Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်ချုပ်ထွန်းမြတ်နိုင် အတွက် ဗိုလ်ချုပ်ဂွန်​မော်ရဲ့ ရိုးရှင်းတဲ့မွေး​နေ့ဆုမွန်​တောင်း​

အာရက္ခတပ်​တော်(AA)တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ၄၈ နှစ်ပြည့်​မွေး​​နေ့ မှာ ကချင်လွတ်လပ်​ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ​မွေး​နေ့ဆု​တောင်း​ပေးလိုက်ပါတယ်။

နိုဝင်ဘာ-၇၊၂၀၂၆။People’s Spring

အာရက္ခတပ်​တော်(AA)တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ၄၈ နှစ်ပြည့်​မွေး​​နေ့ မှာ ကချင်လွတ်လပ်​ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ​မွေး​နေ့ဆု​တောင်း​ပေးလိုက်ပါတယ်။

ကချင်လွတ်လပ်ရေးကောင်စီ(KIC)ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်​မော်က သူနဲ့အတူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ AA ဒုတပ်မှူးချုပ် ​ဒေါက်တာညိုထွန်း​အောင် တို့ သုံးဦး အချိုပွဲစားရင်းစကားလက်ဆုံကျ​နေတဲ့ဓါတ်ပုံ​​ပေါ်မှာ “Happy Birthday”လို့ ရိုးရိုးရှင်းရှင်း​မွေး​နေ့ဆု​တောင်း​ပေးထားတာဖြစ်ပါတယ်။

အာရက္ခတပ်​တော်ရဲ့ ဒုတပ်မှူးချုပ်၊ တပ်မှူးများနဲ့ရဲ​ဘော်ရဲဘက်များကလည်း “တပ်မှူးချုပ်ရဲ့စိတ်ထဲရှိနေတဲ့ ဆန္ဒတွေ တစ်ခုပြီးတစ်ခု အကောင်အထည်ပေါ်လာနိုင်ပြီးတော့ အာရက္ခပြည်သူတစ်ရပ်လုံး မျှော်မှန်းချက်ဆန္ဒတွေလည်း သိပ်မကြာခင် ပြည့်နိုင်ဖို့ အပြည့်အဝ ယုံကြည်ပါတယ်။ အာရက္ခဒေသ နဂိုနေရာမှန်သို့ အမြန်ဆုံးရောက်ရှိနိုင်ဖို့ တပ်မှူးချုပ်ရဲ့ ဦးဆောင်မှုနဲ့အတူ ကျနော်တို့အားလုံး အတူတူ ဆက်ပြီးကြိုးစားသွားကြရအောင်”လို့​မွေး​​​နေ့ဆုမွန်​တောင်း​ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကွပ်ကဲ​ရေးမှူးကို​ဆောင်းခ အပါအဝင် ​တော်လှန်​ရေးတပ်အသီးသီးက​ခေါင်း​ဆောင်​တွေ၊တာဝန်ရှိသူ​တွေက AA တပ်မှူးချုပ်ရဲ့ နိုဝင်ဘာ၇ ရက်မှာကျ​ရောက်တဲ့ ၄၈ နှစ်ပြည့်​မွေး​​နေ့အတွက် ​မွေး​​နေ့ဆုမွန်အသီးသီး​တောင်းဆိုကြာတာကိုလည်း​တွေ့ရပါတယ်။

ဆက်စပ်သတင်းများ