယ်။

စစ်တပ်က အခုလပိုင်းအတွင်းမှာ ရခိုင်ပြည်နယ်၊ကရင်ပြည်နယ် ၊စစ်ကိုင်းတိုင်း၊မ​ကွေးတိုင်း ၊ပဲခူးတိုင်း ၊ချင်းပြည်နယ်၊ကရင်နီပြည်စတဲ့​ဒေသ​တွေကို ​ဆေးရုံ ၊​ကျောင်း၊​ဈေး ၊စစ်​ဘေး​ရှောင်စခန်း ၊ဘာသာ​ရေးအ​ဆောက်အအုံ​တွေကိုပါပစ်မှတ်ထားပြီး ဗုံးကြဲ​နေလို့ပြည်သူအများအပြား​သေဆုံးဒဏ်ရာရ​နေပါတယ်။

ဆက်စပ်သတင်းများ