Connect with us

Hi, what are you looking for?

News

ရာဇဝတ်မှုဥပဒေများချိုးဖောက်သည့် စစ်ကောင်စီအား အရေးယူသွားမည်ဟု NUG တရားရေးဝန်ကြီး ဌာန ထုတ်ပြန်

အကြမ်းဖက် စစ်ကောင်စီ၏ ဥပဒေမဲ့လုပ်ရပ်များ၊ အင်အားအလွန်အကျွံ အသုံးပြု၍ အကြမ်းဖက် ဆောင်ရွက်မှုများနှင့် လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှုများသည် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်း ဖြစ်ကြောင်း ထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းသည့်နေ့မှစ၍ ဥပဒေမဲ့ လုပ်ဆောင် ချက်များ၏ နောက်ဆက်တွဲ ကိစ္စရပ်များ အားလုံးအတွက် အကြမ်းဖက်စစ်ကောင်စီအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

ဇွန်လ ၂၂ရက်က မန္တလေးမြို့၌ ဖြစ်ပွားခဲ့သည့် လက် နက်ကိုင် ပစ်ခတ်မှုများနှင့်ပတ်သက်၍ တရားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ရာတွင် အထက်ပါ အတိုင်း ဖော်ပြခဲ့သည်။

မန္တလေးမြို့တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းမှာ အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်စွာ ဖိနှိပ်ရက်စက်မှုများကြောင့် ဆင်းရဲဒုက္ခအမျိုးမျိုး ကျရောက်ခံစားနေကြရသော ပြည်သူလူထုအနေဖြင့် မိမိတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် ပြည်သူလူထုကိုယ်တိုင်က ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ခုနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ အကြား ဖြစ်ပွားခဲ့သော ပစ်ခတ်မှုဖြစ်ကြောင်း NUGက ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ဥပဒေမဲ့လုပ်ရပ်များ၊ အင်အားအလွန်အကျွံ အသုံးပြု၍ အကြမ်းဖက် ဆောင်ရွက်မှုများနှင့် လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှုများသည် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်း ဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အပြစ်မဲ့ပြည်သူလူထုအနေဖြင့် မိမိကိုယ်ကို ကာကွယ်ခုခံရန်အတွက် လိုအပ်လျှင် လိုအပ်သလို ပြန်လည်တုန့်ပြန် ဆောင်ရွက်ခြင်းသည် ဥပဒေက ပေးအပ်ထားသည့် ပြည်သူလူထု၏ အခွင့်အရေး ဖြစ် ကြောင်း၊ အဆိုပါကာကွယ်ခုခံပိုင်ခွင့်ကို အသုံးပြုခြင်းမှာ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း လည်းဖြစ်ကြောင်း တရားရေးဝန်ကြီး ဌာန ကြေညာချက်၌ ပါရှိသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကောင်စီ၏ ဥပဒေမဲ့ လုပ်ဆောင်ချက်များသည် ပြည်တွင်းဥပဒေများနှင့် နိုင်ငံတကာရာဇဝတ်မှု ဥပဒေများကို ချိုးဖောက်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု NUGက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။