Connect with us

Hi, what are you looking for?

သတင်း

မော်လူးမြို့အနီးတိုက်ပွဲ ပိုပြင်းထန်လာ

ကသာမြို့မှာပိတ်မိတဲ့ကားတချို့ မန္တလေးဘက် ပြန်ဆုတ်ခိုင်း၊ ပိတ်မိနေသူတွေဆက်ရှိပြီး သေဆုံးသူ ထပ်တိုး

(တိုက်ပွဲကြောင့် ကုန်ကား ၁စီး မီးလောင်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

နိုဝင်ဘာ-၈၊၂၀၂၆။ကတ်သရင်း/ People’s Spring

စစ်ကိုင်းတိုင်း၊ မော်လူးမြို့အနီးဝန်းကျင်တိုက်ပွဲ ၆ရက်မြောက်နေ့မှာ ပိုပြင်းထန်လာပြီး ကသာမြို့မှာပိတ်မိနေတဲ့ကားတွေကို ဒီကနေ့မှာ မန္တလေးဘက်ကို ပြန်ဆင်းခိုင်းနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ကလေးငယ်အပါအဝင် ဒေသခံနဲ့ကားသမားသေဆုံးမှုတွေ ဆက်ရှိနေတယ်လို့ ‌‌‌‌‌‌လည်း ဒေသခံတွေက ပြောပါတယ်။

“ဒီမနက်မှာ ပိုပြင်းထန်ပါတယ်။လေ ကြောင်းတိုက်ခိုက်မှု တွေလည်းပိုများလာတယ်။ကသာမြို့မှာပိတ်မိ နေတဲ့ကား တွေကို ဒီနေ့ မန္တလေးဘက်ပြန်ခေါက်ခိုင်းတာ တွေရှိတယ်။မော်လူး၊ပေကုန်းဘက်က ‌‌ ကား တွေကို တော့ နန့်စီး အောင်ကို ခေါက်ခိုင်းတာနှစ်ရက် လောက်ရှိပြီ။တချို့ နေရာ တွေမှာလမ်းပိတ်ထားလို့ ကား တွေထားခဲ့ရတာ တွေလည်းရှိတယ်။ပိတ်မိ နေသူ တွေလည်း ဒီနေ့အထိရှိ နေတယ်”လို့ ကုန်ကားသမားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာနောက်ဆုံးပတ်မှာ မန္တလေးမြို့ကထွက်လာတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဘတ်တံဆိပ်ပါ စစ်တပ်ယာဉ်တန်းဟာ မော်လူးမြို့အနီးမှာ နိုဝင်ဘာ ၃ ရက်ကစတင် တိုက်ခိုက်ခံနေရတာလို့ သိရပါတယ်။

တိုက်ပွဲစတင်တဲ့ရက်ကတည်းက မော်လူး၊ပေကုန်း၊မန်ဟဲ အပါအဝင် ရွှေဘို- မြစ်ကြီးနားလမ်းတ လျှောက်ကို စစ်တပ်က လေယာဉ်တွေနဲ့ အဆက်မပြတ် ဗုံးကြဲနေသလို လက်နက်ကြီးနဲ့ ဒရုန်းတွေ ကြောင့်လည်း ပြည်သူထိခိုက်သေဆုံးတာ တွေရှိတယ်လို့ သိရပါတယ်။

မော်လူးမြို့တွင်းနဲ့ အနီးဝန်းကျင်မှာ ဗုံးနဲ့လက်နက်ကြီး ကျရောက်ကာ ကားခြံ၊ဆီခြံ တွေ မီးလောင်မှု ဖြစ်ခဲ့ပြီး ကလေးငယ်တွေအပါအဝင် အရပ်သား သေဆုံးမှုတွေရှိတယ်လို့ စုံစမ်းသိရပါတယ်။

” မော်လူး ဆေးရုံမှာ ထိခိုက်သေဆုံးရှိတယ်။ကားခြံတခုမှာ ကားထိပြီး သမီးအငယ်ဆုံးလေးဆုံးသွားတယ်။ဒဏ်ရာ တွေလည်း မော်လူး ဆေးရုံမှာပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နိုဝင်ဘာ ၄ရက်ကစတင်ကာ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေရှိနေတာဖြစ်ပြီး မော်လူးမြို့တွင်းမှာလည်း သေဆုံးသူ ၃ဦးအထက်နဲ့ ဒဏ်ရာရသူ ၁၀ဦး ထက်မနည်းရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပေကုန်းနဲ့ မန်ဟဲတို့မှာလည်း သေဆုံးထိခိုက်တာ တွေရှိနေပြီး ကားသမား ၁ဦး သေဆုံးစာရင်းသာအတည်ပြုနိုင်ပြီး ပြင်းထန်ဒဏ်ရာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရတွေလည်းရှိတယ်လို့ ခရီးသည်တွေက ပြောပါတယ်။

ရွှေဘို- မြစ်ကြီးနားလမ်း၊မန္တလေး-မြစ်ကြီးနားလမ်းပိုင်းမှာ ကွင်းလမ်းတချို့ပါ ပိတ်ထားတာ တွေရှိနေပြီး တိုက်ပွဲဧရိယာက ကျယ်တဲ့အပြင် ကောလင်းမြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေကို ယခင်လက အင်း တော်မှာတိုက်ပွဲဖြစ်ခဲ့တဲ့ တပ်မ(၃၃) စစ်ကြောင်းကပါ ဝင်ရောက်နေတာမို့ လမ်းပိုင်းအခက်အခဲ တွေပိုဖြစ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာဖက်ခြမ်းနယ်စပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာမြန်မာ့ပြည်တွင်းရေးသာဖြစ်ပြီး ထိုင်းရဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေကိုတော့ကောင်းကောင်းထိန်းချုပ်ထားနိုင်ကြောင်း ထိုင်းတော်ဝင်ကြည်းတပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ မော်လူးမြို့အကြားရှိ စစ်တပ်တပ်စခန်း ၃ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ နိုဝင်ဘာ ၇ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။