Connect with us

Hi, what are you looking for?

News

ရာဇဝတ်မှုဥပဒေများချိုးဖောက်သည့် စစ်ကောင်စီအား အရေးယူသွားမည်ဟု NUG တရားရေးဝန်ကြီး ဌာန ထုတ်ပြန်

အကြမ်းဖက် စစ်ကောင်စီ၏ ဥပဒေမဲ့လုပ်ရပ်များ၊ အင်အားအလွန်အကျွံ အသုံးပြု၍ အကြမ်းဖက် ဆောင်ရွက်မှုများနှင့် လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှုများသည် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်း ဖြစ်ကြောင်း ထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းသည့်နေ့မှစ၍ ဥပဒေမဲ့ လုပ်ဆောင် ချက်များ၏ နောက်ဆက်တွဲ ကိစ္စရပ်များ အားလုံးအတွက် အကြမ်းဖက်စစ်ကောင်စီအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

ဇွန်လ ၂၂ရက်က မန္တလေးမြို့၌ ဖြစ်ပွားခဲ့သည့် လက် နက်ကိုင် ပစ်ခတ်မှုများနှင့်ပတ်သက်၍ တရားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ရာတွင် အထက်ပါ အတိုင်း ဖော်ပြခဲ့သည်။

မန္တလေးမြို့တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းမှာ အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်စွာ ဖိနှိပ်ရက်စက်မှုများကြောင့် ဆင်းရဲဒုက္ခအမျိုးမျိုး ကျရောက်ခံစားနေကြရသော ပြည်သူလူထုအနေဖြင့် မိမိတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် ပြည်သူလူထုကိုယ်တိုင်က ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ခုနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ အကြား ဖြစ်ပွားခဲ့သော ပစ်ခတ်မှုဖြစ်ကြောင်း NUGက ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ဥပဒေမဲ့လုပ်ရပ်များ၊ အင်အားအလွန်အကျွံ အသုံးပြု၍ အကြမ်းဖက် ဆောင်ရွက်မှုများနှင့် လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှုများသည် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်း ဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အပြစ်မဲ့ပြည်သူလူထုအနေဖြင့် မိမိကိုယ်ကို ကာကွယ်ခုခံရန်အတွက် လိုအပ်လျှင် လိုအပ်သလို ပြန်လည်တုန့်ပြန် ဆောင်ရွက်ခြင်းသည် ဥပဒေက ပေးအပ်ထားသည့် ပြည်သူလူထု၏ အခွင့်အရေး ဖြစ် ကြောင်း၊ အဆိုပါကာကွယ်ခုခံပိုင်ခွင့်ကို အသုံးပြုခြင်းမှာ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း လည်းဖြစ်ကြောင်း တရားရေးဝန်ကြီး ဌာန ကြေညာချက်၌ ပါရှိသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကောင်စီ၏ ဥပဒေမဲ့ လုပ်ဆောင်ချက်များသည် ပြည်တွင်းဥပဒေများနှင့် နိုင်ငံတကာရာဇဝတ်မှု ဥပဒေများကို ချိုးဖောက်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု NUGက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့ရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကဝိုင်းမော်မြို့၊ မုတ်လွဲရွာကို စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေသခံများနေထိုင်သည့်အိမ်​ပေါ်သို့ကျရောက် ပေါက်ကွဲခဲ့ပြီး အရပ်သားနှစ်ဦးဒဏ်ရာရခဲ့သည်။

သတင်း

မြို့မကျောင်းဆရာတော်က ပြည်သူများထွက်ခွာခွင့်ပေးရန် စစ်ကောင်စီထံတောင်းဆိုသော်လည်းထွက်ခွင့်မ​ပေး

မေးမြန်းခန်း

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်မေးမြန်းခန်း သော်မွန်/People’s Spring တော်လှန်ရေးကာလ ၄နှစ်ကျော်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား ဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်မ်ဟာ ဧပြီ ၁၇ရက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်နဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုမှာ လူချင်းတွေ့ဆုံခဲ့ပြီး...

သတင်း

ကရင်ပြည်နယ်၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ် နားက စစ်ကောင်စီတပ်ရဲ့ လေးဝေါ် (မော်ဖားသူး) တပ်စခန်းကို KNU တပ်မဟာ (၇) နဲ့ ပူးပေါင်းတပ်က ဧပြီလ ၁၈ ရက်ညနေပိုင်းမှာ စတင်ပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။