Connect with us

Hi, what are you looking for?

သတင်း

တီးတိန်မြု့နယ်မှာ ရဲတပ်သား ၁ဦး PDF ဇိုလဲန်းထံ အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတပ်သား ၁ဦး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ် PDF ဇိုလဲန်းက သတင်းထုတ်ပြန်ပါတယ်။

(အလင်းဝင်လာတဲ့ ရဲတပ်သား။ ဓာတ်ပုံ - PDF Zoland)

နိုဝင်ဘာ ၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတပ်သား ၁ဦး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ် PDF ဇိုလဲန်းက သတင်းထုတ်ပြန်ပါတယ်။

ရဲတပ်သား အောင်ဇော်မိုးဟာ နိုဝင်ဘာ ၉ရက်မှာ တီးတိန်မြို့နယ် ကနေဒီတောင် ဒေသမှာ အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာသူ ရဲတပ်သားဟာ ရန်ကုန်မြို့ ရဲတပ်ရင်း(၈)က ဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသူဟာ လက်နက်ပါလာခြင်းရှိမရှိတော့ ဖော်ပြမထားပါဘူး။

ဩဂုတ်လအတွင်းကလည်း တီးတိန်မြု့နယ်အခြေစိုက် ခလရ(၂၆၉)တပ်ရင်းက တပ်သား ၃ဦးဟာ တီးတိန်မြို့နဲ့ ကနေဒီတောင်ကြား ဗာလ်ဗုမ်လမ်းခွဲမှာ တာဝန်ထမ်းဆောင်စဉ် ထွက်ပြေးကာ PDF ဇိုလဲန်းထံ အလင်းဝင်ရောက်ခဲ့ပါတယ်။

တီးတိန်မြို့နယ်အတွင်း စစ်တပ်ကို တိုက်ခိုက်နေတဲ့ PDF ဇိုလဲန်း တပ်ဟာ ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တခုလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ ဦးခန့် ထွက်ပြေးသွားရာ ထက်ဝက်ခန့်က စစ်တပ်ထံ ပြန်လည်ရောက်ရှိသွားပြီး ၂၀ဦးခန့်ကို ပြန်ဖမ်းမိထားကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် စစ်တပ်ရဲ့ ခလရ(၂၆၉) တပ်ရင်းက တပ်သား ၃ဦး အလင်းဝင်လာကြောင်း PDF ဇိုလဲန်း တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ PDF ဇိုလဲန်း တပ်ဖွဲ့ဝင်တွေ စစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဘူးလို့ PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။